ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌ မှ ၎င်းတို့အား ရက်ပေါင်း ၃၀ အကြာ အခြေအနေများကို ပြန်လည် အစီရင်ခံရန် ဆိုသည့် အစည်းအဝေး ယနေ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
လူအများ အား အထိတ်တလန့် ဖြစ်စေရန် ဖွခဲ့သော R2P ဆိုသည့် စကားလည်း တလုံးမျှ မပါဝင်ပဲ ဒုက္ခ
သည်များ နေရပ်သို့ လုံခြုံစိတ်ချစွာ နှင့် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး အတွက် အကြမ်းဖက်မှု ကျုးလွန်သူများကို အရေးယူရေး နှင့် လူတန်းစား မခွဲခြားသော တရားဥပဒေ စိုးမိုးမှု ရှိရေး အား ကုလ သမဂ္ဂ နိုင်ငံရေးရာ လက်ထောက်ညွှန်ကြားရေးမှုးချုပ် ဂျက်ဖရီ ဖဲလ်မင်းက တောင်းဆို လိုက်ပါတယ်။
(ပုံတွင် တွေ့ရစဉ်)
ထို့အပြင် ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို ကုလ ရဲ့ ကျွမ်းကျင်မှု အကူအညီများ ရယူဆောင်ရွက်ဖို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန် ခန့်အပ်ဖို့
တောင်းဆိုမယ့် ဆုံးဖြတ်ချက်ကို အတည်ပြုဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ထိုအစည်းအဝေးကို ပဋိပက္ခများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆိုင်ရာ အတွင်းရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စက် ပရာမီလာ ပက်တန် လည်း တက်ရောက်ခဲ့ပါတယ်။ သူမ တွေ့ခဲ့ရသော အမျိုးသမီးတိုင်း လိုလိုက ၎င်းတို့အပေါ် ရက်စက်လှစွာ အဓမ္မ ကျင့်မှုများကို အသေးစိတ် ပြောသွားခဲ့တယ်လို့ ဆိုပါတယ်။ ယင်းသို့ ကျုးလွန်ကြခြင်းသည် ကြောက်လန့်တကြားနှင့် ထွက်ပြေးအောင် Push factor
အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။
အချုပ်အားဖြင့်တော့ ကုလ အကူအညီယူရေး နဲ့ ဒုက္ခသည်များ ဘေးရန် ကင်းရှင်းစွာ ပြန်လာနိုင်ရေး
အတွက် ပြောဆိုမှုများနဲ့ အဆုံးသတ် သွားခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ ဒုက္ခသည်များ ပြန်ပို့ရေး စာချုပ် ချုပ်ဆိုနို်င်ခဲ့ခြင်းကြောင့် ယခုအချိန်တွင် ပြောစရာ စကား ရှာမရ အောင် ဖြစ်သွားခဲ့ရပြီး အချို့က ပြန်လည် စာချုပ်ချုပ်ဖို့ကို ထည့်ပြောဆိုလာမှုတွေ ရှိနေပါတယ်။
လှစိုးဝေ
ကိုးကား၊ ။ UN News Center
Wednesday, December 13, 2017
ရက် ၃၀ ကြာ စောင့်ခဲ့ရသော ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေး ပြီးစီး
ရက် ၃၀ ကြာ စောင့်ခဲ့ရသော ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေး ပြီးစီး
Reviewed by timeayeyar
on
3:14 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment