Latest News

Thursday, December 28, 2017

ညောင်လေးပင်မြို့၌ တရားမဝင်ပျဉ်းကတိုးခွဲသားသုံးတန်ခန့်ဖမ်းမိ

ညောင်လေးပင်မြို့၌ တရားမဝင်ပျဉ်းကတိုးခွဲသားသုံးတန်ခန့်ဖမ်းမိ

ညောင်လေးပင်    ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မြို့မ( ၅)ရပ်ကွက်  ရန်ကုန်-မန္တလေး ကားလမ်းဘေး   စိန်သဇင် စက်သုံးဆီ ဆိုင်အနီး  ဒီဇင်ဘာ ၂၇ရက်နေ့ ည ၉နာရီက ရပ်ထားသော ကားပေါ်၌ တရားမဝင်ပျဉ်းကတိုးခွဲသားဆိုက်စုံ သုံးတန်ခန့်ဖမ်းဆီးရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာ တရားမဝင်သစ်များသယ်ဆောင်လာကြောင်းသတင်းအရ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာန မှူးဦးသူရအောင် ဦးဆောင်သော ဝန်ထမ်းအဖွဲ့၊ မြို့မ ၅ အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူးများနှင့်အတူ ကားရပ်ထားစဉ် သွားရောက်စစ်ဆေးရာ ယာဉ်မောင်းဦးမျိုးလွင် မောင်းနှင်လာသော FOTON အမျိုးအစား 5E/ - -----  ၆ဘီး အဖြူရောင်ယာဉ်ပေါ်၌  ပျဉ်းကတိုးခွဲသားဆိုက်စုံ ၄၉၅ချောင်း၊ ၂.၉၇၂၀ တန်၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ၁၇၈၃၂၀၀ ကျပ် သိမ်းဆည်း ရမိခဲ့ကြောင်း တောအုပ် ဦးအောင်လှမိုးကပြောသည်။
ရဲမြန်မာ(ညောင်လေးပင်)

No comments:

Post a Comment