Latest News

Sunday, October 1, 2017

မြန်မာနိုင်ငံတွင် ပထမဆုံး ဘီယာသောက်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမဆုံး ဘီယာသောက်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမဆုံးဘီယာ သောက်ပြိုင်ပွဲကို အောက်တိုဘာလ ဒုတိယပတ်အတွင်း အဆင့် သုံးဆင့်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို စီစဉ်သူ ဒေါ်လပြည့်အောင်က ပြောကြားသည်။

“ပြိုင်ပွဲကို အမျိုးသမီးရော၊ အမျိုးသားရော ဝင်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်တွေကို ဆေးစစ်ပေးမယ်။ ပြိုင်ပွဲဝင်နိုင်ခြေရှိမှ ယှဉ်ပြိုင်ခွင့် ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

Doemal Beer Fest ပထမဆုံး ဘီယာသောက်ပွဲတော်တွင် ပြိုင်ပွဲဝင် ၅၀ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး First Round ကို အောက်တိုဘာလ ၁၄ ရက်တွင် The Class Bar, Second Round ကို အောက်တိုဘာလ ၂၁ ရက်တွင် Bondi Bar, Third Round ကို အောက်တိုဘာလ ၂၈ ရက် Regional Bistro Bar တို့တွင် ည ၇ နာရီမှ ၉ နာရီအထိ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြိုင်ပွဲကို အဆင့်သုံးဆင့် သတ်မှတ်ထားပြီး ပထမအဆင့် အနေနှင့် ဘီယာ နှစ်လီတာကို အမြန်ဆုံး သောက်နိုင်သူ ၂၅ ဦးကို ရွေးချယ်မည်ဖြစ်ပြီး ထပ်မံ၍ ဘီယာကို ပိုက်ဖြင့် စုပ်သောက်ရမည် ဖြစ်ကြောင်း ထိုအထဲကမှ အမြန်ဆုံး သောက်နိုင်သူ ၁၂ ဦးကို Semi Final အဖြစ် ရွေးချယ်မည်ဖြစ်သည်။

ဒုတိယအဆင့် အနေနှင့် ဘီယာ သုံးလီတာကို အမြန်ဆုံးပြီးအောင် သောက်နိုင်သူ ရှစ်ဦး ရွေးချယ်ပြီး ဘီယာ၏ အရသာခံပြီး အမျိုးအစား ခွဲရမည်ဖြစ်ကာ အဖြေအမှန်သူ ခြောက်ဦးကို Final တက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နောက်ဆုံးဖိုင်နယ်တွင် Winner နှင့် First Runner Up ရွေးချယ်မည် ဖြစ်သည်။

ဖိုင်နယ်ရွေးချယ်ပွဲတွင် ဘီယာ လေးလီတာကို ပြိုင်သောက်ပြီး အမြန်ဆုံး လေးဦးရွေးချယ်ကာ  အဖွဲ့ နှစ်ဖွဲ့ခွဲ၍ Beer Pong ဆော့ရမည်ဖြစ်ကြောင်း၊ အနိုင်ရရှိသူ နှစ်ဦးက ၁၀ မိနစ်အတွင်း အများဆုံး သောက်နိုင်သည့်သူ Winner ဖြစ်မည်ဖြစ်သည်။

ဆုကြေးငွေမှာ Winner က ကျပ် ၁၀ သိန်းနှင့် ဆုတံဆိပ်တစ်ခု၊ First Runner Up က ကျပ် ငါးသိန်း ရရှိမည်ဖြစ်ကာ ပြိုင်ပွဲဝင်ကြေးအဖြစ် ကျပ် ၂၅၀ဝ၀ သတ်မှတ်ထားပြီး ဝင်ကြေး အပါအဝင် Beer Free Flow နှင့် အစား အသောက် ဘူဖေးအပါ ကျပ် ၃၀ဝ၀ဝ နှင့် ရိုးရိုး Beer Free Flow နှင့် အစားအသောက်ဘူဖေးအတွက် ကျပ် ၁၅၀ဝ၀ သတ်မှတ်ထားကြောင်း ဒေါ်လပြည့်အောင်က ပြောကြားသည်။

လက်မှတ်ဝယ်လို့ရမည့် နေရာများမှာ လမ်းမတော်မြို့ The Class Bar ၊ ဗိုလ်တထောင်မြို့ Bondi Bar၊ ဗဟန်းမြို့(လင့်လမ်းနှင့် ဓမ္မစေတီ လမ်းထောင့်) Regional Bistro Bar ၊ ဗဟန်းမြို့ (ကမ္ဘာအေးဘုရားလမ်း) Code 2LAB Office တို့ ဖြစ်ပြီး ဖုန်း- ဝ၉ ၄၄၅ ၉၅၀ ၂၅၂၊ ဝ၉ ၇၉၉ ၁၂၂ ၈၄၆၊ ဝ၉ ၄၂၀ ၆၀ ၆၀ ဝ၅၊ ဝ၉ ၄၂ ၃၀ ၂၂ ၁၈၁ တို့ကို ဆက်သွယ်နိုင်သည်။        

The Voice

No comments:

Post a Comment