Latest News

Sunday, December 17, 2017

အဖြူရောင်မြို့(အဖျောက်)



အဖျောက်တဲ့ အဖြူထည်သက်သက်ပါ~~
သူ့မှာ မာန်မာနတွေမရှိဘူး ဟန်ဆောင်မူ့တွေမရှိဘူး~~
ဧရာဝတီမြစ်ကြီးကို ခါးစောင်းတင်ပြီး
ညစ်ညမ်းမူ့မှန်သမျှကို အမြဲဆေးကြောတယ်~~

ဘာရယ်တော့မဟုတ်ပါဘူး
ငါတို့ရဲ့ကမ္ဘာကြီးတစ်ခုပေါ့~~

မသိရင်မှတ်ထားနော်..အဖျောက်မှာ~~
ကမ္ဘာ့အကြီးဆုံးစာရင်းဝင်တဲ့ စာအုပ်ကြီးလည်းရှိတယ်~~

သစ်ဝါး(လုံးဝ)မပါတဲ့ မဟာသံတန်ဆောင်းတော်ကြီးလည်းရှိတယ်~~

ရှေ့ဟောင်းအမွှေအနှစ် အင်းဝကျောင်းတော်ကြီးလည်းရှိတယ်~~

မြို့ကိုဝန်းရံထားတဲ့ ရေကာတာကြီးလည်းရှိတယ်~~

နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းအားထားရတဲ့
စပါးကျီကြီးလည်း ရှိတယ်~~

မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းကြီးလည်းရှိတယ်~~

စိမ်းလန်းတဲ့လယ်ကွင်းပြင်တွေလည်းရှိတယ်~~
ကောက်စိုက်သမလေးတွေ သီချင်းသံတွေလည်းရှိတယ်~~

ငါရဲ့ မိသားစုတွေလည်းရှိတယ်~~
ငါချစ်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်~~

ငါတို့ရဲ့ဂစ်တာသံတွေကို နားထောင်ပေးတဲ့
လှပျိုဖြူလေးတွေလည်း ရှိတယ်~~

သူ့ရင်ထဲက ထွက်ခွာသွားရင် စိတ်မကောင်းစွာနဲ့
ငေးကြည့်နေတက်တဲ့ မြို့အဝင်ဆိုင်းဘုတ်ကြီးလည်းရှိတယ်~~

အဲ့ဒါ....ငါအရမ်းချစ်တဲ့
ငါတို့ရဲ့အဖျောက်မြို့လေးပေါ့~~~~~~

💓ရတုသစ်💓(Zayar Htet)



No comments:

Post a Comment