Latest News

Tuesday, December 26, 2017

အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော မိုင်းဟောင်းတစ်လုံး ပေါက်ကွဲ၍ ကျောင်းသားတစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရရှိ

အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော မိုင်းဟောင်းတစ်လုံး ပေါက်ကွဲ၍ ကျောင်းသားတစ်ဦး သေဆုံး၊ လေးဦးဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးပေါ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသားများ ဖြစ်သည့် မောင်အောင်လင်းထွန်း (တတိယတန်း) အပါအဝင် ကျောင်းသား ငါးဦးသည် ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် ကျောင်းဆင်း၍ ဟိုနားကျေးရွာနှင့် ဝါးရုံကျေးရွာတို့ရှိ ၎င်းတို့၏ နေအိမ်သို့ ပြန်လာစဉ် မုံးပေါ်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၉ဝဝ ခန့်အကွာ နေရာသို့အရောက် လမ်းဘေး မီတာ ၂ဝ ခန့်အကွာ၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းဟောင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ မောင်အောင်လင်းထွန်းသည် မိုင်းစထိမှန် ဒဏ်ရာများ ရရှိသေဆုံးခဲ့သည်။

၎င်းနှင့်အတူ ပြန်လာသော ကျောင်းသား လေးဦးဖြစ်သည့် မောင်ခိုင်လင်းထွန်း၊ မောင်အိုက်ထွန်း၊ မောင်အိုက်အုံးနှင့် မောင်တန်မိုင်တို့သည် မိုင်းစထိမှန် ဒဏ်ရာများရရှိပြီး မူဆယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါး ကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။(MWD)


No comments:

Post a Comment