Latest News

Sunday, October 1, 2017

နွားကောင်ရေ ၅၀၀ ကျော် သင်္ဘောဖြင့်သယ်ယူမှု ခွင့်ပြုချက်တင်ပြနိုင်သဖြင့် အမှုရုပ်သိမ်း

နွားကောင်ရေ ၅၀၀ ကျော် သင်္ဘောဖြင့်သယ်ယူမှု ခွင့်ပြုချက်တင်ပြနိုင်သဖြင့် အမှုရုပ်သိမ်း

ဧရာဝတီမြစ်အတွင်း သင်္ဘောနှစ်စီးဖြင့် သယ်ဆောင် လာသော နွားအကောင်ရေ ၅၀၀ ကျော်ကို ခွင့်ပြုချက်မပါဟုဆိုကာ ဖမ်းဆီးထားသည့်အမှုသည် သက်ဆိုင်ရာခွင့်ပြုချက်များ တင်ပြနိုင် သဖြင့် ရုပ်သိမ်းခဲ့ကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်အောင်က ပြောသည်။
ဧရာဝတီမြစ်အတွင်း သံပရာ ကျေးရွာနှင့် ညောင်ခြေထောက် ကျေးရွာကြားတွင် စက်တင်ဘာ ၂၆ ရက်က သင်္ဘောနှစ်စီးဖြင့် သယ်ဆောင်လာသော နွား ၅၀၆ ကောင်ကို သယ်ဆောင်ခွင့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာ၍ သင်္ဘောနှင့်အတူ လိုက်ပါလာသည့် အမျိုးသားလေးဦးကို ဖမ်းဆီးပြီး အရေးကြီးကုန်စည်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်ခဲ့သည်။

 သို့သော် အဆိုပါအမှုကို စစ်ဆေးနေချိန်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ အကြောင်းကြားစာများ၊ ကချင်ပြည်နယ်သို့ ဝင်ရောက်ခွင့် စာများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် MIC ၏ ခွင့်ပြုချက် များရှိကြောင်း အထောက်အထား များတွေ့ရှိသဖြင့် အမှုကိုရုပ်သိမ်း ခြင်းဖြစ်ကြောင်း ရဲမှူးမြင့်အောင် က ပြောသည်။

‘‘မြို့နယ် ဥပဒေအရာရှိရဲ့ ပြန်ကြားချက်အရ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ် အစိုးရတို့ရဲ့ ခွင့် ပြုချက်တွေပါတယ်။  စစ်ကိုင်း တိုင်းပဲ ဖြတ်သန်းခွင့်မပါတာဖြစ် တယ်။ ပြစ်မှုကျူးလွန်ရာမရောက် ပါဘူး။ တရားစွဲဆိုရန်  မသင့် ကြောင်း ပြန်ကြားတဲ့အတွက် အမှုကိုရုပ်သိမ်းလိုက်ပါတယ်’’ဟု ၎င်း က ပြောသည်။

ဖမ်းဆီးထားသည့် နွားများ ကို စက်တင်ဘာ ၃၀ ရက် နံနက် က ပြန်လည်လွှတ်ပေးခဲ့ပြီး ခေတ္တ ထိန်းသိမ်းထားသည့် အမျိုးသား လေးဦးကိုလည်း လွှတ်ပေးခဲ့ ကြောင်း ဆိုသည်။

အဆိုပါနွားများသည် ကချင် ပြည်နယ် ဗန်းမော်တွင် နွားသား ဖောက်လုပ်ငန်းလုပ်ကိုင်ရန်ဖြစ် ပြီး ကချင်ပြည်နယ် အစိုးရနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ သဘောတူချိတ်ဆက် ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အ တွင်းရေးမှူး ဦးမြင့်တင်က ပြော သည်။ဧရာဝတီမြစ်တွင်း ကသာ လမ်းကြောင်းမှ တရုတ်နိုင်ငံဘက် သို့ နွားမှောင်ခိုများ အများဆုံး သွားလေ့ရှိ၍ ဒေသခံများက ယင်း နွားအကောင်ရေ ၅၀၀ ကျော် အစုအလိုက်ဖမ်းဆီးရမိမှုအပေါ် စိတ် ဝင်တစား စောင့်ကြည့်ခဲ့သည်။

‘‘ဒါကတော့ ဒီအတိုင်းပါပဲ။ အရင်တုန်းကလည်း ဖမ်းမိပြီးမှ စာရွက်စာတမ်းတွေပေါ်လာလို့ ပြန်လွှတ်ပေးလိုက်တယ်။ ပွင့် လင်းမြင်သာမှုမရှိဘူးလို့ ထင်ပါ တယ်’’ဟု သပိတ်ကျင်းမြို့နယ်မှ နွားအရောင်းအဝယ်ပြုလုပ်သူ တစ်ဦးက ဆိုသည်။

7Day News

No comments:

Post a Comment