Latest News

Wednesday, December 6, 2017

ထရီဆာမေကို လုပ်ကြံရန်ကြံစည်သူနှစ်ဦးကို ရဲများက ဖမ်းဆီးနိုင်ခဲ့

ထရီဆာမေကို လုပ်ကြံရန်ကြံစည်သူနှစ်ဦးကို ရဲများက ဖမ်းဆီးနိုင်ခဲ့

လန်ဒန်မြို့ အမှတ် ၁ဝ၊ ဒေါင်းနင်းလမ်းရှိ ဗြိတိန်ဝန်ကြီးချုပ်အိမ်တော်တွင် ဝန်ကြီးချုပ် ထရီဆာမေအား လုပ်ကြံရန် ကြိုးပမ်းသူ အကြမ်းဖက်သမားနှစ်ဦးကို ဗြိတိန်နိုင်ငံရဲတပ်ဖွဲ့ဝင်များက ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ဗြိတိန်သတင်းစာများတွင် ရေးသား ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က အသက် ၂ဝနှင့် ၂၁နှစ်ရှိ လူနှစ်ဦးကို အကြမ်းဖက်မှုလုပ်ဆောင်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးပြီးနောက် ¤င်းတို့ နှစ်ဦးကို တရားစွဲဆိုထားကြောင်း သိရသည်။

သံသယရှိသူတစ်ဦးမှာ လွန်ခဲ့သော ရက်သတ္တပတ်က လက်လုပ်ဗုံးနှစ်လုံး တရားမဝင် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့ပြီး အခြား တစ်ဦးကို အိုင်အက်စ်အကြမ်းဖက်သမားများနှင့် ဆက်သွယ်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သံသယရှိသူနှစ်ဦးကို ဒေါင်းနင်းလမ်း၌ ဗုံးထောင်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။ အဆိုပါအမှု ကို ယနေ့တွင် ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ¤င်းတို့သည် ဗြိတိန်တွင် ၂ဝ၁၇ခုနှစ်အတွင်း အကြမ်းဖက်ဖောက်ခွဲမှု အနည်းဆုံး ခုနစ်ကြိမ် ပြုလုပ်မည့်အစီအစဉ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့အပြင် အရေးပေါ်အခြေအနေရှုပ်ထွေးသွားရန် ကြံစည်မှုဖြင့် ထိုသို့ ဗုံးဖောက်ခွဲမည့် အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ¤င်းတို့သည် ဒေါင်းနင်းလမ်းတွင် ဓားများအသုံးပြု တိုက်ခိုက်မည်ဖြစ်ကာ ထရီဆာမေကို လုပ်ကြံရန်ကြံရွယ်ထားကြောင်း သိရသည်။

အမ်အိုင် ၅ က ဗြိတိန်၏အကြမ်းဖက်မှုအဆင့်သည့် အမြင့်ဆုံးတွင်ရှိနေကြောင်းနှင့် အကြမ်းဖက်မှုများ မြင့်တက်လာနိုင်ကြောင်း ပြောခဲ့သည်။        
                                                                                                                             
ရိုက်တာ၊ ဆင်ဟွာ

No comments:

Post a Comment