Latest News

Saturday, December 30, 2017

ယင်းမာပင်မြို့နယ်တွင် တရားမဝင်ပိတောက်ခွဲသား တင်ဆောင်ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်း

ယင်းမာပင်မြို့နယ်တွင် တရားမဝင်ပိတောက်ခွဲသား တင်ဆောင်ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်း

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် တရော်ကျင်း-ကပိုင် လမ်း ညောင်ကိုင်းကျေးရွာအုပ်စု ကွင်းစပ်ကျေးရွာ၏မြောက်ဘက် တစ်ဖာလုံခန့်အကွာ တောစပ်၌ တရားမဝင်ပိတောက်ခွဲသား တင်ဆောင် ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီး ဖမ်းစီးရမိ ခဲ့ကြောင်းသိရသည်။

             ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသန်း၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးမြင့်ထူး ဦးဆောင်သော မုံရွာ၊ ဘုတလင်၊ကနီ၊ယင်းမာပင် မြို့နယ်တို့မှ သစ်တောဝန်ထမ်း ၈ ဦးနှင့် ညောင်ကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း ပူးပေါင်းပါ ဝင်သော မုံရွာခရိုင်စစ်ကြောင်းအဖွဲ့က သတင်းအရ ယင်းမာပင်ခရိုင် အတွင်း တရားမဝင်သစ်များ ရောင်းချခြင်း၊ဝယ်ယူခြင်း၊ခိုးထုတ်သယ် ယူခြင်းများကို အရှိန်အဟုန်မြင့် ရှာဖွေဖမ်းဆီးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ယင်းမာပင်မြို့နယ် တရော်ကျင်း-ကပိုင် လမ်း ညောင်ကိုင်းကျေးရွာအုပ်စု ကွင်းစပ်ကျေးရွာ မြောက်ဖက် တစ်ဖာလုံခန့်အကွာ ခန့်မှန်း မပည ၂၂၉၄-၁၆၊ Fv-၅၈၆၈၆၅ နေရာ၌ တရားမဝင်ပိတောက်ခွဲသား ၁၂ ချောင်း၊ တစ် ဒသမ ၅၈၇၈ တန်တင်ဆောင်ရပ်တန့်ထားသော ယာဉ်အမှတ် SGG 9L/----၊ Supper Custom ခဲရောင် တစ်စီးအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။

              အဆိုပါ ဖမ်းဆီးရမိသော တရားမဝင်ပိတောက်ခွဲသာများအား ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာန လက်အောက်ရှိ ညောင်ကိုင် ဘိနယ်သစ်တောစခန်းတွင်လည်းကောင်း၊ မော်တော်ယာဉ်အား ကွေချောင်းဘိနယ်သစ်တောစခန်းတွင်လည်းကောင်း တာဝန်ရှိသူတို့က လုံခြုံစွာသယ်ယူထိန်းသိမ်းထားရှိပြီး မြို့နယ်သစ်တောဦးစီးဌာနမှ  သစ်ပိုင်ရှင်အား သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ရှာဖွေစုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။
ထွန်းကိုကို(ယင်းမာပင်)မြန်​မာ့အလင်း

No comments:

Post a Comment