Latest News

Friday, December 29, 2017

သံတွဲလေဆိပ်၌ ကလေးငယ်တစ်ဦး ခေါ်ဆောင်သူအား ဖမ်းဆီးရမိ

သံတွဲလေဆိပ်၌  ကလေးငယ်တစ်ဦး ခေါ်ဆောင်သူအား ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များ   ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာ ၂၇ ရက် နံနက်   ၁၁  နာရီတွင်   သံတွဲမြို့နယ် သံတွဲလေဆိပ်၌     ရောက်ရှိလာသည့် မြို့သစ်ရပ်ကွက်    ပ္ဏုားကျွန်းမြို့နယ် နေသူ  မမီမီဌေး(၃ဝ)နှစ်နှင့်  စစ်တွေ မြို့နယ်  ဆေးသမားအုပ်စု ဒုက္ခသည် စခန်းနေ  သားငယ်(ခ) ဟာမီဒူရော်ရှီး ရှစ်နှစ်တို့အား  မသင်္ကာသဖြင့် ခေါ်ယူ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ   သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာနေသူ ဦးတင်သန်း (၄၉)နှစ်သည် ကလေးငယ် တစ်ဦးကို စစ်တွေမှ  ရန်ကုန်သို့  ပို့ဆောင်ပေးပါက ငွေကျပ်တစ်သိန်းပေးမည်ဖြစ်ကြောင်း ပြောသဖြင့် ဒီဇင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင်  ရိုးမရာဇာ ခရီးသည်တင် ယာဉ်ဖြင့်  စစ်တွေမြို့မှ   သံတွဲမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
သံတွဲလေဆိပ်သို့   ရောက်ရှိစဉ် ဦးတင်သန်းက မမီမီဌေးနှင့် သားငယ် (ခ)ဟာမီဒူရော်ရှီးတို့အတွက် လေယာဉ် လက်မှတ်  နှစ်စောင်ပေးခဲ့ပြီး မမီမီဌေး    နှင့် သားငယ်တို့အား  လုံခြုံရေးတပ်ဖွဲ့ ဝင်များက  စစ်ဆေးနေစဉ် ဦးတင်သန်း တိမ်းရှောင်သွားခဲ့ပြီး အမှုနှင့်သက်ဆိုင်သူ  နှစ်ဦးအား ဂျိတ္တောနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိ ရသည်။   မြန်​မာ့အလင်း

No comments:

Post a Comment