ရန်ကုန်- ဒလ ကူးသန်းသော ခရီးသည်တင် စက်တပ်သမ္ဗန်တစ်စင်း နစ်မြုပ်ခရီးသည်အများစုကို ကယ်တင်နိုင်ခဲ့သော်လည်း သုံးဦး ပျောက်ဆုံးေ
န
ရန်ကုန် ဒီဇင်ဘာ ၂ဝ
ရန်ကုန်တစ်ဖက်ကမ်း ဒလနှင့် ရန်ကုန် ပြေးဆွဲပေးလျက်ရှိသော ခရီးသည်တင် စက်တပ်သမ္ဗန်တစ်စင်းသည် ယနေ့ နံနက် ၄ နာရီခွဲ ဝန်းကျင်တွင် ဒလမြို့ ကမာကဆစ်ဆိပ်ကမ်းမှ ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းသို့ ခရီးသည်များ တင်ဆောင် မောင်းနှင်လာစဉ် ရန်ကုန် မြစ်အတွင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကမာကဆစ်ဆိပ်မှ စဥ့်အိုးတန်း ဆိပ်ကမ်းသို့ ဇင်မင်းသူ မောင်းနှင်သည့် မြင့်မြတ်သဇင် စက်တပ်သမ္ဗန်သည် စဥ့်အိုးတန်းဆိပ်ကမ်းမှ ပေ ၂ဝဝ ခန့် အကွာ အရောက်တွင် ရေအောက်ပန်ကာ ကို ဒိုက်မှော်များပတ်၍ စက်ရပ်သွားပြီး အနီးဝန်းကျင်၌ ရပ်နားထားသော တွဲ သင်္ဘောတစ်စင်း၏ ထိပ်ဦးအောက်သို့ ဝင်ရောက် နစ်မြုပ်သွားကြောင်း သိရသည်။
အဆိုပါ စက်တပ်သမ္ဗန်ပေါ်တွင် ဒလမြို့ ကမာကဆစ်ဘက်ကမ်းမှ စက်တပ်သမ္ဗန်မောင်း အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၄ ဦး လိုက်ပါလာသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနီးဝန်းကျင် စဥ့်အိုးတန်းဆိပ်ကမ်းမှ စက်လှေ အများစုမှ လိုက်လံ ဝိုင်းဝန်းကူညီ ခဲ့သဖြင့် လိုက်ပါလာသော ခရီးသည်များ ထဲမှ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး နှစ်ဦးကို အသက်ရှင်လျက် ကယ်တင် လိုက်နိုင်ခဲ့ပြီး ခရီးသည် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် စက်တပ် သမ္ဗန်မောင်းတို့ကို ညနေပိုင်းအထိ ရှာဖွေမတွေ့ရှိဘဲ ပျောက်ဆုံးလျက်ရှိ ကြောင်း သိရသည်။
''အခင်းဖြစ်ပွားပြီး သိပ်မကြာပါဘူး၊ ကျွန်တော် ရဲအဖွဲ့နဲ့ အနီးဝန်းကျင် စဥ့်အိုးတန်း ဆိပ်ကမ်းက စက်လှေမောင်း တဲ့သူတွေ လိုက်လံရှာဖွေပါသေးတယ်၊ သင်္ဘောတွေ အောက်ဘက်ရော၊ ဘေး ဘက်တွေရောပေါ့၊ မြုပ်သွားတာကတော့ အနီးဝန်းကျင်မှာ ရပ်နားထားတဲ့ အစွန်ဆုံး လှေကြားထဲ ဝင်သွားတာပါ၊ ခုချိန်ထိတော့ ရေငုပ်ကျွမ်းကျင်တဲ့သူတွေ လိုက်ရှာနေပေမယ့် ခရီးသည် နှစ်ဦးနဲ့ စက်လှေမောင်းတို့ကို ရှာမတွေ့သေးပါ ဘူး'' ဟု ရန်ကုန်မြို့ ဆိပ်ကမ်းမြို့မ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ကျော်စိုးမိုးက ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သော မြင့်မြတ်သဇင် စက်တပ်သမ္ဗန်တွင် အသက်ကယ်အင်္ကျီ ပါသော်လည်း ခရီးသည်များမှာ အသက် ကယ် အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိ ကြောင်း သိရသည်။
ဒလမြို့နှင့် ရန်ကုန် မြို့သို့ နေ့၊ ည မပြတ် ကူးလူးသွားလာလျက်ရှိသော ပြည်သူများမှာ ချယ်ရီသင်္ဘောများ လိုက်ပါစီးနင်းသူများ ရှိသကဲ့သို့ ယခုကဲ့သို့ စက်တပ်သမ္ဗန်များဖြင့်လည်း လိုက်ပါစီးနင်းသူ များပြားလျက်ရှိကာ စက်တပ်သမ္ဗာန်များ တိမ်းမှောက်မှုမှာ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- သန်းဌေး(ဒလ)
Thursday, December 21, 2017
ရန်ကုန်- ဒလ ကူးသန်းသော ခရီးသည်တင် စက်တပ်သမ္ဗန်တစ်စင်း နစ်မြုပ်ခရီးသည်အများစုကို ကယ်တင်နိုင်ခဲ့သော်လည်း သုံးဦး ပျောက်ဆုံးနေ
ရန်ကုန်- ဒလ ကူးသန်းသော ခရီးသည်တင် စက်တပ်သမ္ဗန်တစ်စင်း နစ်မြုပ်ခရီးသည်အများစုကို ကယ်တင်နိုင်ခဲ့သော်လည်း သုံးဦး ပျောက်ဆုံးနေ
Reviewed by Ar Ti
on
7:01 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment