Latest News

Thursday, December 28, 2017

မိတ္ထီလာမြို့ဈေးရှေ့ရှိ (၈)နာရီ ကုန်စိမ်းဈေးမှ ကုန်စိမ်းဈေးသည် ၉၀၀ ကျော်အား ယာယီဈေးပြုလုပ်ရွှေ့ထားပြီး စနစ်တကျ သတ်မှတ်နေရာ ပေးမည်

မိတ္ထီလာမြို့ဈေးရှေ့ရှိ (၈)နာရီ ကုန်စိမ်းဈေးမှ ကုန်စိမ်းဈေးသည် ၉၀၀ ကျော်အား ယာယီဈေးပြုလုပ်ရွှေ့ထားပြီး စနစ်တကျ သတ်မှတ်နေရာ
ပေးမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဈေးရှေ့ရှိ (၈)နာရီ ကုန်စိမ်းဈေးမှ ကုန်စိမ်းဈေးသည် ၉၀၀ ကျော်အား ယာယီဈေးပြုလုပ်ရွှေ့ထားပြီး စနစ် တကျ သတ်မှတ်နေရာများ ချထားပေးမည် ဖြစ်ကြောင်း သိရသည်။

" မိတ္ထီလာမြို့ ဈေးရှေ့မှာရှိတဲ့ (၈)နာရီကုန်စိမ်းဈေးကို ရွှေ့မှာပါ။မိတ္ထီလာမြို့မှာ ရှိတဲ့ ဘဲကန် ဆိုတဲ့နေရာကို ရွှေ့မှာပါ။အဲဒီမှာ နေရာအတွက် မြေညှိ့တာတွေ အခန်းလုပ်တာတွေ သန့်ဇင်ခန်းတွေနဲ့ လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်တာတွေ လုပ်ထားပါပြီ။အဲဒီကို ရွှေ့တဲ့ နေရာမှာ စနစ်တကျ နေရာချပေးနိုင်ဖို့ မနေ့က(ဒီဇင်ဘာ ၂၇)ကစပြီး မိတ္ထီလာမြို့ နာရီစဉ်အနီးမှာရှိတဲ့ စည်ပင်သာယာခန်းမမှာ မဲနှိုက်ရွေးချယ် တာ စတင်လုပ်ကိုင်နေပါတယ်။ဒီဇင်ဘာ ၂၈ / ၂၉ သုံးရက် မဲနှိုက်သွား မှာပါ။ဒီဇင်ဘာ ၃၁ ရက်ညနေပိုင်းက စတင်ရွေ့ပြီး ဇန်နဝါရီ ၁ ရက်နေ့ အပြီးရွှေ့မှာပါ။ခုလို ပြောင်းရွှေ့တာ ယာယီပေါ့နော်။ပြီးရင် သတ်မှတ် နေရာ တစ်ခုကို အတည်ပြောင်းရွှေ့ပါ့မယ်။"ဟု စည်ပင်သာယာရေး ကော်မတီ ဦးအောင်ကြိုင် မှပြောကြားသည်။

မိတ္ထီလာမြို့ဈေးရှေ့ရှိ ကုန်စိမ်းဈေးသည် ၉၀၀ ကျော်အား ယာယီဈေးသို့ ပြောင်းရွေ့ရောင်းချရာတွင် အဆင်ပြေစေရေးအတွက် စနစ်တကျ စီစဉ် ဆောင်ရွက်ထားပြီး သတ်မှတ်နေရာတစ်ခုတွင် အတည်ပြုရောင်းချနိုင်ရန် နေရာပေးရာတွင် ယာယီဈေးသို့ ပြောင်းရွေ့လိုက်ပါရောင်းချသည့် ဈေးသည်များကိုသာ အတည်ချပေးသည့်ဈေးနေရာတွင် ထည့်သွင်းစဉ်းစား ပေးပြီး ယာယီဈေးသို့ လိုက်ပါရောင်းချခြင်းမရှိသော ဈေးသည်များအား ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ကြောင်း သိရသည်။ဘိုဘို(မလှိုင်)

No comments:

Post a Comment