Latest News

Thursday, December 21, 2017

သတိပေးနှိုးဆော်ချက်

သတိပေးနှိုးဆော်ချက်


ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂိုဏ်းပေါင်းစုံ  သံဃာတော်အပါး ၁၈ဝဝဝ တို့ဖြင့်  ဗုဒ္ဓါဘိသေက အနေကဇာတင်   မဟာမင်္ဂလာနှင့်   ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ၌   ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားမကျင်းပမီ  ၃၁-၁၂-၂ဝ၁၇ ရက်နေ့ ညနေ ၄ နာရီမှ ၁-၁-၂ဝ၁၈ ရက်နေ့ အခမ်းအနားပြီးစီးသည်အထိ   ဦးဝိစာရ လမ်းအား ဦးဝိစာရလမ်းနှင့်    ဓမ္မစေတီလမ်းဆုံမှ    မော်ကွန်းတိုက်လမ်းဆုံထိ  လည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရလမ်းဆုံမှ   လင့်လမ်းထိ လည်း ကောင်း၊ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်း/သစ်မှ ဦးဝိစာရနှင့် အာဇာနည်လမ်းဆုံထိ လည်းကောင်း၊ ရေတာရှည်လမ်းဟောင်း/ သစ်အား  အနောက်ရွှေဂုံတိုင်လမ်းမှ  ဦးထောင်ဘိုလမ်းထိ   လည်းကောင်း၊ ကြားတောရလမ်းအား က္ဘာအေးစေတီလမ်းမှ ရွှေတိဂုံအရှေ့မုခ်ထိ လည်း ကောင်း၊  ဦးထောင်ဘိုလမ်းအား ဗဟန်းအဝိုင်းမှ ဦးဝိစာရအဝိုင်းထိ လည်း ကောင်း၊   ရွှေတိဂုံဘုရားလမ်းအား ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ  ပန်တျာ လမ်းထိ လည်းကောင်း၊ မြို့မကျောင်းလမ်းအား အလုံလမ်းမှ   မော်ကွန်းတိုက် လမ်းထိ လည်းကောင်း၊  အလုံလမ်းအား  ပြည်လမ်းမှ    ဦးဝိစာရအဝိုင်းထိ လည်းကောင်း၊   အာဇာနည်လမ်းအား     ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ အနောက်ရွှေဂုံတိုင်လမ်းနှင့်   ဦးဝိစာရလမ်းဆုံထိ လည်းကောင်း ခေတ္တလမ်း ပိတ်၊ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သဖြင့်    အခြားသင့်လျော်သည့် လမ်း များမှ မောင်းနှင်သွားလာခြင်းဖြင့်  ကုသိုလ်ယူကြပါရန် သတိပေးနှိုးဆော်အပ် ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ

No comments:

Post a Comment