Latest News

Friday, December 29, 2017

နှစ်သစ်တွင် ပြန်လည်ဦးမော့လာနိုင်တဲ့ ရီးရဲမက်ဒရစ်ရဲ့ အကြောင်းတရားများ

နှစ်သစ်တွင် ပြန်လည်ဦးမော့လာနိုင်တဲ့ ရီးရဲမက်ဒရစ်ရဲ့ အကြောင်းတရားများ

၂ဝ၁၆-၁၇ ရာသီအကုန်မှာတော့ ရီးရဲမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို (၁၂)ကြိမ်မြောက်သိမ်းပိုက်ပြီး ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ စပိန်လာလီဂါ ဆုဖလားကိုလည်း (၃၃)ကြိမ်မြောက်ရယူနိုင်ခဲ့တယ်။ ဒါကြောင့် ၂ဝ၁၆-၁၇ ရာသီကတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ အကောင်းဆုံးနှစ်တစ်နှစ်လို့ ပြောရမယ်။ ဒါပေမယ့်ဒီနှစ်ရာသီမှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့  ခြေစွမ်းတွေက အကောင်းဆုံး ရှိမနေခဲ့ဘူး။ အသင်းရဲ့ ကစားသမားကောင်းတွေထွက်ခွာသွားတာရှိသလို လက်ရှိ အသင်းရဲ့  အခြေအနေပေါ်ကိုလည်း ဝေဖန်မှုတွေရှိနေခဲ့ကြတယ်။  လက်ရှိအချိန်မှာ အသင်းဟာ  အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာရှိနေပြီး  ထိပ်ဆုံးမှာရှိနေတဲ့ ဘာစီလိုနာအသင်းနဲ့ ၁၄ မှတ်ကွာခြားနေတယ်။ ဒါ့အပြင် အယ်လ်ကလက်စီကိုမှာလည်း သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အုပ်စု ဒုတိယနေရာကနေ ရှုံးထွက် အဆင့်ကိုတက်ခဲ့ရတယ်။    အခုတော့  ရီးရဲမက်ဒရစ်အသင်းဟာ   ဆောင်းရာသီ အားလပ်ရက်ကို အနားယူပြီး အသင်းတွက်ပြင်ဆင်မှုတွေပြုလုပ်နေတယ်။ လက်ရှိ အခြေအတွေအပေါ်ကြည့်တဲ့အခါ  ရီးရဲမက်ဒရစ်အသင်းဟာ နှစ်သစ်နဲ့အတူ ပြန်လည် ဦးမော့လာနိုင်မယ်လို့လည်း သုံးသပ်ရမှာဖြစ်သလို  ဖြစ်လာနိုင်တဲ့အကြောင်းတရား တွေကလည်း အခိုင်အမာရှိတယ်လို့ပြောရမယ်။

ရော်နယ်ဒို
ရီးရဲမက်ဒရစ်အသင်းဟာ  ရော်နယ်ဒိုနဲ့အတူ အကောင်းအဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်ဆိုတာဟာ ပြောစရာမလိုဘူးလို့တော့ ထင်ပါ တယ်။    ရော်နယ်ဒိုဟာ  ရီးရဲမက်ဒရစ်အသင်းမှာ ၂ဝဝ၉  ခုနှစ်က စတင်ကစားခဲ့တာဖြစ်ပြီး  သူဟာအသင်းနဲ့  အတူ ဂိုးပေါင်း  ၄ဝဝ ကျော် သွင်းယူပေးထားခဲ့သူလည်း ဖြစ်ပါတယ်။ ၂ဝ၁၆-၁၇ ရာသီ အစတုန်းကဆိုရင်လည်း ရော်နယ်ဒိုရဲ့ခြေစွမ်းဟာ ညံ့ဖျင်းခဲ့ပြီး ဂိုးပေါက်တွေလည်း  ပျောက်ဆုံး နေခဲ့ပါတယ်။     ဒါပေမယ့်  ဘိုင်ယန်မြူးနစ်၊  အက် သလက်တီကိုအသင်းတို့ နဲ့ကစားခဲ့ရတဲ့ ချန်ပီယံ လိဂ်ပွဲစဉ်တွေမှာ ဟက်ထရစ်   ဂိုး တွေ    သွင်းယူ ပေးပြီး    ဂိုး သွင်း  ခြေ တွေပြန်လည်ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဆိုရင်လည်း စံချိန်တင်ဟက်ထရစ် ဂိုးသွင်းယူပေးပြီး အသင်းကိုချန်ပီယံ ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။ ၂ဝ၁၆- ၁၇ ရာသီမှာ  ရော်နယ်ဒိုဟာပြိုင်ပွဲစုံမှာ  ၄၂ ဂိုးအထိ  သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း  ရော်နယ်ဒိုသာ သူ့ရဲ့ခြေစွမ်းတွေ ပြန်လည်ရရှိခဲ့မယ်ဆိုရင်  ရီးရဲ မက်ဒရစ်အသင်းအတွက် ဆုဖလားဆိုတာ မဝေးဘူးလို့ ပြောရမှာပါ။

အတွေ့အကြုံ
အတွေ့အကြုံ ဆိုတာက  အသင်းတိုင်းအတွက်တော့ ဆုဖလားရယူတဲ့ နေရာမှာ အဓိက   အရေးပါတဲ့အချက်အဖြစ် ရှိနေပါတယ်။ က္ဘာ့ဘောလုံးလောကကို ကြည့်မယ် ဆိုရင်လည်း လူငယ်ကစားသမားတွေနဲ့ဖွဲ့စည်းပြီး အောင်မြင်တဲ့အသင်းဆိုတာဟာ   ရှားတယ်လို့  ပြောရမှာပါ။ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းတွေဟာ အတွေ့ အကြုံကောင်းတွေ ကင်းမဲ့တာကြောင့် ဆုဖလားမရရှိတာလည်း  ဖြစ်ပါတယ်။    ရီးရဲမက်ဒရစ်မှာကတော့ အဲဒီအရာကို ပေါများစွာ ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပါ တယ်။  ရီးရဲမက်ဒရစ်အသင်းရဲ့  ၂ဝ၁၄ ခုနှစ် က  ချန်ပီယံလိဂ်  ဆုဖလား ရယူထားနိုင်ခဲ့တဲ့ ကစားသမား တွေ   ထဲ  က အဓိက ကစားသမား ၁၂ ယောက်ဟာ လက်       ရှိ ၂ဝ၁၇ ခုနှစ်မှာ  အသင်းမှာရှိနေဆဲဖြစ် တယ်။  သူတို့ တွေဟာ   အဲဒီကြားကာလမှာ   ရီးရဲ မက်ဒရစ် အသင်းအတွက်      ဆုဖလားပေါင်း မြောက်မြားစွာကိုလည်း   ရယူပေး နိုင်ခဲ့ကြတယ်။      ဒါကြောင့် အတွေ့အကြုံကောင်း တွေပိုင်ဆိုင်ထားတဲ့  ကစားသမား တွေရှိနေတဲ့ ရီးရဲမက်ဒရစ်အသင်း အတွက် အောင်မြင်မှုဟာလက် တစ်ကမ်းမှာလို့ပြောရမယ်။

ဆောင်းရာသီအားလပ်ရက်
ဆောင်းရာသီ အားလပ်ရက် ဟာ အသင်းတိုင်းအတွက်တော့ အရေးပါတယ်။ အထူးသဖြင့် ရီးရဲ မက်ဒရစ်လို    အသင်းမျိုးအတွက်က ပိုအရေးကြီးတယ်။ ရီးရဲမက်ဒရစ်အသင်း ဟာပြိုင်ပွဲစုံ  တစ်ရာသီမှာ  ပွဲ ၆ဝ လောက် ကစားထားရတာကြောင့် ကစားသမားတွေ ရဲ့ကြံ့ခိုင်မှုဟာ   ဆောင်းရာသီ   အားလပ်ရက်နဲ့ တိုက်ရိုက်အချိုးကျတယ်လို့တောင် ပြောရမယ်။ ၁၉၉၂  ခုနှစ်နောက်ပိုင်း  ချန်ပီယံလိဂ်သမိုင်းကို ကြည့်မယ်ဆိုရင်လည်း  ပရီမီယာလိဂ်အသင်းတွေ  ချန်ပီယံဖြစ်တာဟာ လေးကြိမ်ပဲ ရှိပါတယ်။ ဒါဟာဆောင်းရာသီအားလပ်ရက် မရှိခြင်းရဲ့ ဆိုးကျိုးလို့လည်း  ပညာရှင် တွေကတော့ ဆိုကြပါတယ်။

လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ရလဒ်တွေ ဆိုးနေခဲ့ပေမယ့် ဆောင်းရာသီအားလပ်ရက်နဲ့အတူအသင်းဟာ အကောင်းဆုံးအခြေ အနေကို ပြန်လည်ရောက်ရှိလာဖို့အတွက် မျှော်မှန်းနိုင်တဲ့အခြေအနေမှာလည်းရှိပါတယ်။  ဒါကြောင့်လည်း  နှစ်သစ်မှာတော့ ရီးရဲမက်ဒရစ်အသင်း ဟာ ပြန်လည်ဦးမော့လာနိုင်မယ်လို့ဆိုရမယ်။    
အောင်က(MMAL)

No comments:

Post a Comment