ဇာတ်ကားကြီးတွေရိုက်ကူးပြီးစီးခဲ့ပေမယ့်ကြာမြင့်နေမှုအပေါ်သုံးသပ်ပြောဆိုလိုက်သည့်အကယ်ဒမီ မင်းသမီး
အနုပညာအလုပ်တွေကို အိမ်ထောင်ရေးတာဝန်တွေ မအားလပ်သည့်ကြားကနေ ဆက်တိုက်ဆိုသလို လုပ်ကိုင်ဖြစ်နေသည့် အကယ်ဒမီ သက်မွန်မြင့်တစ်ယောက် ဇာတ်ကားတွေ အဆက်မပြတ် ရိုက်ကူးဖြစ်နေကြောင်းသိရပြီး လတ်တလောအနေဖြင့် ဒီဇင်ဘာ ၂၉ ရက်က ရုံတင်ပြသနေသည့် ''ဆိုင်းကြိုက်တဲ့မောင်'' ရုပ်ရှင်ဇာတ်ကားတွင်လည်း မြင့်မြတ်၏ ဇနီးအဖြစ် သရုပ်ဆောင်ထားပြီး တောသူအမျိုးသမီးအဖြစ် သရုပ်ဆောင်ထားကြောင်း သိရသည်။
မေး ။ သက်မွန်ရဲ့ ကားတွေ ရုံတင်ရက် နောက်ကျနေတယ်ဆိုတာလေး သိပါရစေ၊ ဘာကြောင့်လဲ၊ ပြီးတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ ။ ခုလောလောဆယ် ရိုက်ဖြစ်နေတာကတော့ ဒစ်ဆက်ပ်ရှင်ပေါ့၊ ဒီလထဲမှာဖြစ်မလားတော့ သေချာမပြောတတ်သေးဘူး။ အခုအဲဒါ join နေတယ်။ တကယ်တမ်း သားသားမွေးပြီးကတည်းက ရိုက်ထားတဲ့ကားတွေနဲ့ဆိုရင် သက်မွန် ၁ဝ ကားကျော် ၁၅ ကားလောက်ရှိပြီ၊ အခုသားသားတောင် သုံးနှစ်ပြည့်တော့မယ်။ မထွက်သေးဘူးဆိုတော့ နည်းနည်းတော့ ဒိတ်အောက်နေပြီပေါ့၊ အဲဒီလိုလေးတွေဖြစ်နေတော့ ထွက်လာ တဲ့အခါကျရင် ဘယ်လိုနေမလဲ မသိဘူး။ ပရိသတ်တွေကတော့ ကိုယ့်ကိုယ် ချစ်တဲ့စိတ်နဲ့ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ရုံတင်နောက်ကျနေတဲ့အပေါ် ခံစားမှုလေးက။
ဖြေ ။ အခုကလည်း ရုံတင်တဲ့စနစ်တွေလည်း ပြောင်းနေတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့စနစ်ဘက်ကိုသွားမယ်လို့ မျှော်လင့်ရပါတယ်။ ရုပ်ရှင်က ကြိုက်မှတင်ရမယ်ဆိုတော့ သူတို့က ဘယ်လိုဇာတ်လမ်း ကြိုက်မယ်ဆိုတာကိုလည်း မပြောတတ်ဘူးလေ။ အနုပညာကိုဦးစားပေး မလား၊ စီးပွားရေးကို ဦးစားပေးမလား။ ဘယ်လိုပုံစံကြိုက်မယ်ဆိုတာ မပြောတတ်ဘူးလေ။ ကောင်းတဲ့ဘက်ကို ဦးတည်ပါစေလို့ မျှော်လင့် ပါတယ်။ အခုဟာက ရုပ်ရှင်ကားအရေအတွက်ကလည်း များနေတယ်။ ရုံကလည်း ထပ်တိုးချဲ့နေတယ်ဆိုတော့၊ မမျှသေးဘူးဆိုတော့ အခုလိုမျိုး နှစ်ကြာသွားတာမျိုး ဖြစ်တတ်တာပေါ့နော်။ ထွက်လာတဲ့အခါမှာ ပရိသတ်နဲ့ အကြိုက်ချင်းတူဖို့၊ စိတ်ချင်းတူဖို့က ခဲယဉ်းပါတယ်။ ကံပဲလို့ပြောရမှာပေါ့။ အချိန် ကလည်း ကွာသွားတယ်ဆိုတော့လေ၊ ဇန်နဝါရီလထဲမှာတော့ ရုပ်ရှင်ကားကြီးတွေရော ဗီဒီယိုတွေပါလက်ခံထားပါတယ်၊ ရိုက်ဖို့ရှိပါတယ်။
မေး ။ ၂ဝ၁၇ က သက်မွန်အတွက် ကံကောင်းတဲ့နှစ်လို့ ပြောလို့ရမလား။
ဖြေ ။ ကံကောင်းပါတယ်၊ ကိုယ်လိုချင်တဲ့သမီးလေးလည်း ပိုင်ဆိုင်ရတယ်၊ သမီးလေးကလည်း ကျန်းကျန်းမာမာ လည်း ရှိတယ်၊ စီးပွားရေးလည်းလုပ်ရတယ်၊ အနုပညာအလုပ်လည်းလုပ်ရတယ်၊ အများကြီး ဖြတ်သန်းရတာ ပေါ့နော်၊ အခက်အခဲပေါင်းစုံရှိကြတာပဲလေ၊ ကျော်လွှားရတယ်၊ စိန်ခေါ်မှုတွေ အများကြီးရှိတာပဲလေ၊ တစ်ထစ်ချင်း လျှောက်လှမ်းလာနိုင်တယ်လို့ ထင်ပါတယ်။ ကံကောင်းခြင်းတွေရှိတဲ့နှစ်လို့ပြောလို့ရပါတယ်။
မေး ။ အခုဆို ကိုယ်တိုင်မိခင်ဖြစ်လာပြီဆိုတော့ သားသမီးတွေရဲ့အပေါ် မိခင်တစ်ယောက် ရဲ့ ခံစား ချက်လေး။
ဖြေ ။ ပြောင်းပြန်လို ဖြစ်နေတယ် တစ်ခါတလေ တစ်ယောက်နဲ့ တစ်ယောက်စကြရင် မီးမီးက မငိုဘူး၊ သားသားက ငိုတယ်။ အမေကို ကပ်တယ်၊ ချွဲတယ်၊ ပူဆာတယ်။ နှစ်ယောက်စလုံးကတော့ Óဉ်လေးတွေကောင်းပါ တယ်၊ မိဘကို ဒုက္ခမပေးဘူး။ စိတ်မဆင်းရဲရဘူး။ သူတို့အတွက် အစားအစာဆိုလဲ နှစ်ယောက်လုံး ဘာကျွေးကျွေး စားတယ်၊ သူတို့က မစားဘူးဆိုပြီး မိဘစိတ်ဆင်းရဲနေရတာမျိုး မရှိဘူး။
မေး ။ နောက်ထပ် ကလေးယူဖို့ အစီအစဉ်ရှိသေးလား။
ဖြေ ။ အဲဒါကတော့ ကိုယ်ကသာမန်လူ တစ်ယောက်အနေနဲ့ဆိုရင်တော့ ဆန္ဒရှိပါတယ်။ မိသားစု မောင်နှမ များတာကို လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေကြီးလာတဲ့အခါကျရင် ဆွေမျိုးမရှိတဲ့ဘဝကို ရုန်းကန် ရမှာဆိုးတယ်။ ကိုယ်ကိုယ်တိုင်လည်း ဆွေမျိုးတွေရှိရဲ့နဲ့ တခြားမှာ ရှင်သန်လုပ်ကိုင်ရတဲ့အခါကျတော့ သူတို့ကိုထားခဲ့ရတယ်။ မိဘမောင်နှမတွေနဲ့ ကွဲကွာရတာ အလွန်အထီးကျန်ဖြစ်တယ်။ လောကကြီးမှာ ကိုယ့်တစ်ဦးတည်း ဖြတ်သန်းရသလိုဖြစ်နေတယ်လေ။ သူတို့ကို အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ အသက်အရွယ်လည်း ရှိသေးတယ်။ အနုပညာသမားဖြစ်နေတဲ့အတွက် နည်းနည်းချိန်ရတာပေါ့။ အခုလက်ရှိမှာတော့ သားလေးရော သမီးလေးပါ ရှိနေပြီဖြစ်တဲ့အတွက် ကျေနပ်စရာကောင်းနေပါပြီ။
မေး ။ သားနဲ့သမီးအတွက် ရည်မှန်းချက်လေးတွေက။
ဖြေ ။ ရည်မှန်းထားတာကတော့ သူတို့အတွက် အကောင်းဆုံးဆိုတာမျိုးပေါ့၊ သူဘာဝါသနာပါမလဲ၊ ဘာဖြစ်ချင်လဲ ဆိုတာ ကြည့်ရဦးမှာပေါ့။ တကယ်လို့ အနုပညာပဲလုပ်ချင်တယ်ဆိုရင်တော့ ကိုယ်ကအတွေ့အကြုံရှိပြီးသားဖြစ်တဲ့အတွက် ကောင်းကောင်းပံ့ပိုးပေးနိုင်မယ်လို့ ထင်ပါတယ်၊ မလုပ်ချင်ဘူး၊ စာကိုပဲ စိတ်ဝင်စားတယ်၊ ကျောင်းတက် မယ်၊ သူ့အဖေလိုင်းဘက် Architect လိုင်း ဘက်သွားမယ်ဆိုရင်လည်း သူ့အဖေက ပံ့ပိုးပေးမှာပါ။ သားကတော့ အခုတစ်နေ့ကို မှန်သုံးကြိမ်လောက် ကြည့်နေတယ်၊ အလွန်လှချင်တယ်။ သားသားက အခု ဧပြီမှာကျရင် သုံးနှစ်ပြည့်မယ်၊ မီးမီးက ဒီဇင်ဘာ ၁၄ ရက်ကျရင် တစ်နှစ်ပြည့်ပါပြီ။ ကိုလင်း(MMAL)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment