Latest News

Saturday, December 23, 2017

ခရစ်တော်မွေးနေ့ အကြို ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ နိုင်ငံတော်သမ္မတ နှင့် ဇနီး တက်ရောက်

ခရစ်တော်မွေးနေ့ အကြို ဝတ်ပြု ဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲသို့ နိုင်ငံတော်သမ္မတ နှင့် ဇနီး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၃

ခရစ်တော်မွေးနေ့ (ခရစ္စမတ်)အကြို ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်ကြသည်။

မိတ်ဆုံစားပွဲသို့ တက်ရောက် လာကြသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်တို့ မိသားစုက ကြိုဆိုနှုတ်ဆက် ကြပြီး ခရစ္စမတ် ဆုမွန်ကောင်းများ တောင်းပေးကြသည်။

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) အကြို ဝတ်ပြုဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခရစ္စမတ် နှုတ်ဆက်စကား ပြောကြားပြီး အခမ်းအနား သို့တက်ရောက် လာကြသူများနှင့်အတူ ခရစ်တော်မွေးနေ့ မိတ်သဟာယ နံနက်စာကို အတူတကွ သုံး ဆောင်သည်။ မိတ်ဆုံစားပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) အကြို ဝတ်ပြုဆု တောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားတွင် သိက္ခာတော်ရ ဆရာများက ခရစ္စမတ်ဒေသနာ တော်ဟောကြားခြင်း၊ သမ္မာကျမ်းစာ ဖတ်ကြားခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်း၊ ဓမ္မတေးများ သီဆိုချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Ref;  The President Office

No comments:

Post a Comment