အင်းစိန်မြို့နယ် ပြည်လမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား၊ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
ရန်ကုန် ဒီဇင်ဘာ ၁၉
အင်းစိန်မြို့နယ် ပြည်လမ်းမပေါ်၌ ယနေ့နံနက် အစောပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီ ၄၅ မိနစ်က အင်းစိန်မြို့နယ် ပြည်လမ်းမ ပေါ်ရှိ ထန်းပင်ကုန်းလမ်းဆုံမီးပွိုင့်အနီး ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှု အထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင်များက ထိခိုက်ဒဏ်ရာ ရရှိသူများအား လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပွင့်သစ္စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment