ဥက္ကံမြို့ တဘူးလှဆည် တံမံ(၁) အမက စာသင်ကျောင်းတွင် ဆရာများမရှိသည့်အတွက် ကျောင်သား၉၆ဦး စာသင်ကြားးရန် အခက်အခဲရှိ
တိုက်ကြီးမြို့ နယ် ဥက္ကံမြို့ အရှေ့ဘက် တဘူးလှ ဆည်း အနီး တံမံ(၁) ကမက ကျောင်းတွင်း စာသင်ကြားရန် ဆရာများမရှိသည့် အတွက် လည်းကောင်းကျောင်း တွင်ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား ၉၆ ဦးတို့ ပညာသင်ကြားရန် အခက်အခဲ များဖြစ်ပေါ် နေကြောင်း ကျောင်းသားမိဘများ ထံမှသိရသည်။
အဆိုပါ အမကစာသင်ကျောင်းသည် ၂၀၁၇/၁၈ ပညာသင်နှစ် မေလတွင် အစိုးရ အသိအမှတ်ပြု ထားကြောင်း ပညာရေး ဌာနမှ မူလတန်း ကျောင်းအုပ် ခန့်ထားသော်လည်း လာရောက် ခြင်းမရှိကြောင်း ဥက္ကံ ဒေသ ပညာရေး အုပ်စုမှူး ဆရာ ဦးကိုကိုနိုင်က ပြောသည်။
"ကျွန်မတို့ တွေ ကလေးတွေ ပညာသင်ကြားဖို့ ရွာက ဆရာတစ်ဦးကို ကျောင်းသားမိဘ တွေ က လခနဲ့ ငှားထားရ တယ် ၊ဆရာ တစ်ဦးထဲ ဆိုတော့ ကလေးတွေ စာသင်ပေဖို့မလုံ လောက်ပါဘူး၊"ဟု တံမံ (၁) ကျေးရွာနေ ထိုင် သူ အသက် ၄၀ အရွယ် ရှိ ကျောင်းသားမိခင်တစ်ဦးကပြော သည်။
ဆရာအခက်အခဲပြေလည်စေရန်၊မြိုနယ်ပညာရေးမှုးရုံးအနေ ဖြင့်ဥက္ကံ ဒေသ အုပ်စု မှူး အစီအစဥင်္်ဖြင့် (၁၅) ရက်လျှင် ဆရာ သုံးဦးအား အလှည့်ကျ ကျောင်းသား ၉၆ ဦးအားစာသင်ကြား ပေးရန် စီစဉ် ပေးနေကြောင်း ဆရာများသွားလာရေးပါအဆင် ပြေရန်စီစဉ်ပေးထားကြောင်းသိရသည်၊ကျာင်းသားမိဘများမှ တိုက်ကြီးမြို့ နယ် ပညာရေ မှူး ရုံးသို့ စာသင်ကြားရန် ဆရာများ မရှိသည့် အခက်အခဲ့များအား တင်ပြ ထားကြောင်း ဥက္ကံ ဒေသ ပညာရေး အုပ်စု မှူး ဆရာ ဦးကိုကိုနိုင် ကရှင်းပြသည်။
ဥက္ကံမြို့နယ် ထဘူးလှဆည် တမံ(၁)အမကသည် ဥက္ကံနှင့် (၃၈)မိုင်ကွာဝေးပြီး မိုးတွင်းဆိုခြေလျှင် သွားရပြီး ပွင့်လင်းရာသီ
တွင် ဆိုင်ကယ်၊ကယ်ရီဖြင့်သွားရကြောင်းသိရသည်။တမံ(၁)ဒေသခံများအနေဖြင့် ပညာရေးကိုအားပေးလိုသော်လည်းဆရာ
မရှိသဖြင့် အမြဲသင်ပြမည့် ဆရာများမျှော်လင့်လျှက်ရှိကြောင်း
သတင်းရရှိပါသည်။
ထွန်းလှိုင်(မြိုင်)
Thursday, December 7, 2017
ဥက္ကံမြို့ တဘူးလှဆည် တံမံ(၁) အမက စာသင်ကျောင်းတွင် ဆရာများမရှိသည့်အတွက် ကျောင်သား၉၆ဦး စာသင်ကြားးရန် အခက်အခဲရှိ
ဥက္ကံမြို့ တဘူးလှဆည် တံမံ(၁) အမက စာသင်ကျောင်းတွင် ဆရာများမရှိသည့်အတွက် ကျောင်သား၉၆ဦး စာသင်ကြားးရန် အခက်အခဲရှိ
Reviewed by Ar Ti
on
2:32 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment