Latest News

Friday, December 29, 2017

မောင်တောမြို့နယ်တွင် NVC ကတ်နှင့် NIDပြုလုပ်သူ လူဦးရေ ၃ဝဝဝ နီးပါးရှိ

မောင်တောမြို့နယ်တွင် NVC ကတ်နှင့်  NIDပြုလုပ်သူ လူဦးရေ ၃ဝဝဝ နီးပါးရှိ


မောင်တော   ဒီဇင်ဘာ   ၂၈

မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုအတွင်း နေထိုင်သော အစ္စလာမ်ဘာသာဝင်များအား နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား ( NVC  -National  Verification  Card) နှင့် နည်းပညာသုံးကတ်ပြား ဆောင်ရွက်ရေး ရှေ့ပြေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်  National  Electronic  ID (NID)   ပြုလုပ်သူ စုစုပေါင်း လူဦးရေ ၃ဝဝဝ နီးပါးရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

'NVCဆောင်ရွက်ချက်များကို  အောက်တိုဘာ ၁၂ ရက်က စတင်ဆောင်ရွက်ခဲ့ပါတယ်၊ ဒီအစီအစဉ်ကို  နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့  òန်ကြားချက်အရ ဝန်ကြီးဌာနအစီအစဉ်နဲ့ အောက်တိုဘာ ၁၂ ရက်ကနေ လူအင်အား ၆ဝ နဲ့ လုပ်ဆောင်ခဲ့ ပါတယ်၊ အခုလောလောဆယ်မှာတော့ လူအင်အား ၅ဝ နဲ့ အဖွဲ့ လေးဖွဲ့ ခွဲပြီး ကွင်းဆင်းဆောင်ရွက်ပါတယ်၊ ဒီနေ့အထိ အဖွဲ့ လေးဖွဲ့မှာ မြို့မ အနောက်ရပ်ကွက်၊  မြို့မ တောင်ရပ်ကွက်နဲ့ ရွှေဇားကျေးရွာအုပ်စုအပါအဝင် စုစုပေါင်း အခြေခံစာရင်းမှာ တော့ NIDပြုလုပ်ပြီးစီးမှု ၁၅ဝ၃ ဦးရှိပြီး NVC ပြုလုပ်ပြီးစီး မှု  ၁၄၅၇ ဦး ဖြစ်ပါတယ်''ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ  လက်ထောက်òန်ကြား ရေးမှူး  ဦးသန်းရွှေက ပြောသည်။

  ယခုအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ    မောင်တောခရိုင်   လဝက ဦးစီးမှူး ဦးဆောင်၍  မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ရွှေဇား၊ စေတီပြင်  အလယ်တန်းကျောင်းခွဲဝင်းအတွင်း၌   ဒေသနေ ဘဂ¯လီလူမျိုးများအားNVC နှင့် NIDကတ် ဆောင်ရွက်ရေး လုပ်ငန်းများကို   ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း လာရောက်လုပ်သူအရေအတွက်မှာ   တဖြည်းဖြည်း နည်းပါး လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဇားကျေးရွာအုပ်စုသည်  မောင်တောမြို့နှင့် ကပ်လျက်တည်ရှိနေပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာအုပ်စုကြီးဖြစ်သည်။ ကျေးရွာအုပ်စုအတွင်း ကျေးရွာ ပေါင်း ၁၂ ရွာ ရှိသည်။ ¤င်းကျေးရွာများအပါအဝင် မောင်တော မြို့နယ်အတွင်း၌  ယနေ့အချိန်အထိ NVC ပြုလုပ်သူ ၁၄၅၇ ဦးနှင့် NIDပြုလုပ်သူ ၁၅ဝ၃ ဦး  စုစုပေါင်း ၂၉၆ဝ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
မြင့်မောင်၊ ဇေယျာ၊ ဓာတ်ပုံ-နေဝင်းထွန်း(မြန်​မာ့အလင်း)

No comments:

Post a Comment