Latest News

Friday, December 29, 2017

ရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်ရက်အတွင်း တည်းခိုဆောင်လုပ်ငန်းအား တင်ဒါစနစ် ဆောင်ရွက်မည်

ရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်ရက်အတွင်း တည်းခိုဆောင်လုပ်ငန်းအား တင်ဒါစနစ် ဆောင်ရွက်မည်

မြန်မာပြည်၏ ရက်အရှည်ကြာဆုံးဘုရား ပွဲတော်များတွင် ပါဝင်သည့် ရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲမှ တည်းခိုဆောင် လုပ်ငန်း များအား တစ်ဆင့်ပြန်ရောင်းစား သူများ ပါလာနိုင်သည့်အတွက် မဲစနစ်အစား တင်ဒါ စနစ်ဖြင့် သတ်မှတ်ချထားပေး တော့မည်ဖြစ်ကြောင်း သိရသည်။

'' မဲစနစ်နဲ့ဆိုရင် တကယ်လုပ်မယ့် သူတွေတင်မဟုတ်တော့ဘဲ တစ်ဆင့်ပြန် ရောင်းစားမယ့်သူတွေ ပါလာနိုင်တယ်၊ တင်ဒါစနစ်နဲ့ဆိုတော့ ကိုယ် တကယ်လုပ် နိုင်မယ့်တည်းကျောင်း ဘယ်နှကျောင်း လုပ်ချင်သလဲ၊ အရင်နှစ်တွေက ဘယ် လောက်မြတ်သလဲ တွက်ချက်ပြီး ပေးနိုင် တယ်၊ တင်လာတဲ့အထဲက ဘုရားအတွက် အများဆုံး ပေးလှူနိုင်တဲ့သူကို ပေးလိုက် ရုံပဲ''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြော သည်။

၂ဝ၁၈ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်တည်းခိုဆောင် လုပ်ငန်းကို မဲစနစ်အစားအိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရွေးချယ်ရန် ပြင်ဆင်သတ်မှတ်လိုက် သဖြင့် မဲစနစ်ဖြင့်လျှောက်ထား သူများ၏ လျှောက်လွှာဖိုးနှင့်ီနစသျငအ ငွေတို့အား ဒီဇင်ဘာ ၂၆ ရက်မှစ၍ ပြန်လည်ထုတ် ပေးနေကြောင်း လျှောက်ထားသူများ ထံမှ သိရသည်။

မဲစနစ်ဖြင့်ရွေးချယ်စဉ်က ဂေါပက အဖွဲ့၏ သတ်မှတ်ဈေးကို အများစုက လိုက်နာခဲ့ကြသော်လည်း ယခုနှစ်တွင် တင်ဒါစနစ်ပြောင်းသွားခြင်းကြောင့် လုပ်ကိုင်ခွင့်ရလိုသူများက တင်ဒါကြေး များ အပြိုင်အဆိုင်ပေးတော့ မည်ထင် ကြောင်း၊ ငွေကြေးများစွာ ရင်းနှီးရယူ ထားသည့်လုပ်ကိုင်ခွင့်ရ သူများ၏ အကျိုး အမြတ်ရရန် လုပ်ဆောင်မှုများက ဘုရား ဖူးပြည်သူများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ် လာမည်ကိုမူ စိုးရိမ်မိကြောင်း မင်းဘူးမြို့ မှ ဒေသခံတစ်ဦးက ပြောသည်။
ဇေယျတု (မကွေး)မြန်​မာ့အလင်း

No comments:

Post a Comment