ဂိုးပြတ်ဖြင့် အနိုင်ရ
စပိန်လာလီဂါ ပွဲစဉ်(၁၇)တွင် အယ်ကလက်ဆီကိုပွဲတစ်ပွဲဖြစ်သည့် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက သုံးဂိုး ပြတ်ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာအသင်းကို အိမ်ရှင် အားသာချက်ဖြင့် ပထမပိုင်း ၄၅ မိနစ်တွင် အသာစီးရယူနိုင်ခဲ့သော်လည်း ဂိုးသွင်း ယူနိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယပိုင်း ၅၄ မိနစ်တွင် ဘာစီလိုနာအသင်းအတွက် ဆွာရက်ဇ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ ၆၃ မိနစ်တွင် ရီးယဲလ်မက်ဒရစ် နောက်တန်းကစားသမား ကာဗာဂျယ်က ပင်နယ်တီဧရိယာထဲတွင် လက်ဖြင့် ပုတ်ခဲ့ သဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ရရှိလာသည့် ပင်နယ်တီကို မက်ဆီ က ဒုတိယဂိုးအဖြစ် သွင်းယူပေးခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဂါရတ်ဘေးလ်၊ အဆန်စီယိုတို့ကို လူစားလဲထည့်သွင်းကာ ချေပဂိုးများရရှိရန် ကြိုးစား ခဲ့သော်လည်း ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ဘဲ ဘာစီလိုနာအသင်းကပင် ပွဲချိန်မိနစ် ၉ဝ တွင် အဲလစ်ဗီဒယ်က တတိယဂိုး ထပ်မံသွင်းယူပေးခဲ့သည်။ လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းသည် စပိန်လာလီဂါ ပွဲစဉ် ၁၇ ပွဲကစားပြီး ရမှတ် ၄၅ မှတ်ဖြင့် ရှုံးပွဲမရှိခဲ့ဘဲ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ၌ ရပ်တည်နေကာ ရီးယဲလ်မက်ဒရစ် အသင်းကို ၁၄ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။
Ref; The Mirror Daily
No comments:
Post a Comment