အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေး
ကားမောင်းပြိုင်ပွဲမှ ကားတစ်စီး ဘားအံမြို့၌ ယာဉ်တိုက်မှုဖြစ်
ဘားအံ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ် မြဝတီ-ဘားအံ ကားလမ်းအတိုင်း မြဝတီဘက်မှ အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲတွင်ပါဝင်သော ယာဉ်အစီး၂ဝ သည် ယာဉ် တန်းဖြင့် မောင်းနှင်လာစဉ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာအရောက်တွင် ပြိုင်ပွဲ ဝင်နံပါတ် ၁၂ ယာဉ်မောင်း အိန္ဒိယနိုင်ငံသား မောင်းနှင်သည့် ယာဉ်နှင့် ဘားအံဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသည့် နစ်ဆန်း ခြောက်ဘီးယာဉ်တို့သည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ပွတ်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြိုင်ပွဲဝင်နံပါတ် ၁၂ တပ်ဆင်ထားပြီး ယာဉ်မောင်း အိန္ဒိယနိုင်ငံသား GONCHEN မောင်းနှင်သည့် စတေရှင်ဝက်ဂွန်းယာဉ်နှင့် ဘားအံဘက်မှ မြဝတီ ဘက်သို့ ကိုပြည့်ပိုင်ဦး (၂၁နှစ်) လယ်ဝေးမြို့နေသူ မောင်းနှင်သည့် ဝက်ဂွန်းယာဉ်တို့ ပွတ်တိုက်မိ၍ ယာဉ်မှာဆက်လက်မောင်းနှင်၍ မရတော့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ပျက်စီးသွားသည့် ယာဉ်အား ကရိန်းယာဉ်ဖြင့် တင်ဆောင်ကာ ကျိုက်ထိုတွင် တည်းခိုစဉ် ဆက်လက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နေမျိုးလွင်(ပြန်/ဆက်)
Wednesday, December 13, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment