Latest News

Thursday, December 28, 2017

သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဦးဆောင်သော သီတသာသနာပြုအဖွဲ့က ရခိုင်​​ဒေသသို့ လှုဒါန်းမှု

သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ  ဉာဏိဿရ ဦးဆောင်သော သီတသာသနာပြုအဖွဲ့က ရခိုင်​​ဒေသသို့ လှုဒါန်းမှု

စစ်တွေ        ဒီဇင်ဘာ    ၂၇

သီတဂူ  ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏  အဓိပတိ၊  အဘိဓဇ မဟာရဋ္ဌဂုရု ၊ တွဲဖက် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဒေါက်တာ   ဘဒ္ဒန္တ ဉာဏိဿရ   ဦးဆောင်သော   သီတဂူ    အပြည်ပြည်ဆိုင်ရာ   သာသနာပြုအဖွဲ့သည် ယနေ့  နံနက် ပိုင်းတွင်   ရသေ့တောင်မြို့နယ်ရှိ ပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည် ထူထောင်ရေးတို့အတွက် လူနာတင်ယာဉ် တစ်စီး၊ အဝတ်အထည်များနှင့် ထောက်ပံ့ ငွေကျပ် သိန်း ၁ဝဝဝ ပေးအပ် လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်ရှိ ပြည်သူများ ကျန်းမာ ရေး၊ ပညာရေးနှင့်  ပြန်လည်ထူထောင်ရေးတို့အတွက် လူနာ တင်ယာဉ်တစ်စီး၊  အဝတ်အထည်များနှင့် ထောက်ပံ့ငွေကျပ်  သိန်း ၁ဝဝဝ ပေးအပ်လှူဒါန်းရာ   မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက်   သီတဂူဆရာတော် ဦးဆောင်သော   သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့သည် မောင်တောမြို့   ပြည်သူ့ဆေးရုံကြီးအတွင်း  ခွဲစိတ်ခန်း   အဆောက်အအုံကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့်     ပြန်လည်ထူထောင်ရေးတို့အတွက်   လူနာတင်ယာဉ်  တစ်စီး၊ အဝတ်အထည်များနှင့်  ထောက်ပံ့ငွေ  ကျပ်   သိန်း ၁ဝဝဝ   ပေးအပ်  လှူဒါန်းကြရာ     မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံကြသည်။

အဆိုပါ  ခရီးစဉ်တွင်  သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ ဦးကောဝိဒ၊   ဒေါက်တာသေဋ္ဌိလ၊  ဦးပဏ္ဍိစ္စ၊  ရခိုင် ပြည်နယ်လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး ဖုန်းတင့်၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန    ညွှန်ကြား ရေးမှူးချုပ်  ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလာကြောင်း သိရသည်။
                                              ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment