Latest News

Thursday, December 7, 2017

မူးယစ်ဆေးဝါးသတင်းအရ နေအိမ်ဝင်ရောက်ရှာဖွေရာမှ ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးသတင်းအရ နေအိမ်ဝင်ရောက်ရှာဖွေရာမှ ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ ဆွတ်ငိုင်ရပ်ကွက်တွင် ဒီဇင်ဘာ၇ရက် နံနက်၇နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ နေအိမ်ဝင်ရောက်ရှာဖွေရာမှ ဘိန်းဖြူမှုန့်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ ရဲအုပ်စိုးမြင့်ထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည့် သတင်းအရ ဆားမှော်ကျေးရွာ ဆွတ်ငိုင်ရပ်ကွက်နေ ကျော်စိုးလွင်(ခ)ပေါက်စီလုံး(၃၈)နှစ်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းမှာထွက်ပြေးလွတ်မြောက်သွားပြီး နေအိမ်ပေါ်တွင်ဇနီးဖြစ်သူ မမေဇင်ဦး(၁၈)နှစ်အား တွေ့ရှိရပြီးဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအောက် ထင်းပုံကြားမှ ပလပ်စတစ်ကော်ဗူးဖြင့် ထည့်ထားသည့် ဘိန်းဖြူ(၉ ဒဿမ ၈)ဂရမ်အား သက်သေများရှေ့တွင် သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မမေဇင်ဦးနှင့်ထွက်ပြေးလွတ်မြောက်သွားသူ ကျော်စိုးလွင်(ခ)ပေါက်စီလုံးတို့ နှစ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment