မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုအသစ်များ ပြုလုပ်ရန်အတွက် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မည်
ဂျီနီဗာ ဒီဇင်ဘာ ၂၂
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားက နောက်ဆုံးပြုလုပ်ခဲ့ သည့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့မှုအပေါ် တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုတင်းကျပ်$သည့် အရေးယူပိတ်ဆို့မှု များ ပြုလုပ်ရန်အတွက် အမေရိကန်က မူကြမ်းရေးဆွဲခဲ့သည့်ဆုံးဖြတ်ချက်ကို သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆုံးဖြတ်ချက်မူကြမ်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ တစ်နှစ်လျှင်ရေနံစည် ပေါင်း ၅ဝဝဝဝဝ ကန့်သတ်လိုက်ခြင်းဖြင့် ရေနံထွက်ကုန်တင်ပို့မှု ၉ဝ ရာခိုင်နှုန်းကို ပိတ်ပင်သွားရန် ရေးဆွဲထားပြီး ၁၂ လအတွင်း ပြည်ပသို့သွားရောက်အလုပ်လုပ် ကိုင်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် တောင်းဆိုထား သည်။
ဆုံးဖြတ်ချက်မူကြမ်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ ရေနံစိမ်းပေးပို့မှုကိုလည်း တစ်နှစ်လျှင် ရေနံစည် လေးသန်းအထိ ကန့်သတ်သွားမည်ဖြစ်သည်။အမေ ရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံက ¤င်း၏ရေနံကို ¤င်း၏ အိမ်နီးချင်းမဟာမိတ် နိုင်ငံသို့ ပေးပို့နေမှုကို ကန့်သတ်ရန် တောင်းဆိုထားသည်။
ယင်းဆုံးဖြတ်ချက်မူကြမ်းကို ကြာသပတေးနေ့တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံသို့ ဖြန့်ဝေအကြောင်းကြားခဲ့သည်။ မဲခွဲဆုံးဖြတ်မှုတွင် တရုတ်နိုင်ငံ အနေဖြင့် မည်ကဲ့သို့ မဲပေးသွားမည်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။မြောက်ကိုရီးယားအပေါ် ချမှတ်ရန် ရေးဆွဲထားသည့် ဥပဒေမူကြမ်းသည် ပေကျင်းနှင့်ဝါရှင်တန်၏ သဘော တူညီမှုမရရှိမီအထိ အဖွဲ့ဝင်များ အားလုံးထံသို့ ဖြန့်ဝေခြင်း မရှိခဲ့ပေ။
အမေရိကန်သည် အရေးယူပိတ်ဆို့မှုဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်လုံးညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သံတမန်များက ပြောကြားသည်။ အကယ်၍ အတည်ပြုနိုင်ခဲ့လျှင် ယင်းဆုံးဖြတ်ချက်သည် မြောက်ကို ရီးယားနိုင်ငံ၏ နျူကလီးယားနှင့်ဒုံးကျည်အစီအစဉ်များအပေါ် ၂ဝဝ၆ ခုနှစ် ကတည်းက အရေးယူပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သည့်အနက် အရေးယူပိတ်ဆို့မှု အသစ်များချမှတ်လိုက်သည့် ၁ဝ ကြိမ်မြောက်ဆုံးဖြတ်ချက် ဖြစ်လာမည်ဖြစ်သည်။
Ref ; Reuters(MWD)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment