Latest News

Wednesday, December 6, 2017

အင်္ဂပူမြို့နယ်​ အတွင်းမှာရှိတဲ့ အလင်း​ရောင်​တံတား


မင်္ဂလာပါ ​ကျမတို့ အင်္ဂပူမြို့နယ်​ အတွင်းမှာရှိတဲ့
ကျေးလက်​ရွာ​တွေက​နေ ​ဒေသခံမြို့ဖြစ်​တဲ့
ကွင်း​ကောက်​မြို့ ​လေးကို ဖြတ်​ကူးတဲ့
( နန်​ကသူ​ ) ရေလွှဲဆည်​မှ စီးဆင်းလာတဲ့
ချောင်းမကြီးနဲ့ ​တောင်​ကျ ​ချောင်းငယ်​​လေးတို့
စုံစည်းထားရာ ​နေရာ​လေးမှာ မဖြစ်​မ​နေ
ပြည်​သူအများ ဖြတ်​ကူးသွားလာ​နေကြရတဲ့
အလင်း​ရောင်​တံတားအား ။
ယခုအချိန်​မှာ အသစ်​တစ်​ဖန်​ မဖြစ်​မ​နေပြန်​လည်​ပြီး ခိုင်​မာတဲ့​ *ကွန်​ကရစ်​ * တံတား
အဖြစ်​ တည်​​ဆောက်​ရမှာဖြစ်​ပါ​သော​ကြောင့်
ကွင်း​ကောက်​မြို့ ဦးလှကြိုင်​ ( သ​ပြေ ) စတိုးမိသားစုနဲ့ မိတ်​​ဆွေများမှ * မ * တည်​၍
ဆောက်​လုပ်​* လှူဒါန်း​ * ပေးမှာဖြစ်​ပါတယ်​ ။
သို့ပါ​သော်​လည်း ကွန်​ကရစ်​ တံတား ​ဆောက်​မှာဖြစ်​တဲ့အတွက်​ အလှူရှင်​​တွေ အများအပြားလိုအပ်​​နေပါတယ်​ရှင်
ထိုတံတားဟာဖြင့်​ ​ကျေးလက်​ရွာပေါင်း​များစွာကမဖြစ်​မ​နေအသုံးပြု​နေရတာလည်းဖြစ်​ပါတယ်​ရှင်​ ။
ပညာ​ရေးအတွက်​လည်း အဓိက ကျပါတယ်​ အလယ်​တန်းအထက်​တန်း​တွေကို
ကွင်း​ကောက်​မြို့​ကျောင်းမှာပဲ တက်​ကျရတာဖြစ်​ပါတယ်​ ။
ပြီး​နောက်​ ​ကျေးလက်​ရွာ​ပေါင်းစုံမှ ထွက်​လာသမျှ သီးနှံ စပါး ပဲ မျိုးစုံကိုလည်း
ကားများနဲ့ ထိုတံတားကပဲ သယ်​ယူပို့​ဆောင်​ကြရတာဖြစ်​ပါတယ်​ ။
ဟိုယခင်​ကျမတို့ငယ်​၂က ဆိုရင်​ ​ပေါ့​​နော်
ထိုတံတားမရှိပါဘူး ​ကျောင်းတက်​သွားရင်
မိုးကရွာ ​ရေ​တွေက အရမ်းများ​တော့ ​လှေနဲ့လည်းကူးလို့မရပါဘူး အဲအချိန်​​တွေဆိုရင်
ကျောင်းမတက်​ပဲ ပြန်​ကြရပါတယ်
နောက်​ ​ကျောင်းဆင်းချိန်​​ရေများရင်​လည်း
ရေ​လျော့​အောင်​ထိုင်​​စောင့်​​နေရပါတယ်​ မိုးချုပ်​ တဲ့အထိ ​ရေမ​လျော့ သွားရင်​ တစ်​ဖက်​ရွာက အသိအိမ်​​တွေမှာ အိပ်​ရပါတယ်
အိမ်​ကအ​မေဆိုရင်​လည်း မနက်​​တိုင်း​ကျောင်း​သွားခါနီးတိုင်း ကြာနီကန်​တရား​တော်​နာကြားရသလိုပါပဲ
ရေများရင်​ ​လှေနဲ့မကူးပဲ ပြန်​လာဖို့
ကျောင်းဆင်းချိန်​ ​ရေများရင်​လည်းမကူးဖို့​ပေါ့​နော်
မှာတာ ​နေ့တိုင်းနားငြီးခဲ့ဖူးပါတယ်​ မိခင်​​မေတ္တာ​ပေါ့​နော်​ ဒါက​တော့မိဘတိုင်းပါပဲ ​လှေ​မှောက်​​သေမှာ စိုးရိမ်​တာ​ပေါ့​နော်
အဲလိုအခက်​အခဲ​တွေက ကိုယ်​တိုင်​ခံစားခဲ့ရတာ
ပေါ့​နော် ဒါ​တွေက ပညာ​ရေးနဲ့ပါတ်​သက်​တဲ့အခက်​အခဲ​ပေါ့ ရှင်​ ။
နောက်​တစ်​ခုက ​တောင်​သူ​တွေကလည်း
စပါးပဲကို ​ဈေး​ကောင်းရ​အောင်​မိုးကျတဲ့ထိ
သို​လှောင်​ချင်​​ပေမဲ့ မိုးရာသီတံတားကူးဖို့မရှိ​တော့ ​ဈေးနည်း​ပေမဲ့ မိုးမကျ ခင်​ ​ရောင်​ထုပ်​ကျရတာ​တွေရှိခဲ့တာ​ပေါ့​နော်
ဒါက​တော့ စီးပွား​ရေး အခက်​အခဲ​ပေါ့​နော်
ထိုအခက်​အခဲ​တွေကို ​ပြေ​ပျောက်​ဖို့အတွက်
ကျမတို့ ​ဒေသတွင်းမှာ သာသနာလာပြု​ပေး​နေတဲ့ အဘသူ​တော်​ အဘ​အောင်​မင်း​အောင်
မှ ဦး​ဆောင်​ပြီး ရန်​ကုန်​က ဒါယိကာ ဒါယိကမ​တွေမှာ အလှူခံပြီး ယခု ပုံထဲက ကွန်​ကရစ်​တိုင်​သစ်​သား တံတား​လေးကို ​ဆောက်​လှူ​ပေးခဲ့ပါတယ်​ အဘသူ​တော်​ရဲ့ ​ကျေးဇူး​ကြောင့်​ ​ကျေးလက်​ပြည်​သူ​တွေအဖို့ အ​တော်​​လေးကို
သွား​ရေး လာ​ရေး အဆင်​​ပြေ​ချော​မွှေ့ ခဲ့ရပါတယ်​ ။
အခုအချိန်​မှာ တံတားက အကြမ်းမခံနိုင်​​တော့တာ​ကြောင့်​ ခိုင်​ခန့်​တဲ့ ကွန်​ကရစ်​တံတားပြန်​လည်​ တည်​​ဆောက်​မှာမို့
စေတနာရှင်​ အလှူ ရှင်​အများအပြားလိုအပ်​​နေတာ​ကြောင့်​ မြန်​မာပြည်​က မိတ်​​ဆွေ အမျိုးများနဲ့ စလုံးက ​စေတနာရှင်​များ
သဒ္ဒာတတ်​အားနည်းများမဆိုကုသိုလ်​ပါဝင်​​အားဖြည့်​​ပေးကြပါဦးလို့
** နတ်​ပြည်​** အကျိုး​မျှော်​ နှိုး​စော်​လိုက်​ပါတယ်​ရှင့်
ပြင်​ပ ​ရောက်​​နေတဲ့ နယ်​ကအမျိုး​တွေအလှူ​ငွေ
ပါဝင်​လိုပါက အိမ်​နဲ့ချိတ်​ဆက်​လှူ ​ချင်​ရင်​​လှူနိုင်​သလို တံတားတာဝန်​ခံ
ဦးလှကြိုင်​ * သ​ပြေ * စတိုး ကွင်း​ကောက်​သို့
တိုက်​ရိုက်​ လှူ နိုင်​ပါ​ကြောင်း ​ပြောကြားလိုပါတယ်​​နော်​ ။
ဦးလှကြိုင်​ * သ​ပြေ * စတိုး Ph/ 09250317782 ဖြစ်​ပါတယ်
အခြား​သောမြန်​မာပြည်​ ပြင်​ပ မှ ကျမနဲ့ရင်း​နှီးသူများအ​နေနဲ့
ကိုသန်း​ဇော်​ Ph / 401540371သို့ ဆက်​သွယ်​လှူဒါန်းနိုင်​ပါတယ်​ရှင်
12လပိုင်းကုန်​ရင်​ အလှူ​ငွေ လွှဲ လှူ မှာဖြစ်​ပါတယ်​ တံတားက 1 လပိုင်းထဲမှာစတင်​​ဆောက်​မှာပါ ကျမတို့ထံမှာ ​ကောက်​ခံရရှိ​သောအလှူ​ငွေများအား ကိုသန်း​ဇော်​မှတစ်​ဆင့်
တာဝန်​ခံ ဦးလှကြိုင်​ သို့ တိုက်​ရိုက်​ လှူ ဒါန်း​ပေးမှာဖြစ်​ပါတယ်​ရှင့်
အလှူရှင်​အားလုံးနဲ့ အလှူ​ငွေ ပို့အပ်ပြီး တံတား​ဆောက်​လှူပြီးသည်​အထိ
fb မှာ တိကျမှန်​ကန်​စွာ ပြန်​လည်​ တင်​ပြ​ပေးပါမည်​ဖြစ်​​ပါသည်​ ​ကျေးဇူးတင်​ပါသည်
All Friend.s
တံတားပုံ​တွေရိုက်​ပို့​ပေးတဲ့ Fri ​ကျေးဇူးပါ​နော်
မိုက်​တီး ရဲ့ ရိုက်​ချက်​ ​ပေါ့​နော်
ဒီလိုတံတားတစ်​ခုကို ၄ပုံ​လောက်​ရ​အောင်​ရိုက်​လိုက်​တာ ​တော်​ရုံစ​ကေးနဲ့​တော့မရဘူး
အောက်​တည့်​၂က ပင့်​မရိုက်​တာ
တော်​​သေးတယ်​​ပြောရမယ်းP ​နောက်​တာပါ​နော်​ :)
လေးစားစွာဖြင့်​ D/ CTM
Daw ChitThet Mon 





No comments:

Post a Comment