Latest News

Thursday, December 21, 2017

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းများအား နှောက်ယှက်တိုက်ခိုက်

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းများအား နှောက်ယှက်တိုက်ခိုက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော စခန်းများအား ယနေ့တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက လာရောက်နှောက်ယှက် တိုက်ခိုက်ခဲ့သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ကျေးရွာ အုပ်စု၊ ဟိုနားကျေးရွာအနီးရှိ  ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးစခန်းအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအင်အားတချို့က လက်နက်ကြီး/ လက်နက်ငယ် များဖြင့်လည်းကောင်း၊ နံနက် ၇ နာရီ ၄၀ မိနစ် ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းအား KIA/TNLA အင်အား ၅၀ ဦးခန့်က နေရာ ၃ နေရာမှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ရန်သူများ အနောက်ဘက်နှင့် အရှေ့ဘက်သို့ အသီးသီးဆုတ်ခွာ သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရန်သူ့ထံမှ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလျက်ရှိသည်။

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများက ယခုကဲ့သို့ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသော စခန်းများအား  နှောက်ယှက်တိုက်ခိုက်ခဲ့ခြင်းသည် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Ref;The Mirror Daily

No comments:

Post a Comment