Latest News

Sunday, October 1, 2017

အလှမယ်ရွှေအိမ်စည်၏ သရဖူကိုပြန်လည် ရုပ်သိမ်း

အလှမယ်ရွှေအိမ်စည်၏ သရဖူကိုပြန်လည် ရုပ်သိမ်း

အလှမယ်ရွှေအိမ်စည်အား Miss Grand International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု စေလွှတ်ရန်စီစဉ်ထားခြင်းကို အောက်တိုဘာ ၁ ရက် တွင် ရုပ်သိမ်းခဲ့ကြောင်း မယ်စကြ၀ဠာ(မြန်မာ) အဖွဲ့အစည်းက သတင်းထုတ်ပြန်သည်။
‘‘ဒီကြေညာချက်က အစ်မတို့ Organization အနေနဲ့လည်း ခက်ခက်ခဲခဲစဉ်းစားပြီးမှ ထုတ်ရ တာပါ။ တကယ်တော့ ဘယ် Organization မှ ဒီလိုမျိုးကြေညာချက် မထုတ်ချင်ပါဘူး။ ဒါပေမဲ့ မထုတ်လို့မဖြစ်တဲ့ အခြေအနေကြောင့် ထုတ်ရတာ ဖြစ်ပါတယ်။

စိတ်မကောင်းလည်း ဖြစ်ရပါ တယ်’’ ဟု ထုတ်ပြန်ချက်နှင့်ပတ် သက်၍ မယ်စကြ၀ဠာ(မြန်မာ)၏ National Director ဒေါ်စိုးယုဝေ က ပြောသည်။

ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ရ သောကြောင့် ၎င်းတို့အဖွဲ့အစည်း ၏ ငါးနှစ်အတွင်းတည်ဆောက် ခဲ့သော ဂုဏ်သိက္ခာကို ထိခိုက်မှု ရှိသော်လည်း နောက်လူများ အ တုယူမမှားစေရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

Miss Grand International ပြိုင်ပွဲအတွက် မယ်စကြဝဠာ (မြန်မာ)အဖွဲ့အစည်းအနေဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် စေ လွှတ်ခြင်းဖြစ်ပြီး ရွှေအိမ်စည်၏ နေရာ၌ ၂၀၁၃ က  မယ် စကြဝဠာ မြန်မာပြိုင်ပွဲတွင် 1st Runner Up ဆုရရှိခဲ့သည့် အေး ချမ်းမိုးကို စေလွှတ်ရန် ရွေးချယ် ထားကြောင်း ဒေါ်စိုးယုဝေက အောက်တိုဘာ ၁ ရက်၌ ပြုလုပ် ခဲ့သည့် မယ်စကြဝဠာ မြန်မာ ၂၀၁၈ ပြိုင်ပွဲ၏ Congratulation ပါတီတွင် ကြေညာပေးခဲ့ကာ သရ ဖူနှင့်စလွယ်ကို ပေးအပ်ခဲ့သည်။

Miss Grand International ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက် တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပ မည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ် သည်။

မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ ကို ၂၀၁၃ တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး အခြားအလှမယ်ပြိုင် ပွဲများ၌ သရဖူပြန်သိမ်းသည့် ဖြစ်စဉ်များရှိခဲ့သော်လည်း မယ်စကြ၀ဠာမြန်မာအဖွဲ့ အစည်းအ နေဖြင့် ရွှေအိမ်စည်သည် သရဖူ ပြန်လည်ရုပ်သိမ်းခံရသည့် ပထမ ဆုံးအလှမယ်ဖြစ်သည်။

အလှမယ်ရွှေအိမ်စည်သည် ယနေ့(အောက်တိုဘာ ၁ ရက်) အထိ ပြိုင်ပွဲအတွက် လိုအပ်သည့် ပညာရေးနှင့်ပတ်သက်သော အ ထောက်အထားများ တင်ပြနိုင်မှု မရှိခြင်း၊ မယ်စကြ၀ဠာမြန်မာအ ဖွဲ့အစည်းသို့ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦး၏ ဂုဏ်ပုဒ်နှင့် မညီသည့် ရိုင်းဆိုင်းကြမ်းတမ်း သော အပြောအဆို အသုံးအနှုန်း များဖြင့် ပြောဆိုခြင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည့် လို အပ်သည်များကို အချိန်မီဆောင် ရွက်နိုင်မှု မရှိခြင်း၊ မယ်စကြ ၀ဠာအဖွဲ့အစည်းနှင့် ချုပ်ဆိုထား သည့် အချက်များကိုဖောက်ဖျက် ခြင်းစသည့် အကြောင်းအရာများ နှင့် ပရိသတ်များ၏ ဆန္ဒအရ အောက်တိုဘာ ၁ ရက်တွင် ပြိုင် ပွဲသို့စေလွှတ်မည့်အစီအစဉ်ကို ရုပ်သိမ်းခဲ့ကြောင်း မယ်စကြ ၀ဠာမြန်မာအဖွဲ့အစည်းက ထုတ် ပြန်ကြေညာသည်။

သဘောတူညီမှုစာချုပ်ပါ အပိုဒ်(၆)အရ ‘‘မိမိ၏ နေထိုင်မှု ပုံစံနှင့် ကိုယ်ကျင့်သိက္ခာများကို အမြင့်ဆုံးစံထားပြီး နေထိုင်ကျင့် ကြံသွားမည်ဖြစ်ကြောင်း အာမခံ ပါသည်။ ထိုအချိန်ကာလအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ Miss Universe Myanmar Organization အဖွဲ့နှင့် လက် အောက်ခံအသင်းအဖွဲ့များ အ ရှက်ရစေမည့်ကိစ္စများ၊ အထင်အ မြင်သေးစေမည့်ကိစ္စများ၊ အများ ပြောစရာဖြစ်မည့် ကိစ္စများကို လုံးဝ(လုံးဝ)ပြုမူဆောင်ရွက်ခြင်း မပြုပါ’’ဟု ၀န်ခံကတိပြုထားခြင်း ကိုလည်း ဖောက်ဖျက်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် သဘောတူညီမှု စာချုပ်ပါ အပိုဒ်(၉)အရ ‘‘စာချုပ် သက်တမ်းကာလအတွင်း ပြုမူ နေထိုင်မှုပုံစံ၊ ကိုယ်ကျင့်တရား နှင့် သိက္ခာတို့အား ကောင်းမွန် သော ပုံရိပ်အဖြစ်နေထိုင်သွား မည်ဖြစ်ပါကြောင်း သိရှိသဘော တူထားခြင်း’’ကို လိုက်နာဆောင် ရွက်မှု မရှိကြောင်း ထုတ်ပြန်ချက် ၌ ပါရှိသည်။

ထို့ကြောင့် ရွှေအိမ်စည်အ နေဖြင့် ၎င်းကိုဆုချီးမြှင့်ထား သည့် ဆုကြေးငွေ၊ သရဖူ၊ စလွယ်နှင့် Trophy များကို အောက်တို ဘာ ၁၀ ရက်နောက်ဆုံးထား၍ လာရောက်အပ်နှံရန် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီက ဖိလစ်ပိုင်သို့ သင်တန်းသွားသည့် ခရီးစဉ်အတွင်း နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးပြုမူလိုက်နာရ မည့် အမူအကျင့်များလိုအပ်ချက် ရှိနေ၍ သတိပေးပြောဆိုမှုများ ပြု လုပ်ခဲ့ကြောင်း အဖွဲ့အစည်းက ထုတ်ပြန်သည်။

အလှမယ်ရွှေအိမ်စည်ကို ပြီးခဲ့သည့် ၂၀၁၆ ကပြုလုပ်ခဲ့ သော မယ်စကြ၀ဠာမြန်မာရွေး ချယ်ပွဲတွင် 1st Runner Up ဆုရရှိခဲ့သောကြောင့် Miss Grand International ပြိုင်ပွဲသို့ စေ လွှတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း စက်တင် ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သော မယ်စကြ၀ဠာမြန်မာ ၂၀၁၈ ပြိုင် ပွဲတွင် 1st Runner Up ဆုရရှိသူ ကို ရွှေအိမ်စည်က လွှဲပြောင်းခွင့် မရခဲ့ပေ။

အဆိုပါ ကြေညာချက်မ ထုတ်ပြန်မီ အောက်တိုဘာ ၁ ရက် နံနက်က ရွှေအိမ်စည်က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ၎င်းအနေဖြင့် မယ်စကြ၀ဠာမြန်မာ အဖွဲ့အစည်းနှင့် ချုပ်ဆိုထားသည့်အချက်များကို ဖောက်ဖျက်ထား ခြင်း မရှိကြောင်း အာမခံထား ပြီး National Director ထံမှလည်း ပြိုင်ပွဲနှင့်ပတ်သက်၍ ၎င်းထံအ ကြောင်းကြားထားခြင်း မရှိကြောင်း ရေးသားထားသည်။

ယခု ရွှေအိမ်စည်လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် စောင့်ထိန်းရမည့် စည်းမျဉ်းစည်း ကမ်းများကို ၂၀၁၆ အောက်တို ဘာ ၁၄ ရက်တွင် ရှင်းလင်းပြော ကြားပြီး စာချုပ်ချုပ်ဆိုခဲ့ကြောင်း အဖွဲ့အစည်း၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

MIss Grand Myanmar ၂၀၁၇ အဖြစ် ရွေးချယ်ထားသည့် ရွှေအိမ်စည်သည် ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပတ်သက်၍ အမှန်ကိုသိစေရန် ဟုဆိုကာ အင်္ဂလိပ်စကားပြော ဖြင့် ဗီဒီယိုဖိုင်ကို စက်တင်ဘာ ၂၆ ရက်၌ ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် တင်ခဲ့သည်။

ထိုကြောင့် အချို့ပရိသတ် များက ယင်းကိစ္စကြောင့် ပြိုင်ပွဲ မှ ထုတ်ပယ်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိခဲ့သည်။

မယ်စကြဝဠာ (မြန်မာ) အ ဖွဲ့အစည်းမှ ထုတ်ပြန်ချက်များမှာ မမှန်ကြောင်း၊ ပြိုင်ပွဲဝင်ရန် ပြင် ဆင်ထားသည့်ကုန်ကျစရိတ်များ ကို လိုအပ်လျှင် ပြန်လည်တရား စွဲဆိုသွားရန်ရှိကြောင်း ရွှေအိမ် စည်က ယမန်နေ့ညတွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန် ခဲ့သည်။

7Day News


No comments:

Post a Comment