မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ ထက်ဝက်ကျော်ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရှိ
နေပြည်တော် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ရုံးများတွင် ၂ဝ၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်၍ နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
၂ဝ၁၇ ခုနှစ် နိုဝင်ဘာလစာရင်း များအရ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထား သည့် မော်တော်ယာဉ် ၉၉၉၁ဝ၁ စီး ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၌ အစီး ၅၃၂၃၁ဝ ရှိရာ တစ်နိုင်ငံလုံး မော်တော်ယာဉ်စီးရေ၏ (၅၃ ဒသမ ၂၈ ရာခိုင်နှုန်း)မှာ ရန်ကုန်တိုင်းဒေသကြီး တွင် ရှိနေကြောင်း သိရသည်။
အရေးယူ ဆောင်ရွက်ထိုသို့ ယာဉ်စီးရေများပြားလာသည် နှင့်အမျှ ကုန်းလမ်းပို့ဆောင်ရေး òန်ကြားမှုဦးစီးဌာနရုံးများတွင် ယာဉ် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်သည့် ယာဉ်များ နံနက်မိုးမလင်းမီကပင် ကြိုတင်တန်းစီရခြင်း၊ ရုံးဝင်းအတွင်း ယာဉ်များပြည့်နေခြင်း၊ ရုံးဝင်းပြင်ပအထိ တန်းစီနေသည့် ယာဉ်တန်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ ပုံမှန်လိုအပ် သည်ထက် အချိန်ကြန့်ကြာခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မြင်သာ)တွင် ယာဉ်စစ်နှင့် ယာဉ်မှတ်ပုံတင်ဝန်ထမ်းများ တိုးမြှင့် ခန့်ထားခြင်း၊ စက်ပစ္စည်းကိရိယာများ ထပ်မံဖြည့်တင်းခြင်း၊ လုပ်ငန်းဆောင်ရွက် မှုပုံစံနှင့် လုပ်ငန်းအဆိုင်းများတိုး၍ ဆောင်ရွက်ပေးခြင်းတို့ဖြင့် လတ်တလော အဆင်ပြေချောမွေ့စေရန် ချက်ချင်း အရေးယူ ဆောင်ရွက်ပေးခဲ့ပြီးဖြစ် သည်။
ယခုဆက်လက်၍ လုပ်ငန်းများ လွယ်ကူမြန်ဆန်စေရန်နှင့် လုပ်ငန်း လာရောက်ဆောင်ရွက်သူများ သက်သာ အဆင်ပြေစေရန်ရည်ရွယ်၍ နှစ်လဲယာဉ် စစ်ဆေးခြင်းကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ Online Booking စနစ်ဖြင့် စတင်ကျင့်သုံးသွားမည်ဖြစ် ကြောင်း၊ Online Booking အား နှစ်လဲမှတ်ပုံတင် မော်တော်ယာဉ်များ အတွက်သာ စတင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး နယ်ဝင် ယာဉ်များ၊ စက်ပြောင်း၊ ဆေးရောင်ပြောင်း၊ အမည်ပြောင်း စစ်ဆေးခံမည့်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ကြိုတင်ရယူနိုင်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရုံးငါးရုံး၌ နှစ်လဲယာဉ်စစ်ဆေးခြင်းကို Online Booking စနစ်ဖြင့် ရက်ချိန်း ရယူလိုသူများသည် www.rtad.gov.mm website တွင် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ကြိုတင်စာရင်းသွင်း နိုင်မည်ဖြစ်ပြီး နှစ်လဲမှတ်ပုံတင်ယာဉ် စစ်ဆေးရက်ချိန်းရယူရန် အနည်းဆုံး သုံးရက်မှ အများဆုံး ရက် ၃ဝ အထိ ကြိုတင်ရယူနိုင်မည်ဖြစ်သည်။
လက်ခံဆောင်ရွက်
Online Booking စနစ်ကို ရုံးဖွင့်ရက်များတွင် နံနက်၊ ညနေ နှစ်ပိုင်း ခွဲ၍ ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရုံး လေးရုံးနှင့် တိုင်းဒေသကြီးရုံးခွဲ (ရွာသာ ကြီး)ရုံးများ၌ သတ်မှတ်ယာဉ်စီးရေ အလိုက် လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ Online Booking ရယူရန် အခက်အခဲရှိသူများ နှစ်လဲ သက်တမ်းတိုးဆောင်ရွက်ရာတွင် အဆင် ပြေစေရေးအတွက် လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်ကိုOnline Booking ရက်ချိန်းရယူရန် မလိုဘဲ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ့အလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment