Latest News

Thursday, December 21, 2017

ပုသိမ်မြို့ သောက်သုံးရေပေးဝေရေး စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

ပုသိမ်မြို့ သောက်သုံးရေပေးဝေရေး စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

ပုသိမ်   ဒီဇင်ဘာ   ၂၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဂျပန်နိုင်ငံ ချေးငွေဖြင့် ဆောင်ရွက်မည့် ပုသိမ်မြို့သောက်သုံးရေပေးဝေရေးစီမံကိန်းနှင့်ပတ်သက်၍ လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်နစ်နာမှုများနှင့် စီမံခန့်ခွဲသွားမည့် နည်းလမ်းများအား ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခြင်းနှင့် သဘောထားအမြင်များ ဆွေးနွေးဖလှယ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က အဖွင်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က JICA ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း အကြောင်းကို လည်းကောင်း၊ JICA ကျွမ်းကျင်ပညာရှင် အဖွဲ့ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင် -Mr.Kenji YOSHIDA.  နှင့် JICA ကျွမ်းကျင်ပညာရှင်အဖွဲ့မှ ဦးဟိန်းထက်လင်းက ရေသန့်စင်မှုစနစ် နှင့် ရေပေးဝေရေးအတွက် လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ MY-P. 17 စီမံကိန်း၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးဘိုဘိုဟန်က ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့သည်။
၎င်းနောက်ဖျာပုံမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဦး ကဖျာပုံမြို့နယ် ရေပေးဝေနေမှုကို ရှင်းလင်းပြောကြားပြီး၊ ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကျေးဇူးတင်စကားပြောကြားကာ အခန်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယခုအခန်းအနားကို သက်ဆိုင်ရာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသို့ စီမံကိန်း၏ ထိခိုက် သက်ရောက်နိုင်မှု (ကောင်းကျိုး+ဆိုးကျိုး) များအား အသိပေး တင်ပြရန်၊ စီမံကိန်း အစီအစဉ်များနှင့် ပတ်သက်၍ ၎င်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ စီမံကိန်းအပေါ် ထားရှိသည့် သဘောထားအမြင်များ၊ တန်ဖိုးထားရှိမှုများနှင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဤအခမ်းအနားမှတဆင့် သိရှိနားလည်နိုင်ရန်၊ ဒေသခံပြည်သူများထံမှ အသိအမြင် ဗဟုသုတများကို ထိတွေ့သိရှိနိုင်ရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ဆိုင်ရာ ကဏ္ဍများတိုးမြှင့်စေရန်၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ အငြင်းပွားမှုများနှင့် ပဋိပက္ခများလျော့နည်းစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ပြီး၊ ပုသိမ်မြို့နေပြည်သူများအတွက် သန့်ရှင်းစိတ်ချရသော သောက်သုံးရေများ ပေးဝေနိုင်ရေး၊ ပုသိမ်မြို့အတွက် တိုးပွားလာသော လူဦးရေနှင့်အညီ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာဖြန့်ဖြူပေးနိုင်ရန်၊ ရေထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ရေခွန်ရရှိမှု အကြား ပြည်သူများ စိတ်ကျေနပ်မှု ရရှိစေရန်နှင့် ထာဝစဉ် တည်တံ့ခိုင်မာသော ရေပေးဝေရေး စနစ်တခု ဖော်ဆောင်သွားနိုင်ရန် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ တိုင်းအဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စည်ပင် အထောက်အကူပြုအဖွဲ့များ၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့် ( ပြန်/ ဆက်)

No comments:

Post a Comment