Latest News

Wednesday, December 20, 2017

YBS ယာဉ်မောင်းများအား YRTAအသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးမည်

YBS ယာဉ်မောင်းများအား YRTAအသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးမည်


ရန်ကုန်    ဒီဇင်ဘာ    ၁၉

YBSယာဉ်များတွင် ခရီးသည်တင်ဆောင် မောင်းနှင်ခွင့်ရှိသော သတ်မှတ်ယာဉ်မောင်းလိုင်စင်ကိုသာ မောင်းနှင်ခွင့်ပြုမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)မှ သိရသည်။

ခရီးသည်တင်ယာဉ်များကို သတ်မှတ်ယာဉ်မောင်းလိုင်စင် ကိုင်ဆောင် ထားသူသာ မောင်းနှင်ခွင့်ရှိပြီး (င)လိုင်စင် ကိုင်ဆောင်ထားသူများနှင့်  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်း  ပို့ဆောင်ရေးတို့ ပူးပေါင်းဖွင့်လှစ်နေသည့် YBSအထူးယာဉ်မောင်းသင်တန်း ပြီးမြောက်အောင်မြင်ပြီး၍ သင်တန်းဆင်းလက်မှတ် ရရှိသူများကိုYRTA  အသိအမှတ်ပြု ယာဉ်မောင်းကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ခရီးသည်တင်ယာဉ်ကို လိုင်စင်အနီ ကိုင်ထားသူသာ မောင်းနှင်ခွင့် ရှိတာပါ၊YRTA  အနေနဲ့  လိုင်စင်အနီ  ရှိသူတွေ၊YRTA ယာဉ်မောင်း သင်တန်းဆင်း ယာဉ်မောင်းတွေကို    အသိအမှတ်ပြု ယာဉ်မောင်းစမတ်ကတ်တွေ ထုတ်ပေးသွားမယ်၊ ကားအာမခံထားတဲ့အခါ မှာလည်း အာမခံထားပေမယ့် လိုင်စင် မညီညွတ်တဲ့အခါ လျော်ကြေးမရတဲ့ အဖြစ်တွေ ရှိနေတာကြောင့် သတ်မှတ်လိုင်စင်ဖြစ်ဖို့၊  YRTA  အသိအမှတ်ပြု ယာဉ်မောင်းဖြစ်ဖို့ လိုအပ် ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ( YRTA )မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်  YRTA  ယာဉ်မောင်းသင်တန်း အပတ်စဉ် ၄ အထိ သင်တန်းအောင်မြင် ထားသူ သင်တန်းဆင်းယာဉ်မောင်း ၃၅၈ ဦးအထိရှိကြောင်း သိရသည်၊YBSယာဉ်လိုင်း များတွင်  မောင်းနှင်နေသော  ယာဉ်မောင်းများတွင် သတ်မှတ်လိုင်စင်ကိုင်ဆောင်ထားသူ များရှိသော်လည်း ယာဉ်မောင်းလိုအပ်ချက်များရှိနေပြီး သတ်မှတ်လိုင်စင်မရှိသော်လည်း ယာဉ်လိုင်းတာဝန်ရှိသူများနှင့် နားလည်မှုယူကာ မောင်းနှင်နေသော ယာဉ်မောင်းများ ရှိနေကြောင်း၊ အချို့မှာလည်း YRTA ၏ ယာဉ်မောင်းသင်တန်းကို တက်ရောက်လိုသော် လည်း သင်တန်းကြေး ပေးသွင်းနိုင်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

Ref;The Mirror Daily

No comments:

Post a Comment