Latest News

Sunday, October 1, 2017

နိုင်ငံခြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်ခေါင်းစီးဓာတ်ပုံကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြင့်ပြောင်းလဲ

နိုင်ငံခြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်ခေါင်းစီးဓာတ်ပုံကို
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြင့်ပြောင်းလဲ

 နိုင်ငံခြားရေးဝန်ကြီးဌာန ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ (Ministry of Foreign Affairs Myanmar)၏ ခေါင်းစီးဓာတ်ပုံ (Cover Photo)ကို နိုင်ငံတော် အလံနှင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ယှဉ်တွဲပါရှိသည့်  ဓာတ်ပုံဖြင့် အစားထိုးပြောင်းလဲခဲ့သည်။
 မူလက ဝန်ကြီးဌာနအ ဆောက်အအုံဓာတ်ပုံကို ခေါင်းစီး ဓာတ်ပုံအဖြစ် ထားရှိရာမှ ဗြိတိန် နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီကားကို ဖယ်ရှားသည့် သတင်းများထွက်ပေါ်ပြီး နှစ်ရက် အကြာတွင် ဒေါ်အောင်ဆန်းစု ကြည် ဓာတ်ပုံအပြောင်းအလဲပြု လုပ်ခဲ့သည်။

အဆိုပါ ဖေ့စ်ဘွတ်ခ်စာမျက် နှာကို ဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဌာနများအား လွတ်လပ်စွာ လုပ် ပိုင်ခွင့်ပေးထားပြီး ကောင်းမွန် သည့် ရည်ရွယ်ချက်ဖြင့် အပြောင်းအလဲပြုလုပ်သည်ဟု ယူဆကြောင်း အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။

ယင်းသို့ ခေါင်းစီးဓာတ်ပုံအ ပြောင်းအလဲပြုလုပ်ပြီး နာရီပိုင်း အကြာတွင် ထောက်ခံသူများပြား ပြီး ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေးကောင်းမွန်စေရန်နှင့် အသက်ရှည်စေရန် ဆန္ဒပြုသည့် မှတ်ချက်များ၊ ပြည်သူလူထုက အပြည့်အဝထောက်ခံထားသော ကြောင့် နိုင်ငံတကာဖိအားကို စိုးရိမ်မကြောက်ရွံ့ရန် အားပေး သည့် မှတ်ချက်များရေးသားခဲ့သည်။

  နိုင်ငံခြားရေးဝန်ကြီးဌာန သည် ၎င်းတို့၏ ပြည်ထောင်စုဝန် ကြီးဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံမှုများ၊ ပြည်ပခရီးစဉ် များ၊ ဒုဝန်ကြီး ဦးကျော်တင်နှင့် အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျတို့၏ လှုပ်ရှားမှုများကို Ministry of Foreign Affairs Myanmar ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် ပုံမှန်လွှင့်တင်ပေး နေသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖြစ်သော Myanmar State Counsellor Office ၏ ခေါင်းစီး ဓာတ်ပုံတွင် ပြည်ထောင်စုနေ့က ပင်လုံမြို့၌ ရိုက်ကူးထားသော ဒေါ်အောင်ဆန်းစုကြည်ပုံကို ‘ပြည်သူနှင့်အတူ’ဟူသော စာသားရေးထိုးကာ အသုံးပြုထားသည်။


7Day News


No comments:

Post a Comment