Latest News

Saturday, December 30, 2017

ထွန်းထွန်းမင်းက မြန်မာပြည်ချန်ပီယံဒေ့ဗ်ကို ကြောက်ရွံ့ စိတ် လုံးဝမရှိကြောင်း တုံ့ပြန်ပြောကြား

ထွန်းထွန်းမင်းက မြန်မာပြည်ချန်ပီယံဒေ့ဗ်ကို ကြောက်ရွံ့ စိတ် လုံးဝမရှိကြောင်း တုံ့ပြန်ပြောကြား

ရန်ကုန် ဒီဇင်ဘာ ၂၉

ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရာမှ လာမည့်နှစ်ဆန်းပိုင်းတွင် ကြိုးဝိုင်းအတွင်းသို့ ပြန်လည် ၀င်ရောက်မည့် ထွန်းထွန်းမင်းသည် မြန်မာပြည် ချန်ပီယံဒေ့ဗ်ကို လုံးဝကြောက်ရွံ့နေမည်မဟုတ်ကြောင်း
တုံ့ပြန်ပြောကြားသည်။

ဒေ့ဗ်နှင့်နောက်ဆုံးယှဉ်ပြိုင်သော ပွဲစဉ်တွင် ဒူးဒဏ်ရာကြောင့် အရှုံးပေးခဲ့ရသော ထွန်းထွန်းမင်းက ဒေ့ဗ်နှင့်ပြန်လည်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်လျက် ရှိကြောင်း၊ ဒေ့ဗ်ကို လုံးဝကြောက်စရာမလိုဘဲ လက်ဝှေ့ လောကက အနားယူမည်ဆိုပါက နာမည်ကောင်းဖြင့်သာ အနားယူမည်ဖြစ်ကြောင်း ပြည်တွင်းရုပ်သံလိုင်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

လက်ရှိတွင် ထွန်းထွန်းမင်းသည် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်တွင် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် လေ့ကျင့်လျက်ရှိပြီး ယင်းပွဲအပြီးတွင် ဒေ့ဗ်ကိုဆက်လက် စိန်ခေါ်ရန် သတင်းထွက်ပေါ်လျက်ရှိကြောင်း သိရသည်။(မြ၀တီ)

No comments:

Post a Comment