Latest News

Monday, December 18, 2017

ရထားလမ်းကူးအား ဖြတ်မောင်းလာသည့် ထော်လာဂျီနှင့် အစုန်ရထား တိုက်မိပြီး အဆန်ရထားနှင့် ထပ်မံချိတ်ဆွဲမှု ဖြစ်ပွား

ရထားလမ်းကူးအား ဖြတ်မောင်းလာသည့် ထော်လာဂျီနှင့် အစုန်ရထား တိုက်မိပြီး အဆန်ရထားနှင့် ထပ်မံချိတ်ဆွဲမှု ဖြစ်ပွား

မိုးညှင်း ဒီဇင်ဘာ  ၁၇
ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်  နမ္မား ကျေးရွာတွင်  ဒီဇင်ဘာ  ၁၇  ရက်က တရားမဝင်       ရထားလမ်းကူးအား ဖြတ်မောင်းလာသည့်   ထော်လာဂျီနှင့် မြစ်ကြီးနားဘက်မှ မောင်းနှင်လာသော အစုန်ရထား တိုက်မိချိတ်ပါပြီး ဘူတာ၌ ရပ်တန့်ထားသော    အဆန်ရထားကို ထပ်မံချိတ်ဆွဲမှု   ဖြစ်ပွားခဲ့၍   အမျိုးသား နှစ်ဦးနှင့်  အမျိုးသမီးတစ်ဦး  ဒဏ်ရာရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ  မြစ်ကြီးနားမှ  မ္တလေး ဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းကိုကို မောင်းနှင်လာသည့် အမှတ်(၄၂)အစုန် ဒုတိယအမြန်ရထားသည်         မိုးညှင်း  မြို့နယ်  နမ္မားဘူတာသို့အဝင်  မီးရထား  မိုင်တိုင်အမှတ် (၆၄၁/၂၄ နှင့် ၆၄၁/ ၂၃)အရောက်တွင်    တရားမဝင်ရထား လမ်းကူးအား    ဖြတ်မောင်းလာသည့် ယာဉ်မောင်း ပိုင်ငြိမ်းဦး နမ္မားကျေးရွာ အုပ်စု  နမ်းခမ်းကျေးရွာ၊  ယာဉ်နောက် လိုက်  နိုင်စိုးဦးနှင့်  မသဲစုနွေးတို့ စီးနင်း လိုက်ပါလာသော      ထော်လာဂျီနှင့် တိုက်မိပြီး  ချိတ်ပါလာရာမှ  ဘူတာတွင်   ရပ်တန့်ထားသည့်     အမှတ်(၄၉)အဆန်   နဘား-မြစ်ကြီးနား ခေါက်ပြန်ရထားအား ထပ်မံချိတ်မိကာ     ရထားနှစ်စီးကြားတွင် ထော်လာဂျီမှာ  ညှပ်မိခဲ့ကြောင်း  သိရ သည်။
ဖြစ်စဉ်ကြောင့်      ယာဉ်မောင်း ပိုင်ငြိမ်းဦး၊  နိုင်စိုးဦး၊  မသဲစုနွေးတို့မှာ ပွန်းပဲ့ဒဏ်ရာရရှိ၍    နမ္မားတိုက်နယ် ဆေးရုံသို့      ပို့ဆောင်ကုသမှုခံယူပြီး အမှတ်(၄၂)  အစုန်   ရထားစက်ခေါင်း ပျက်စီးခဲ့သည်။
ဖြစ်စဉ်ကြောင့်    တရားမဝင်ရထား လမ်းကူးဖြတ်မောင်းသူ   ပိုင်ငြိမ်းဦးအား ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။                   ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment