Latest News

Thursday, December 28, 2017

ဦးပိန်တံတားနှင့် တောင်သမန်အင်း၌ LEDမီးလုံး သန်း ၈ဝ ကျော်ဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များ ထွန်းညှိအလှဆင်ထား

ဦးပိန်တံတားနှင့် တောင်သမန်အင်း၌  LEDမီးလုံး သန်း ၈ဝ
ကျော်ဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များ ထွန်းညှိအလှဆင်ထား

ပြည်တွင်း၊ ပြည်ပ ခရီးသွားများနှင့်  မန္တလေးဒေသခံပြည်သူများ  စိတ်အပန်းဖြေမှုရရှိစေရန် ဦးပိန် တံတားနှင့်  တောင်သမန်အင်းတွင်  သုံးပန်လှအလှတရားများနှင့်  ပေါင်းစပ်၍ Myanmar LED Beautiful world အစီအစဉ်ဖြင့်  LED မီးလုံး သန်း  ၈ဝ  ကျော်  ချိတ်ဆွဲအလှဆင်ပြသမှုအား နေ့စဉ်လာရောက် ကြည့်ရှုခံစားသူ လေးထောင်နီးပါးရှိကြောင်း သိရသည်။ (အပေါ်ပုံ)
အဆိုပါ မီးအလှဆင်ပြသမှုအားLOVE & JOY LED ကမ္ဘာမီးအလှဆင်ကုမ္ပဏီက စီစဉ် ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်အထိ ၁၅ ရက်တိုင်တိုင် နေ့စဉ် ညနေ ၅ နာရီမှ ည ၁၂  နာရီအထိ ပြသသွားမည်ဖြစ်ပြီး
လာရောက်ကြည့်ရှုသူများပြီး  လိုအပ်ပါက တစ်လ တိတိ ရက်ထပ်တိုးပြသသွားနိုင်ရန် စီစဉ်ထားကြောင်းLJ LED ကမ္ဘာမီးအလှဆင်ကုမ္ပဏီမှ ကိုရဲမြင့်က ပြောသည်။

''ပြည်တွင်းခရီးသွားတွေ၊  ဒေသခံပြည်သူတွေ အပြင် နိုင်ငံတကာ ခရီးသွားတွေလည်း စိတ်ဝင်တစား နဲ့ လာရောက်ကြည့်ရှုလေ့လာကြတယ်၊ တချို့ နိုင်ငံ ခြားသားတွေဆို မိသားစုလိုက်လာကြပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတာကို တွေ့ရပါတယ်၊ ဒီ  LED မီးလုံးတွေကို နိုင်ငံတကာမှာ အိမ်တိုင်း အလှဆင် ချိတ်ဆွဲထားကြတာကို သိစေချင်တဲ့ ရည်ရွယ်ချက်ပါ၊ ဒီမှာလာပြီး ချိတ်ဆွဲပြသတာက အမရပူရ မြို့မိ မြို့ဖနဲ့ ဒေသခံတွေရဲ့ ဖိတ်ခေါ်မှုနဲ့ အားပေးကူညီမှုကြောင့် ဒီလိုပြသနိုင်တာဖြစ်ပါတယ်''ဟု  ¤င်းက ဆက်လက် ပြောသည်။

Myanmar LED Beautiful world မီးအလှဆင်ပြပွဲတွင် LED မီးလုံးများနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နာမည်ကျော် ရဲတိုက်များ၊ အဆောက် အအုံပုံများနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များ ကို ပုံစံပြသထားပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက် ခံစားလေ့လာကြည့်ရှုသူများကို  လူကြီး  ငွေကျပ် ၂ဝဝဝ $နှင့် ကလေး ငွေကျပ် ၁ဝဝဝ $ သတ်မှတ်ထားပြီး သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊  လူမှုအဖွဲ့ အစည်းများ၊   မိဘမဲ့ဂေဟာများ၊     ဘုန်းတော်ကြီး သင်  ကျောင်းများနှင့်  မသန်စွမ်းသူများအား  အခမဲ့  ဝင်ရောက်ကြည့်ရှုခွင့်ပြုထားကြောင်း သိရသည်။ မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment