Latest News

Thursday, December 21, 2017

ခရစ်တော်မွေးနေ့တော် (ခရစ္စမတ်)အကြို ဝတ်ပြုခြင်းနှင့် ညစာစားပွဲကျင်းပ

ခရစ်တော်မွေးနေ့တော် (ခရစ္စမတ်)အကြို ဝတ်ပြုခြင်းနှင့် ညစာစားပွဲကျင်းပ

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာနှင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီတို့က   ကြီးမှူး ကျင်းပသည့်     ခရစ်တော်မွေးနေ့တော်(ခရစ္စမတ်) အကြိုဝတ်ပြုခြင်းနှင့် ညစာစားပွဲကို ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရား လမ်းရှိ မက်သဒစ်(အင်္ဂလိပ်) အသင်းတော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး  ခရစ္စမတ်နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

 ခရစ်တော်မွေးနေ့တော်(ခရစ္စမတ်)     အကြို ဝတ်ပြုခြင်းတွင် ပလ္လင်တော်စွန့်ခြင်းကျူး ဓမ္မတေးသီချင်း ကို သီဆိုကြပြီး မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ ဗဟိုကော်မတီဝင် မေဂျာနေလင်းထွန်းက ပဏာမ ဆုတောင်းခြင်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာ မန်းပါမာစတန်က မိတ်ဆက်စကားပြောကြားခြင်း၊ မက်သဒစ် အင်္ဂလိပ်အသင်းတော် ဂိုဏ်းအုပ်ဆရာတော် သိက္ခာတော်ရ ဆရာ ဦးတေဇဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ခြင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ ဆရာဦးစောပက်ထရစ်လူနီက ကျေးဇူးတင်စကား ပြောကြားခြင်းများ ဆောင်ရွက်သည်။

ဆက်လက်၍ အောက်မြန်မာပြည် မက်သဒစ်အသင်း တော်မှ ဓမ္မသံစုံကျူးဧချင်း သီဆိုကြပြီး မြန်မာနိုင်ငံခရစ် ယာန် အသင်းတော်များကောင်စီ ဗဟိုကော်မတီဝင် သိက္ခာတော်ရ ဒေါက်တာ ရန်ခိုပေါင်က နိုင်ငံတော်အကြီး အကဲများနှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူများ အားလုံးအတွက်  အထူးဆုတောင်းမေတ္တာပို့သပေးခဲ့ပြီး  မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ  ဝန်ထမ်း များက ဓမ္မသံစုံကျူးဧချင်းဖြင့် သီဆိုကြသည်။

ထို့နောက် သိက္ခာတော်ရဆရာဦးမာကာ၊ သိက္ခာ တော်ရဆရာမ ဆိုင်းမိုင်၊Fr.Jerome ဝင်းရွှေကြည်တို့က သမ္မာကျမ်းစာကို ဖတ်ကြားပြီး ရန်ကုန်ကက်သလစ် သာသနာ လက်ထောက်ဆရာတော်ကြီး   ဆရာတော် ဂျွန်စောယောဟန်က ခရစ္စမတ်ဒေသနာကို   ရွတ်ဆို ဖတ်ကြားသည်။

ယင်းနောက် ''ယေရှုကြွလာတော်မူကျူး'' ဓမ္မသီချင်း ကို တက်ရောက်လာသူများက သံပြိုင်ရွတ်ဆိုကြပြီး မြန်မာ နိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ ဒုတိယဥက္ကဋ္ဌ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးလူအေးက ကောင်းချီးမင်္ဂလာ ရွတ်ဆိုသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး များ၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာနှင့် မြန်မာ နိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီမှ တာဝန်ရှိသူ များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပြီး တက်ရောက်လာသူများအား     ခရစ္စမတ် လက်ဆောင်များ ပေးအပ်ကာ  ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

သီသီမင်း

No comments:

Post a Comment