Latest News

Thursday, December 21, 2017

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းကျော် လာရောက်

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းကျော် လာရောက်

ကျိုက်ထို  ဒီဇင်ဘာ  ၂ဝ

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် တောင်ဖွင့်ရာသီဖြစ်သည့်  အောက်တိုဘာ ၅ ရက်မှ လက်ရှိအချိန်ထိ နှစ်လခွဲကာလအတွင်း  နိုင်ငံခြားခရီးသွား ဧည့်သည် ၃၆၃၁၇ ဦးအထိ ဝင်ရောက်ခဲ့ပြီး    ပြည်တွင်းခရီးသွားဝင်ရောက်မှု ၇၃၇၃၆၈ ဦးရှိခဲ့ရာ  စုစုပေါင်း ၇၇၃၆၈၅ ဦး  အထိ ရှိပြီဖြစ်ကြောင်း  ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ဂေါပက အဖွဲ့မှ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တောင်ဖွင့်ရာသီတွင်  ပြည်တွင်းခရီးသွား  ၆၈၁၅၁၃ ဦး၊  နိုင်ငံခြားခရီးသွား ဧည့်သည် ၂၄၂၁၂ ဦးဖြင့်  စုစုပေါင်း   ၇ဝ၅၇၂၅  ဦးသာ ဝင်ရောက် ခဲ့သောကြောင့်   ယခုနှစ်တွင် လူဦးရေ ၆၇၉၆ဝ ဦး ပိုမို ဝင်ရောက်ခဲ့သည်။

''သီတင်းကျွတ်လပြည့်နေ့က စပြီး နယုန်လပြည့်နေ့အထိ ကျိုက်ထီးရိုးတောင် ဖွင့်တဲ့ကာလက ခုနစ်လရှိပါတယ်။ ခရစ်သက္ကရစ်နဲ့ ဆိုရင် အောက်တိုဘာ ၅ ရက်မှာ တောင်ဖွင့်ပါတယ်။  လက်ရှိ  နှစ်လခွဲကာလအတွင်းမှာ   ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု   မြင့်တက်ခဲ့ပါတယ်''  ဟု  အဆိုပါ  စေတီတော်  ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးကပြောသည်။

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်ဖွင့်ရာသီမှာ အောက်တိုဘာလဆန်းတွင် စတင်ခြင်းဖြစ်ပြီး အဆိုပါရာသီအတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ထက် ပိုမိုမြင့်တက်ခဲ့သော်လည်း ဘက်စုံအလှူငွေ အရပ်ရပ်  ကောက်ခံရရှိမှုမှာ ယခုနှစ်ထက် လျော့နည်း ရရှိခဲ့ကြောင်း  သိရသည်။

Ref; The Mirror Daily

No comments:

Post a Comment