Latest News

Friday, December 29, 2017

ထရန့်ရဲ့တစ်နှစ်တာ အမေရိကန်ခရီးစိုးထိတ်မှုတွေလွန်မြောက်ပါစေ

ထရန့်ရဲ့တစ်နှစ်တာ အမေရိကန်ခရီးစိုးထိတ်မှုတွေလွန်မြောက်ပါစေ

အံကြိတ်      သည်းခံကြိုးစားရင်း နိုင်ငံသားတွေအတွက် နောက်ထပ်ရက် အနည်းငယ်ဆိုရုံလေးဆိုတဲ့   အသိနဲ့ အခုလို အလွန်ဆိုးရွားတဲ့၊ ညံ့ဖျင်းတဲ့၊ လားလားမှမကောင်းတဲ့၊ အဓိပ္ပာယ်မရှိ တဲ့၊   ခါးသီးတဲ့၊  ကျက်သရေမရှိတဲ့ သဘောတရားတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်ဟာ ကုန်ဆုံးလွန်မြောက်နိုင်တော့မှာဖြစ်ပါတယ်။ နိုင်ငံသားတွေအားလုံး အတွက်  လာမယ့်  ၂ဝ၁၈  ခုနှစ်မှာ         ပိုမိုကောင်းမွန်တာတွေ  ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ရင်ဝယ်ပိုက်ပြီး စိတ် လှုပ်ရှားမှုအပြည့်နဲ့စောင့်ဆိုင်းလျက် ရှိပါတယ်။

နိုင်ငံသားအများစုဟာ ၂ဝ၁၇ ဒေါ်နယ်ထရန့်သမ္မတခေတ်မှာ သူတို့ တွေစိုးရိမ်တာထက် ပိုမဆိုးနိုင်ဘူးလို့ ဖြေသိမ့်မှုတွေနဲ့  စတင်ခဲ့ရပါတယ်။ ဒါပေမယ့်  ဖြစ်ချင်တဲ့  ဆန္ဒတွေဟာ လက်တွေ့နဲ့ တစ်ထပ်တည်းမကျခဲ့ပါ ဘူး။ ပိုဆိုးလာခဲ့ပါတယ်။

သမ္မတကြီးလက်ကိုင်ပြုတဲ့ စကား လုံးတစ်လုံးကို   အမြဲကြားမိမှာပါ။ အဲဒါကတော့ လူဖြူအမြင့်ဆုံးအာဏာ လုပ်ပိုင်ခွင့်ရသူတွေ၊ နာဇီလက်သစ် တွေ၊ ကူးကလက်ကလန် (KKK) အဖွဲ့          (အမေရိကန်တောင်ပိုင်းပြည်နယ် တွေမှာ လူမည်းတို့ကိုအကြမ်းဖက် ရန်ပြုသောလူဖြူတို့၏ လျှို့ဝှက်အသင်း အဖွဲ့)တွေ စီစဉ်တဲ့ မီးရှူးမီးတိုင်ထွန်းညှိ ပွဲမှာ ပါဝင်သူတွေကို အလွန်ကောင်းတဲ့ သူ တွေလို့ ကင်ပွန်းတပ်လေ့ရှိတာကိုပါ။ ကုလသမဂ္ဂဆိုင်ရာ  အမေရိကန်သံ အမတ်ကြီးက သူလိုချင်တဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အတွက် မဲမပေး တဲ့ နိုင်ငံတွေကို အမည်မှတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာကို ကြားဖူး မယ်လို့ထင်ပါသလား။ ထို့အတူ က္ဘာ့ အကြီးဆုံးစစ်ရေးဆိုင်ရာနဲ့ စီးပွားရေး အင်အားတွေ ရရှိထားတဲ့အစိုးရအနေနဲ့ အရေးကြီးတဲ့  ဆုံးဖြတ်ချက်တွေမှာ ဆူလွယ်နပ်လွယ်အချက်တွေကို အသုံး ပြုရတာပိုကြိုက်ပြီးတော့  လက်တွေ့ ကြံစည်လုပ်ကိုင်မှုတွေသာမက ကိုယ်တွေ့ မျက်မြင် အခြေပြု ဒဿနကိုပါ လက်မခံ ဘဲ ပယ်ချတယ်ဆိုတာ ကြားဖူးမယ်လို့ ထင်သလား။

ထရန့်ကို သူ့ကိုယ်သူအထင်ကြီးပြီးသဘောကျနှစ်ခြိုက်မှုတွေပြည့်နေသလို သွေးနားထင်ရောက်လွန်းအားကြီးတယ် လို့ နိုင်ငံသားတွေက  ထင်ကြပါတယ်။ အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ သူပြောခဲ့တဲ့စကားတွေ အပေါ် သူ့ကိုယ်သူ သိမြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်လေးအနည်းငယ်ဖြစ်မိ သော်လည်း အခုတော့ဘာမှမဟုတ်တော့ သလိုပါပဲ။  ကြားရသရွေ့တော့ သမ္မတ ကြီးဟာ သတင်းတွေစောင့်ကြည့်ရင်း သူ့ကို မျက်နှာလိုမျက်နှာရလုပ်နေတဲ့ ထောက်ခံမှုတွေအပေါ်   သဘောကျ နှစ်ခြိုက်စွာနဲ့  နေ့တိုင်းအချိန်တွေကုန်ဆုံး နေပါတယ်။  သူ့လက်ထောက်တွေက လည်း အမျိုးသား လုံခြုံရေးအပေါ် နေ့စဉ် လမ်းòန်ချက်ပေးမှုအပေါ်      ဆွံ့အ           သွားအောင် လုပ်ဆောင်နိုင်ကြပါတယ်။ အစိုးရအဖွဲ့တွေကလည်း   သူ့အပေါ် ရက်ရောစွာနဲ့ သူ့ထက်ငါအပြိုင် မျက်နှာ လိုမျက်နှာရ လုပ်နေကြပါတယ်။

သမ္မတနဲ့  သူ့အဖွဲ့ဟာ  ဝေဖန် အကြံပြုချက်ဆိုတဲ့  အမှန်တရားတွေ အပေါ် ဂရုမစိုက်မှု၊ စစ်ပွဲတွေဆင်နွှဲမှုတွေ လုပ်ခဲ့ပါတယ်။  အဲလိုနဲ့ သူဟာ သူ့ဆီ ရောက်လာတဲ့ ကျိုးကြောင်းအဆီအငေါ် မတည့်တဲ့ အချက်တွေကို ခေါင်းခြောက် အောင် စဉ်းစားရင်း သတင်းအမှားတွေကို ကိုင်စွဲလာပါတော့တယ်။ အများသဘော တူ ကြည်ဖြူလက်ခံမှုမပါတဲ့ ကိစ္စတွေကို ဒီမိုကရေစီရဲ့   လုပ်ငန်းဆောင်တာလို့ ခေါ်နိုင်ပါသေးလား။   အမှန်တရားကို ရှာဖွေဖို့အတွက် ဆူးခင်းလမ်းကို ဖြတ် သန်းရမှာပါ။  သမ္မတနဲ့ သူ့အစိုးရအဖွဲ့ဟာ ဘယ်လိုစံထားမှုတွေဖြစ်နေသလဲဆိုတာ ကို    နားလည်နိုင်ဖို့ဆိုတာကတော့  အမေရိကန်နိုင်ငံကြီးစတင်   တည် ထောင်ကတည်းက    ကိုယ်ကျိုးရှာ သိုက်သမားတွေကို ကာကွယ်ဖို့အတွက် ပြည်သူ့အုပ်ချုပ်မှုတွေကို တန်ဖိုးထား အလေးပေးခဲ့တာကို ကြည့်ရင်သိနိုင်ပါ တယ်။

အလုပ်အမှုဆောင်အဖွဲ့ကို ထိန်း ထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့  အခွင့် အာဏာရှိတဲ့ ကွန်ဂရက်မှာရှိတဲ့ သမ္မတရဲ့ ရီပတ်ဘလစ်ကန်တွေဟာ ကျိုးကြောင်း မထင်တဲ့       အဆိုပြုလွှာတွေအပေါ် မျက်နှာလွှဲခဲပစ်    လုပ်လာကြပါတယ်။ အများစုက သမ္မတရဲ့ မဆီလျော်မှုတွေ၊   အံဝင်ခွင်ကျမဖြစ်မှုတွေကို  ရှင်းရှင်း လင်းလင်းသိနေသော်လည်း     သူ့ကို ဆက်လက်ပြီး  အားပေးအားမြှောက် ပြုနေကြပါတယ်။ အကြောင်းမှာ သမ္မတ ရဲ့   အမျက်ဒေါသကို  စိုးရွံ့ရလို့ပဲဖြစ် ပါတယ်။  သမိုင်းဟာ  ဒီလိုအကြောက် ကြီးတဲ့ အခွင့်အရေးသမားတွေကြီးစိုးရာ ကာလကို ဘယ်တော့မှ မေ့ပျောက်နိုင် မှာမဟုတ်ပါဘူး။
သမ္မတရဲ့   ဆွေမျိုးကောင်းစား ရေးဝါဒအပေါ် မဖော်ပြလိုပါဘူး။ သို့သော် လည်း သူ့ရဲ့သမီးနဲ့ သူ့သမက်ကို အဆင့် မြင့်အကြံပေးအရာရှိများခန့်အပ်ထားမှုဟာ   မဆီလျော်ဘူးလို့ထင်ရပါ တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့   ကိုယ် ရေးအချက်အလက်တွေဟာ ခန့်အပ် ထားတဲ့ ရာထူးနဲ့ ကိုက်ညီမှုမရှိသလို ဒီလို ရာထူးကြီးတွေကို  နိုင်နိုင်နင်းနင်းစီမံ ကွပ်ကဲဖို့လည်း အရည်အချင်းမမီလို့ဘဲ ဖြစ်ပါတယ်။  ထရန့်အစိုးရဟာ  ဥပဒေနဲ့ အခွင့်အရေးတွေ ချိုးဖောက်ရုံတင်မက သာမညအဆင့်မှာပဲ  ရှိသေးတယ်လို့ ဝေဖန်တဲ့သူတွေက ဝေဖန်ကြပါတယ်။

၂ဝ၁၇ ခုနှစ်ဟာ စိတ်မချမ်းမြေ့မှု တွေနဲ့  ပြည့်နှက်နေပါတယ်။  သို့သော် လည်း  လုံးဝဆိုးရွားသွားပြီလို့  ပြောလို့ မရလောက်သေးပါဘူး။         ထရန့် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တစ်နေ့မှာပဲ သူ့ကို မနှစ်မြို့တဲ့အနေနဲ့ အမျိုးသမီးချီတက် ဆန္ဒပြမှုကြီးလုပ်ဖို့အတွက်  ဝါရှင်တန်ကို ပရိသတ်အမြောက်အမြား ရောက်ရှိလာ ခဲ့ပါတယ်။ အဲဒီလို စိတ်ထက်သန်ပြင်းပြ မှုတွေဟာ အချိန်ကာလ  ရွေ့လျားသွား တာနဲ့ တဖြည်းဖြည်း  မှေးမှိန်ခဲ့သော်လည်း သက်သေသာဓကတွေကတော့ ဘယ် တော့မှ ပျောက်ပျက်လို့သွားမှာ မဟုတ် ခဲ့ပါဘူး။ နိုဝင်ဘာလမှာ ဒီမိုကရက်ရာ့ဖ် နော်သန်က  ဗာဂျီနီးယားမြို့တော်ဝန် ရွေးကောက်ပွဲမှာ  အနိုင်ရရှိခဲ့ပါတယ်။ သူ့အရည်အချင်းဟာ ဒီမိုကရက်တွေကို အောက်လွှတ်တော်   ကိုယ်စားလှယ် အဖြစ် ရွေးချယ်ဖို့ လုံလုံလောက်လောက် ရှိခဲ့သော်လည်း  အဲဒီကိစ္စဟာ  ဆိုင်းငံ့ အနေအထားပဲရှိပါသေးတယ်။ ဒီဇင်ဘာ  ၁၂  ရက်မှာ  ဒီမိုကရက် ဒေါက်ဂျုန်းက ရီပတ်ဘလစ်ကန်ရှိုင်မိုရေးကို ရီပတ် ဘလစ်ကန်တွေကြီးစိုးတဲ့    အယ်လ် ဘားမားပြည်နယ်မှာ     ပြုလုပ်ခဲ့တဲ့   အမေရိကန်ဆီးနိတ်  အထူးရွေးကောက် ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

ဒီလိုမျိုး     ယှဉ်ပြိုင်မှုတွေဟာ အကြောင်းတရားတွေနဲ့  ယင်းကြောင့် ဖြစ်လာတဲ့  အကျိုးရလဒ်တွေကြောင့် ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ဘဲ ဆင်ခြင်တုံ တရားနဲ့ ရူးသွပ်မှုတွေကြား၊ အကျိုး အကြောင်းဆီလျော်မှုနဲ့ ကစဥ့်ကလျား ဖြစ်မှုတွေကြား  အားပြိုင်မှုတွေပဲဖြစ်ပါ တယ်။  မူအာ့လာစုံစမ်းစစ်ဆေးခြင်း အပေါ်အောင်မြင်မှုနဲ့ ကံကောင်းမှု တွေဖြစ်လာသည်ဆိုပါက ဒါကသူ့ကိစ္စ။  ကျန်တဲ့သူတွေဖြစ်တဲ့ ဒီမိုကရက်တွေ၊ လွတ်လပ်မှု ချစ်မြတ်နိုးသူတွေ၊     မျိုးချစ် ရီပတ်ဘလစ်ကန်တွေ အားလုံးဟာ       နိုဝင်ဘာ ရွေးကောက်ပွဲအတွက် အတူ တကွလက်တွဲလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တာဝန်ကတော့ ကွန်ဂရက်ကို ထိန်းကျောင်းပေးဖို့ပဲဖြစ် ပါတယ်။

အမေရိကန်နိုင်ငံကြီးဟာ ကစဥ့် ကလျားဖြစ်နေတဲ့   ၂ဝ၁၇   ခုနှစ်ကို             လွန်မြောက်ပြီး  လာမယ့် ၂ဝ၁၈ ခုနှစ်မှာ          အပြုသဘောဆောင်တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုတာ    ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ ဒီမိုကရက်တွေ၊ လွတ်လပ်မှုချစ်မြတ်နိုးသူတွေ၊ မျိုးချစ် ရီပတ်ဘလစ်ကန်တွေ   စတဲ့အလွှာ ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံအားလုံး တက်ညီ လက်ညီရှိရမှာဖြစ်ပါကြောင်း။  တင်လင်းအောင်(MMAL)

No comments:

Post a Comment