Latest News

Friday, December 22, 2017

မောင်တောမြို့မဈေးကို လုံခြုံရေးကင်မရာများတပ်ဆင်ပြီး ပြန်လည်ဖွင့်လှစ် သွားမည်

မောင်တောမြို့မဈေးကို လုံခြုံရေးကင်မရာများတပ်ဆင်ပြီး
ပြန်လည်ဖွင့်လှစ် သွားမည်

မောင်တော ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြို့မ ဈေးကြီးကို သြဂုတ်လအတွင်း အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ယခုအချိန်ထိ ပိတ်ထားရကာ CCTV ကင်မရာများတပ်ဆင် ပြီးပါက ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

"မောင်တောမြို့မဈေးကြီးကို ပြန်လည်ဖွင့် လှစ်တဲ့အခါမှာ ဈေးသူဈေးသားတွေလုံခြုံ စေဖို့နဲ့ ဈေးလုံခြုံရေးအခြေအနေတွေအရ
CCTV ကင်မရာ ၂၄ လုံးကိုတပ်ဆင် ပေးသွားမှာပါ။ ဒီမြို့မဈေးကြီးကို လုံခြုံရေး အခြေအနေအရမလိုလားအပ်တဲ့ ပြဿနာ တွေ မဖြစ်ရလေအောင် ကြိုးစားဆောင်ရွက် နေပါတယ်" ဟု မြို့နယ်စည်ပင် သာယာရေး ကော်မတီအမှုဆောင်အရာရှိ ဦးရွှေမောင်
ကပြောသည်။

မြို့မဈေးကြီးတွင် ယခင်က CCTV ကင်မရာ ၁၆ လုံးတပ်ဆင်ရန် လျာထားခဲ့ သော်လည်း မလုံလောက်သည့်အတွက် ၂၄ လုံးအထိ တပ်ဆင်ခြင်းဖြစ်ကြောင်းနှင့် တပ် ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေလပိုင်းကဖြစ်ပေါ်ခဲ့သည့် မိုရာမုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ သည့် မောင်တောမြို့အ၀င်မုခ်ဦးကိုလည်း မြို့ပေါ်နေပြည်သူများ၏ ဆန္ဒအတိုင်းမူလ နေရာမှရှေ့သို့တိုး၍ ဆောက်လုပ်ပေးသွား မည်ဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးရွှေမောင်ထံမှသိရသည်။MWD

No comments:

Post a Comment