Latest News

Wednesday, December 6, 2017

သဘာဝဘေးနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ

သဘာဝဘေးနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ


မိုးကြိုးမုန်တိုင်းနှင့် မိုးသီးကြွေခြင်း

ကမ္ဘာတစ်ဝန်းလုံး၌ နေ့စဉ်အားဖြင့် မိုးကြိုးမုန်တိုင်းဖြစ်စဉ် အကြိမ်ရေ ၄ဝဝဝဝ ခန့် ဖြစ်ပွားလျက် ရှိနေသည်။ ကောင်းကင် တိမ်တိုက်များအတွင်းရှိ ရေမှုန်ရေမွှားများသည် လေပြင်းများ ကြောင့် အချင်းချင်း ပွတ်တိုက်မိကြရာမှ လျှပ်စစ်စီးကူးမှုများ ဖြစ်ပေါ်လာချိန်တွင် အပူချိန်ကွာခြားမှု မြင့်မားသောကြောင့် ဒြပ်မှုန်တို့၏ သိပ်သည်းဆပမာဏကွာဟမှု ကြီးမားစွာဖြစ် ပေါ်ကာ အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ထစ်ချုန်းသံ များ ထွက်ပေါ်လာခြင်းကို မိုးကြိုးမုန်တိုင်းဖြစ်စဉ်ဟု ခေါ်ဆို ခြင်းဖြစ်သည်။

ကမ္ဘာ့သမုဒ္ဒရာကြီးများနှင့် ကုန်းမြေတိုက်ကြီးများသည် အပူဓာတ်ကို   စုပ်ယူထိန်းသိမ်းရာတွင်  မတူကွဲပြားသော သဘောသဘာဝ ရှိနေကြသောကြောင့် က္ဘာ့ရာသီဥတုနှင့် မိုးလေဝသဖြစ်စဉ်များအပေါ်၌ အကျိုးသက်ရောက်ပုံကလည်း ဆန်းပြားလှသည်။ သမုဒ္ဒရာရေထုသည် ကုန်းမြေထုကဲ့သို့ အပူဓာတ်ကို လျင်မြန်စွာစုပ်ယူခြင်း မပြုနိုင်ကြသော်လည်း စုပ်ယူထားပြီးသား အပူဓာတ်ကိုမူ အချိန်ကြာမြင့်စွာ ထိန်း သိမ်းထားနိုင်စွမ်းရှိကြသည်။ ကုန်းမြေတိုက်ကြီးများကမူ အပူ ဓာတ်ကို လျင်မြန်စွာ စုပ်ယူနိုင်ကြသော်လည်း စုပ်ယူထား သည့် အပူဓာတ်ကို ကြာရှည်ထိန်းသိမ်းထားနိုင်စွမ်း မရှိကြပေ။

ထိုသို့သော သဘောသဘာဝများကြောင့်ပင် သမုဒ္ဒရာရေ ထုသည် စုပ်ယူထားသောအပူဓာတ်ကို လေထုထဲသို့စွန့်ထုတ် ရာတွင် ပမာဏအများအပြားကို တဖြည်းဖြည်းချင်းသာ ထုတ် လွှတ်ကြသောကြောင့် အပူချိန် ရုတ်ခြည်းကျဆင်းသွားခြင်းမျိုး မဖြစ်ပေါ်ပေ။ ကုန်းမြေတိုက်ကြီးများကမူ ပမာဏနည်းပါးသော အပူဓာတ်ကို အလျင်အမြန် စွန့်ထုတ်ပစ်လိုက်ကြသည့်အတွက် အပူချိန် ရုတ်တရက်ကျဆင်းသွားသည်။ တစ်နည်းဆိုရသော် က္ဘာ့ကုန်းမြေတိုက်ကြီးများသည် အပူချိန်အတက်အကျ အလွန် မြန်ဆန်သည့် သဘောသဘာဝရှိကြပြီး သမုဒ္ဒရာရေထုကြီး ကမူ အပူချိန်အတက်အကျ အလွန်နှေးကွေးသည့် သဘော သဘာဝရှိနေသည်။

အလားတူပင် သမုဒ္ဒရာရေထုသည် လေထုနှင့်နှိုင်းယှဉ်ပါက လည်း အပူဓာတ်ကိုစုပ်ယူရရှိမှု လွန်စွာနှေးကွေးသော သဘော သဘာဝရှိနေသည်။ ထုထည်ပမာဏချင်းတူညီပါက လေထုက စုပ်ယူနိုင်သော အပူဓာတ်ထက် အဆ ၃ဝဝဝ ခန့်ပြင်းပြသော အပူဓာတ်ကိုရရှိမှသာ ရေထု၏အပူချိန်က လေထု၏ အပူချိန် နှင့် တန်းတူဖြစ်လာသည်။ ထို့ကြောင့်ပင် ထုထည်အားဖြင့် တစ်ကုဗမီတာရှိသောရေထုက အပူချိန် တစ်ဒီဂရီစင်တီဂရိတ် စွန့်ထုတ်လိုက်ခြင်းကြောင့် ကုဗမီတာ ၃ဝဝဝ ရှိသောလေထုကို အပူချိန် တစ်ဒီဂရီစင်တီဂရိတ် မြင့်တက်လာစေနိုင်သည်။

လေထု၏အပူချိန်သည် လေဖိအားကို အပြောင်းအလဲဖြစ် ပေါ်စေသည်။ လေထုအပူချိန် မြင့်တက်နေလျှင် လေဖိအားကျ ဆင်းပြီး လေထုအပူချိန် ကျဆင်းပါက လေဖိအားမြင့်တက်လာ သည်။ ထို့ကြောင့်ပင် သမုဒ္ဒရာရေပြင်များ၊ ပင်လယ်အော်နှင့် ကမ်းလွန်ပင်လယ်ပြင်များ၌ ရေထုကစွန့်ထုတ်လိုက်သော အပူ ဓာတ် အနည်းအများသည် လေထုအတွင်း၌ ကြီးမားသော အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေကာ လေဖိအားနည်းရပ်ဝန်း နှင့် လေဖိအားများရပ်ဝန်းတို့ကို ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။

လေဖိအားနည်းရပ်ဝန်းနှင့် လေဖိအားများရပ်ဝန်းတို့သည် လေတိုက်ရာလမ်းကြောင်း၏  ဦးတည်ရာကို  လည်းကောင်း၊ မုန်တိုင်း တိုက်ခတ်ရွေ့လျားရာလမ်းကြောင်း၏ ဦးတည်ရာကို လည်းကောင်း ဖန်တီးနိုင်စွမ်းရှိကြသည်။ ထို့အတူပင် က္ဘာ့ ကုန်းမြေတိုက်ကြီးများနှင့် သမုဒ္ဒရာရေပြင်တို့အကြား အပူချိန် ခြားနားချက်များကလည်း က္ဘာ့ရာသီဥတုနှင့် မိုးလေဝသ အခြေအနေများကို အမျိုးမျိုးအဖုံဖုံဖြစ်အောင် ပြုပြင်ဖန်တီး လျက် ရှိနေကြသည်။

ကမ္ဘာ့ကုန်းမြေတိုက်ကြီးများသည် ဒြပ်ဝတ္ထုအစိုင်အခဲများ ဖြစ်ကြသောကြောင့် နေမှရရှိသော အပူဓာတ်ကို အပေါ်ယံ မြေလွှာက လျင်မြန်စွာစုပ်ယူသိုမှီးထားပြီး အပူလျှောက်ကူးမှု နည်းလမ်းဖြင့် နက်သော မြေလွှာအတွင်းပိုင်းသို့ အပူဓာတ် အနည်းငယ်ကို ပျံ့နှံ့ရောက်ရှိစေသည်။ သမုဒ္ဒရာရေထုကမူ နေမှရရှိသော အပူဓာတ်ကို တဖြည်းဖြည်းစုပ်ယူရင်း အပေါ်ယံ ရေလွှာက ပူနွေးလာသည့်အခါ အောက်အလွှာရှိ အေးသော ရေများဆီသို့ အပူစီးကူးမှုနည်းလမ်းဖြင့် ကျယ်ပြန့်စွာရောက် ရှိစေကာ အပူဓာတ်ဖလှယ်နိုင်စွမ်းရှိကြသည်။ ထို့ပြင် ရေစီး ကြောင်းကြီးများနှင့် ဒီရေလှိုင်းများကြောင့်လည်း ဝေးသော နေရာရှိ ရေပြင်များဆီသို့ အပူဓာတ်ကို  ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပို့ဆောင်နိုင်စွမ်း ရှိကြသည်။ ဤသို့အားဖြင့် က္ဘာ့ရေထု ကြီးသည် ကုန်းမြေထုကြီးထက်  အပူဓာတ်ကို ကျယ်ကျယ်ပြန့် ပြန့် ထိန်းသိမ်းသိုလှောင်ထားနိုင်သည့် အခွင့်အရေးရှိနေသည်။

သမုဒ္ဒရာ ရေပြင်ကျယ်ကြီးများက အပူဓာတ်ကို ကျယ်ပြန့် စွာ စုပ်ယူသိုမှီးထားနိုင်စွမ်းရှိနေခြင်း၏ အကျိုးဆက်တစ်ရပ် အဖြစ် ရေမျက်နှာပြင် အပေါ်ယံရှိရေများသည် အမြဲသဖြင့် အငွေ့ပျံလျက်ရှိနေကြသည်။ ယင်းကဲ့သို့ အငွေ့ပျံခြင်းဖြစ်စဉ် ကြောင့် ကောင်းကင်ယံတွင် ရေငွေ့အစုအဖွဲ့ဖြစ်သည့် တိမ် တိုက်တိမ်လွှာများကို ဖြစ်ပေါ်လာစေသည်။
သမုဒ္ဒရာရေထုကြီးနှင့် ကုန်းမြေထုတို့၏ အပူဓာတ်ကို စုပ်ယူ သိုမှီးပုံနှင့် စွန့်ထုတ်ပုံတို့ မတူကွဲပြားနေခြင်း သဘောသဘာဝ များကြောင့် က္ဘာပေါ်၌ အဓိကကျသော ရာသီဥတုနှစ်မျိုး ဖြစ်ပေါ်လာသည်။ ယင်းတို့မှာ Continental Climate ခေါ် ကုန်းမြေတိုက်ရာသီဥတုနှင့် Oceanic Climate ခေါ် သမုဒ္ဒရာရေပြင် ရာသီဥတုတို့ပင် ဖြစ်ကြသည်။ ကုန်းမြေတိုက် ကြီးများ၏ အတွင်းပိုင်းကျသော အရပ်ဒေသများ၌ ကုန်းမြေ တိုက် ရာသီဥတုရှိနေပြီး သမုဒ္ဒရာကမ်းခြေနှင့်နီးကပ်သော အရပ်ဒေသများ၌ သမုဒ္ဒရာရေပြင်ရာသီဥတု ရှိနေကြသည်။

သမုဒ္ဒရာရေပြင်ရာသီဥတုရှိသော   အရပ်ဒေသများ၌ သမုဒ္ဒရာရေထုကြီးက အပူအအေးလွန်ကဲမှုမဖြစ်အောင် ထိန်း သိမ်းပေးထားကြသည်။ ထို့ကြောင့်ပင် အဆိုပါရာသီဥတုမျိုးရှိ သော အရပ်ဒေသများ၌  နွေရာသီ၌  အပူလွန်ကဲမှုမဖြစ်ပေါ် သလို...ဆောင်းရာသီ၌လည်း အအေးလွန်ကဲခြင်းမျိုး ဖြစ် ပေါ်လေ့ မရှိကြပေ။ သို့ရာတွင် သမုဒ္ဒရာရေပြင်ရာသီဥတုရှိသော ဒေသများ၌ အမြဲလိုလိုတိမ်များထူထပ်နေတတ်ပြီး မိုးရွာသွန်း မှုကလည်း များပြားလေ့ရှိသည်။ ကုန်းမြေတိုက်ရာသီဥတုရှိ သော အရပ်ဒေသများ၌မူ နွေရာသီတွင် အပူလွန်ကဲပြီး ဆောင်း ရာသီ၌လည်း အအေးလွန်ကဲလေ့ရှိသည်။ နေ့နှင့်ည အပူချိန် ကွာခြားချက်ကြီးမားပြီး နေ့အခါပူပြင်းသလောက် ညအခါ၌ အအေးပိုသော သဘောသဘာဝရှိနေသည်။

သမုဒ္ဒရာရေပြင်နှင့် ကုန်းမြေတိုက်ကြီးများအကြား ရာသီ ကာလအလိုက် အပူချိန်ခြားနားမှု အပြောင်းအလဲရှိနေခြင်း ကြောင့်   မုတ်သုံလေတိုက်ခတ်မှုများကို   ဖြစ်ပေါ်စေသည်။ သာဓကအားဖြင့်   အိန္ဒိယသမုဒ္ဒရာနှင့်   အရှေ့တောင်အာရှ ကုန်းမြေထုများအကြား ရာသီအလိုက် အပူချိန်ခြားနားချက် ပြောင်းလဲမှုရှိနေခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံများ၌ မုတ်သုံလေ၏အကျိုးကို ခံစားကြရသည်။
အဆိုပါဒေသများတွင် နှစ်စဉ်ဧပြီလနှင့် အောက်တိုဘာလ များအကြား၌ အနောက်တောင် မုတ်သုံလေများ တိုက်ခတ် ပြီး အဆိုပါနှစ်၏ အောက်တိုဘာလမှ နောင်နှစ်ဧပြီလများ အကြား၌ အရှေ့မြောက်မုတ်သုံလေ တိုက်ခတ်သည်။ ကုန်း မြေဘက်တွင် အပူဓာတ်များပြီး လေထုအပူချိန် မြင့်တက်ကာ လေဖိအားနည်းနေချိန်၌ ဖိအားများနေသော သမုဒ္ဒရာရေပြင် မှလေများသည် အနောက်တောင် မုတ်သုံလေအဖြစ် ကုန်း မြေများဆီသို့တိုက်ခတ်သည်။ အနောက်တောင်မုတ်သုံလေ သည် သမုဒ္ဒရာဘက်မှ တိုက်ခတ်လာသောလေဖြစ်ခြင်းကြောင့် ရေခိုးရေငွေ့ပမာဏ   အများအပြားကို   တစ်ပါတည်း  သယ် ဆောင်လာသည်။ အနောက်တောင်မုတ်သုံလေ ဖြတ်သန်း တိုက်ခတ်ရာ အရပ်ဒေသများ၌ စွတ်စိုသော ရာသီဥတုကို ဖြစ်ပေါ်စေသည်။
သမုဒ္ဒရာရေပြင်များ၌ အပူဓာတ်များပြီး ရေပြင်အပူချိန် မြင့်တက်ကာ လေဖိအားနည်းနေချိန်မျိုး၌ ဖိအားများသော ကုန်းတွင်းလေများက     အရှေ့မြောက်မုတ်သုံလေအဖြစ် သမုဒ္ဒရာရေပြင်များဆီသို့ တိုက်ခတ်သည်။ ဖိအားများနေသော အရှေ့မြောက်မုတ်သုံလေသည် ခြောက်သွေ့အေးမြသော ကြောင့် ဖြတ်သန်းတိုက်ခတ်ရာ အရပ်ဒေသများ၌ အေးမြ သောရာသီဥတုကို ဖြစ်ပေါ်စေသည်။

သမုဒ္ဒရာရေထု၊ ကုန်းမြေထုနှင့်လေထုတို့၏ အပူဓာတ်စုပ် ယူမှု၊ အပူဓာတ်ထုတ်လွှတ်မှု၊ ရေငွေ့ပျံမှု၊ လေဖိအားနည်းရပ် ဝန်းနှင့်  လေဖိအားများရပ်ဝန်းဖြစ်ပေါ်မှု၊  မုတ်သုံရာသီလေ များတိုက်ခတ်မှု၊ လေပြင်းများ တိုက်ခတ်မှု၊ အပူလှိုင်းများဖြတ် သန်းမှု၊ အအေးလှိုင်းများဖြတ်သန်းမှုစသော အပြန်အလှန် အကျိုးသက်ရောက်မှုများကြောင့်   လေထုလွှာများ၏  အပူ အအေးပြောင်းလဲမှု၊ ရေငွေ့ပါဝင်နှုန်းပြောင်းလဲမှု၊ ထူထပ်သော တိမ်များဖြစ်ထွန်းမှု၊ မိုးတိမ်တောင်များဖြစ်ပေါ်လာမှု၊ တိမ်လွှာ ထုအတွင်း အပူချိန်ခြားနားမှု၊ ဒြပ်မှုန်များ၏ ပွတ်တိုက်ရွေ့လျား မှုနှင့် သိပ်သည်းဆများ ကွာဟချက်ကြီးမားမှုတို့သည် ရာသီ အပေါ်မူတည်ပြီး အမျိုးမျိုးအဖုံဖုံ ပြောင်းလဲဖြစ်ပေါ်လာရသည်။
မိုးတိမ်တောင်တစ်ခုသည် စတင်ဖြစ်ပေါ်ချိန်မှစ၍ အား ပျော့ပျက်ပြယ်သွားသည့် အချိန်အတိုင်းအတာအတွင်း စတင် ဖွံ့ဖြိုးလာခြင်း၊ အရွယ်ရောက်ကြီးထွားလာခြင်းနှင့် ထြ<ွက လှုပ်ရှား သက်ဝင်လာခြင်းဟူ၍ အဆင့်သုံးဆင့်ကို ဖြတ်သန်းရ သည်။ အင်အားကောင်းသော မိုးတိမ်တောင်များ ဖြစ်ပေါ်လာ ချိန်တွင် အမြင့်ပေ ၃ဝဝဝ ခန့်အထိပင် ရှိလာနိုင်သည်။

မိုးတိမ်တောင်တစ်ခု၏   တိမ်တိုက်အတွင်း၌  အောက်မှ အထက်သို့ဆန်တက်သော လေစီးကြောင်းများနှင့် အထက်မှ အောက်သို့  စုန်ဆင်းသော လေစီးကြောင်းများ  ရှိနေကြပြီး တိမ်တိုက်ကြီး၏ရွေ့လျားမှု၊  တိမ်တောင်တိမ်လိပ်တို့၏ ရွေ့ လျားမှု၊ လေပြင်းများ၏ရွေ့လျားမှုနှင့် အမြန်နှုန်းစသည်တို့ အပေါ် မူတည်ပြီး လျှပ်လက်ခြင်း၊ ထစ်ချုန်းခြင်း၊ လေပြင်းတိုက် ခြင်း၊ မိုးသီြးေ<ွကခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းစသည့် မိုးလေဝသဖြစ်စဉ်များကို ပေါ်ပေါက်စေသည်။ မိုးသက်မုန်တိုင်း ဟုလည်း ခေါ်ဆိုနိုင်သော မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်မှု အချိန် အတိုင်းအတာသည် အနည်းဆုံးအားဖြင့် ၁၅ မိနစ်ခန့်မှ နာရီများစွာအထိ ကြာမြင့်နိုင်သည်။

မြန်မာနိုင်ငံ၌ တစ်နှစ်တာကာလ ရာသီခွင်အတွင်း မိုးကြိုး မုန်တိုင်းဖြစ်စဉ်  အများဆုံး  ဖြစ်ပေါ် ကျရောက်လေ့ရှိသော ဒေသများမှာ မြန်မာနိုင်ငံတောင်ပိုင်းရှိ ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များပင် ဖြစ်ကြသည်။ အဆိုပါဒေသများ၌ တစ်နှစ်တာအတွင်း မိုးကြိုးမုန်တိုင်းဖြစ်စဉ် ဖြစ်ပေါ်မှုမှာ ပျမ်းမျှအားဖြင့် ရက်ပေါင်း ၇ဝ ကျော် ရှိနေတတ်သည်။

မိုးကြိုးမုန်တိုင်းဖြစ်စဉ်၏ လက္ခဏာတစ်ရပ်ဖြစ်သော ထစ် ချုန်းမှုဖြစ်ပေါ်နိုင်သည့် ကာလများမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများ၌ နှစ်စဉ် ဇွန်လနှင့်စက်တင်ဘာလများ ဖြစ်ကြပြီး မြစ်ဝကျွန်းပေါ် ဒေသများ၌မူ နှစ်စဉ် မေလနှင့်စက်တင်ဘာလ များ ဖြစ်ကြသည်။ တစ်နည်းဆိုရသော်၊ အဆိုပါ အချိန်ကာလ များသည် မုတ်သုံဝင်ရောက်ချိန်နှင့် မုတ်သုံဆုတ်ခွာချိန်များ ပင် ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဟောင်းဖြစ်သော ရန်ကုန်မြို့တွင် ၁၉၇၁ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် အထိ နှစ်ပေါင်း ၃ဝ ကာလအတွင်း ထစ်ချုန်းသည့်ရက်ပေါင်း ၁၅၅၈ ရက်ရှိခဲ့ သည်။ ထိုကာလအတွင်း တစ်နှစ်ပတ်လုံးအနေဖြင့် ထစ်ချုန်း မှုဖြစ်စဉ် ဖြစ်ပေါ်မှု အများဆုံးနှစ်သည် ၁၉၉၉ ခုနှစ်ဖြစ်ပြီး ထိုနှစ်အတွင်း စုစုပေါင်း ၇၉ ရက်ရှိခဲ့သည်။ ထစ်ချုန်းမှုဖြစ်စဉ် ဖြစ်ပေါ်မှု အနည်းဆုံးနှစ်ကမူ ၁၉၈၂ ခုနှစ်ဖြစ်ပြီး ထိုနှစ်အတွင်း စုစုပေါင်း  ၂၆  ရက်သာရှိခဲ့သည်။  သာမန်အားဖြင့်   မုတ်သုံ လေအားအလွန်ကောင်းသော ဇူလိုင်လနှင့် သြဂုတ်လများ၌ မိုးသည်းထန်စွာရွာသွန်းပြီး ထစ်ချုန်းမှုဖြစ်စဉ် နည်းပါးလေ့ရှိ သော်လည်း  က္ဘာ့ရာသီဥတု ပြောင်းလဲလာနေခြင်းကြောင့် လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ မိုးလယ်ကာလများ၌ပင် ထစ်ချုန်းသံများကို မကြာခဏဆိုသလို ကြားခဲ့ကြရသည်။

မိုးကြိုးမုန်တိုင်းဖြစ်ပေါ်ရခြင်း၏ အခြေခံအကြောင်းရင်း သည်  တိမ်တိုက်အတွင်းရှိ  ရေမှုန်များ  အချင်းချင်းပွတ်တိုက် မိရာမှ  လျှပ်စစ်စီးကူးမှုဖြစ်ပေါ်နေစဉ်  အပူချိန်ကွာခြားမှု အဆမတန်မြင့်မားလာရာမှ ဒြပ်မှုန်တို့၏ သိပ်သည်းဆပမာဏ ကွာဟမှုကြီးမားစွာ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ မိုးကြိုး မုန်တိုင်း ဖြစ်ပေါ်နေစဉ် တိမ်လွှာထုအတွင်း အပူချိန်ကွာခြားမှု ကြီးမားလာရာ၊  မြေပြင်နှင့်အနီးကပ်ဆုံးသော  တိမ်လွှာထု အောက်ခြေပိုင်းမှစ၍ တိမ်တိုက်အထက်ပိုင်းအကြား အမြင့် ပေ ကွာခြားလာသည်နှင့်အမျှ အပူချိန်ကလည်း ရေခဲမှတ် အောက် အလွန်အမင်းကျဆင်းမှု ဖြစ်ပေါ်လာသည်။

