Latest News

Thursday, December 21, 2017

မန္တလေးကျုံးပတ်လည် လာမည့်နှစ်ဆန်းပိုင်းတွင်ပြုပြင်မှုများ စတင်ဆောင်ရွက်မည်

မန္တလေးကျုံးပတ်လည် လာမည့်နှစ်ဆန်းပိုင်းတွင်ပြုပြင်မှုများ စတင်ဆောင်ရွက်မည်

မန္တလေး   ဒီဇင်ဘာ   ၂ဝ

မန္တလေးကျုံးပတ်လည် သန့်ရှင်းသာယာ လှပရေးအတွက်  ပြုပြင်မှုလုပ်ငန်းများကို   လာမည့်နှစ်ဆန်းပိုင်းတွင်     မ္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ      ပြုပြင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ဒီဇင်ဘာ    ၁၉  ရက်က မန္တလေးမြို့တော်ဝန်       ဦးဆောင်၍ ဆွေးနွေးညှိနှိုင်းမှုများ     ပြုလုပ်ခဲ့ပြီး      လက်ရှိ ဘတ်ဂျက်ငွေများမှ  သုံးစွဲကာ       နိုင်ငံတကာအဆင့်မီ သာယာလှပသော ကျုံးပတ်လည်ဖြစ်စေရန်   ပြုပြင်မွမ်းမံ သွားရန်နှင့် ကျုံးတောင်ဘက် ၂၆   လမ်း ကို ပထမဦးစွာ စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မ္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်း မြင့်က ပြောကြားသည်။

''လက်ရှိ     ကျုံးပတ်လည်အခြေ အနေက    ကြည့်လို့မကောင်းတာတွေ တော်တော်တွေ့နေရတယ်၊   လမ်းအခင်း တွေ၊ တံတားတွေ၊ ရေမြောင်းတွေလည်း ပျက်စီးချွတ်ယွင်းနေတာ      တွေ့ရသလို ဓာတ်တိုင်နဲ့   ကျုံးအကာအရံတွေက လည်း မညီမညာဖြစ်နေပြီး အမှိုက်ပုံးနဲ့ ကြော်ငြာဆိုင်းဘုတ်တွေကလည်း  ဖြစ် သလို ချိတ်ဆွဲထားကြတာကိုတွေ့ရတယ်။ ဒါတွေကို စည်ပင်မှာရှိတဲ့ ဘတ်ဂျက်ပေါ် မူတည်ပြီး တိုင်းဒေသကြီးအစိုးရခွင့်ပြု ချက်နဲ့     ရေရှည်ကောင်းမွန်အောင် ကျုံးလေးဖက်စလုံးကို ဦးစားပေးအဆင့် အနေနဲ့ ပြုပြင်သွားမှာပါ''ဟု   ¤င်းက  ပြောသည်။

အဆိုပါ    ကျုံးပတ်လည်ပြုပြင်မှု လုပ်ငန်းများတွင် ကျုံးဘေးတစ်လျှောက် လူသွားလမ်းအဖြစ် ခင်းကျင်းထားသည့် လမ်းများကို လျှောက်လမ်းနှင့်  စက်ဘီး လမ်းများအဖြစ်သာမက မသန်စွမ်းသူ များ Wheel Chair ဖြင့်သွားလာနိုင် သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားအမြင်တင့်တယ်စေမည့် လုပ်ငန်း များကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင်  ကျုံးမြို့ရိုးတောင်ဘက် ခြမ်းတွင်လည်း           ယခင်ရှိခဲ့ဖူးသည့် မန်းသီတာဥယျာဉ်ကဲ့သို့     အပန်းဖြေ ဥယျာဉ်တစ်ခုကို       အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တည်ဆောက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment