Latest News

Thursday, December 14, 2017

အချုပ်ခန်းဖောက်ထွင်းထွက်ပြေးသော မူးယစ်တရားခံ ဖမ်းဆီးရမိ

အချုပ်ခန်းဖောက်ထွင်းထွက်ပြေးသော မူးယစ်တရားခံ ဖမ်းဆီးရမိ

ရွှေဘို   ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့နယ်  ချောင်းဦးကျေးရွာ  ရွာလယ် လမ်းမပေါ်တွင်  အချုပ်ခန်းဖောက်ထွင်း ထွက်ပြေးသော   မူးယစ်တရားခံပြေး တစ်ဦး  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကျော်က    မိမိခရိုင်နယ်မြေအတွင်း မှုခင်းဖြစ်ပွားမှု   လျော့နည်းစေရေးနှင့် ပြေး(၄)ပြေးများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး    ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၉  ရက် တွင် ကန့်ဘလူမြို့နယ် မလယ်နယ်မြေ ရဲစခန်း  အချုပ်ခန်း  အိမ်သာအထက် အမိုးသစ်သားချောင်းအား       ခွာ၍   ထွက်ပြေးလွတ်မြောက်နေသော  တရားခံ အေးနိုင်(ခ)နိုင်စိုး သည်   ရေဦး မြို့နယ်   ချောင်းဦးကျေးရွာသို့    ရောက်ရှိ နေကြောင်း  သတင်းရရှိသဖြင့်  ရေဦးမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေမျိုးအောင်နှင့်အဖွဲ့က ဒီဇင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီတွင် ရေဦးမြို့နယ် ချောင်းဦးကျေးရွာ      ရွာလယ်လမ်းမ ပေါ်တွင် တရားခံပြေး အေးနိုင်(ခ) နိုင်စိုး အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ တရားခံပြေးအား   မူးယစ်မှု၊  အချုပ်ခန်း ဖောက်ထွင်းထွက်ပြေးမှုတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း       သိရ    သည်။
သတင်းနှင့် ဓာတ်ပုံ-မိုးသောက်(ရွှေဘို)

No comments:

Post a Comment