ထိုအခြေအနေမျိုးတွင် တိမ်လွှာထုအတွင်းရှိ ရေငွေ့များ သည် အငွေ့အသွင်ဖြင့်  ဆက်လက်ရပ်တည်နိုင်စွမ်း  မရှိကြ တော့ဘဲ ရေခဲတုံးကလေးများအဖြစ် ပေါင်းစည်း စုဖွဲ့သွားကြ တော့သည်။ အဆိုပါ ရေခဲတုံးကလေးများသည် အရွယ်အစား အားဖြင့် သာကူစေ့အရွယ်မှသည် သံပရာသီးအရွယ်ခန့်အထိ ဖြစ်ပေါ်လာသည်။ ထူးခြားဖြစ်စဉ်အချို့၌မူ ရေငွေ့အစုအဖွဲ့ တဖြစ်လဲ ရေခဲတုံးကလေးများမှာ လိမ္မော်သီးအရွယ်ခန့်အထိ ပင် ရှိလာတတ်သည်။

ရေငွေ့ဘဝမှရေခဲတုံးအဖြစ်သို့ အသွင်ပြောင်းလဲသွားသော အစိုင်အခဲကလေးများသည် လေးလံလာသောကြောင့် က္ဘာ့ မြေဆွဲအား၏အရှိန်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလာကြသည်။ ဤသည်ကို  အရပ်အခေါ်အားဖြင့်  မိုးသီြးေ<ွကကျသည်ဟု သုံးနှုန်းကြသည်။ မိုးသီးများအဖြစ်ြေ<ွကကျလာသော ရေခဲတုံး ကလေးများသည် မာကျောကျစ်လျစ်မှု အဆင့်အတန်း မြင့် မားနေကြသည့်အပြင် က္ဘာ့မြေဆွဲအားကြောင့် ကျဆင်းလာ သော အရှိန်ကလည်း ပြင်းသည့်အတွက် မော်တော်ကားမှန် များ ကွဲအက်ခြင်း၊ နေအိမ် အဆောက်အအုံခေါင်မိုးများ ပေါက်ပြဲခြင်း၊ အဆောက်အအုံပြတင်းမှန်များ ကွဲအက်ခြင်း၊ လူကိုထိမှန်ပါက ထိခိုက်ဒဏ်ရာရခြင်းမှသည် အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်ခြင်း၊ လမ်းမများပေါ်သို့ ကျရောက်နေ သည့် မိုးသီးများကြောင့် မော်တော်ကားနှင့် ဆိုင်ကယ်၊ စက် ဘီး စသည်တို့ လမ်းချော်ခြင်းများကို ကြုံတွေ့ကြရနိုင်သည်။

မိုးသီးကြွေကျသည့်အခါ အဆိုပါ မိုးသီးအစိုင်အခဲကလေး များထဲ၌ အလွန်နိမ့်သည့်အပူချိန်တွင် ရှင်သန်နိုင်သော ဘက် တီးရီးယားပိုးများ ကပ်ငြိပါဝင်လာနိုင်သည့်အတွက် မိုးသီးကို ရေခဲတုံးအမှတ်ဖြင့်  စားသုံးခြင်းကို မပြုလုပ်သင့်ကြပေ။

မြန်မာနိုင်ငံအနေဖြင့် တောင်ပိုင်းကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ သည် မိုးကြိုးမုန်တိုင်းကို  အများဆုံးကြုံတွေ့ကြရနိုင်သော ဒေသများဖြစ်သည့်အတွက် အဆိုပါအရပ်ဒေသများ၌ ရံဖန် ရံခါ  မိုးသီးကြွေကျခြင်းမျိုးပါ  ဖြစ်ပေါ်လာနိုင်သည်။  ထို့အတူ ပြောင်းလဲလာနေသော  က္ဘာ့ရာသီဥတုဖြစ်စဉ်ကြီးကြောင့် မြန်မာနိုင်ငံ၏ရာသီဥတုနှင့် မိုးလေဝသဖြစ်စဉ်ကြီးကလည်း လိုက်လျောညီစွာ ပြောင်းလဲလာနေသည်ဖြစ်ရာ၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသအကြား မြို့ရွာများသည် လည်း မိုးသီးကြွေကျခြင်းဖြစ်စဉ်နှင့် ကြုံတွေ့ကြရနိုင်သည်ကို သတိပြုကြရမည် ဖြစ်ပေသည်။        

သိပ္ပံစာရေးဆရာကိုကိုအောင်

No comments:

Post a Comment