Latest News

Friday, December 29, 2017

ပန်းတောင်းမြို့နယ်၌ ဘင်္ဂါလီ ၆ ဦးဖမ်းဆီးရမိ

ပန်းတောင်းမြို့နယ်၌ ဘင်္ဂါလီ ၆ ဦးဖမ်းဆီးရမိ

 ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့၊ ၁၂၅၅ အချိန် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့(မကဖ)စစ်ဆေးရေးဂိတ်၌ ညောင်ကျိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးရေး ဆောင်ရွက်စဉ် တောင်ကုတ်မှ ပြည်သို့ မောင်းနှင်လာသည့် 2E-xxxx TOYOTA Mark II ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဥသျှစ်ပင်နယ်မြေ ရဲစခန်းသို့ အကြောင်းကြားခဲ့ သတင်းရရှိပါသည်။

 ၁၃၀၅ အချိန်တွင် ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်(၂၃/၂-၃)ကြား ညောင်ခြေထောက် ကျေးရွာအနီး၌ ဥသျှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ ပန်းတောင်းမြို့နယ် ဒုလဝကမှူး ဦးဝင်းမြင့် အပါအဝင် ၃ ဦးနှင့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စောမိုးကျော်(၅၂)နှစ် ကြေးမုံသတင်းထောက် မောင်းနှင်ပြီး မျိုးလွင်(၃၄)နှစ် အပါအဝင် ဘင်္ဂါလီလူမျိုး ၆ ဦး(ကျား ၂၊ မ ၄)လိုက်ပါလာသည့် 2E- xxxx ယာဉ်အား ပိတ်ဆို့ ဖမ်းဆီးရမိခဲ့ပါသည်။

 စောမိုးကျော်အား စစ်မေးရာ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ၁၉၀၀ အချိန် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးကယ် ဆယ်ရေးစခန်းမှ  မျိုးလွင်အပါအဝင် ဘင်္ဂါလီလူမျိုး ၆ ဦးအား ငွေကျပ် ၂၀ သိန်းဖြင့် ပြည်မြို့(အဝေးပြေး ကားဝင်းထိ)ပို့ဆောင်ရန် ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ၁၈၅၀ အချိန်တွင် စောမိုးကျော်(ဖမ်းမိ) အား ဥသျှစ်ပင်နယ်မြေရဲစခန်းမှ (ပ)၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၆၇ (ကျွန်ပြုရန် လူခိုးမှု)ဖြင့်  အမှုဖွင့်ပြီး မျိုးလွင်ပါ ဘင်္ဂါလီလူမျိုး ၆ ဦးအား လဝကအက် ၆(၂)/၆(၃)ဖြင့် ပန်းတောင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲရန် စီစဉ် ထားရှိကြောင်း သတင်းရရှိပါသည်။

Ref;ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment