Latest News

Thursday, December 21, 2017

ရေပူစစ်ဆေးရေးဂိတ်၌ တရားမ၀င်သစ်များ သယ်ဆောင်လာသည့် ယာဉ်အား ဖမ်းဆီးရမိ

ရေပူစစ်ဆေးရေးဂိတ်၌ တရားမ၀င်သစ်များ သယ်ဆောင်လာသည့် ယာဉ်အား ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးနေစဉ် ယနေ့နံနက် ၁၀ နာရီခန့်တွင် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း ဦးမောင်ဟန်(ဘ)ဦးတင်မောင် မောင်းနှင်လာသည့် အားသစ်ခရီးသည်တင်ယာဉ်အမှတ်၊ MDY 5H/----- အမျိုးအစား မှန်လုံယာဉ်အား  ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်တင်ဆောင်လာသော ပိတောက်ဓားရွေတုံးဆိုဒ်စုံ ၂၆ တုံး(ခန့်မှန်း ၂ တန်ခန့်)အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူနှင့်ယာဉ်အား သိန်းနီမြို့နယ်ရဲစခန်းနှင့် တရားမ၀င်သစ်များအား လားရှိုးမြို့နယ် သစ်တောဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Ref; The Mirror Daily

No comments:

Post a Comment