Latest News

Monday, October 2, 2017

ကျောက်တံတားမြို့နယ်တရားရုံး အချုပ်ခန်းအတွင်းသို့ အချုပ်သားများ ခေါ်ဆောင်စဉ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်

ကျောက်တံတားမြို့နယ်တရားရုံး အချုပ်ခန်းအတွင်းသို့ အချုပ်သားများ ခေါ်ဆောင်စဉ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်

ကျောက်တံတားမြို့နယ် တရားရုံးအချုပ်ခန်းအတွင်းသို့ အချုပ်ယာဉ်ပေါ်မှ အချုပ်သားများခေါ်ဆောင်စဉ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်မှု အောက်တိုဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂ ရက် နံနက် ၁၁ နာရီခန့်တွင် ဆိပ်ကမ်းမြို့မရဲစခန်းနှင့် ကျောက်တံတားမြို့မရဲစခန်းမှ အမှုဖွင့်ထားသည့် အချုပ်သားများအား အချုပ်ယာဉ်တစ်စီးဖြင့် တင်ဆောင်လာခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိပ်ကမ်းမြို့နယ်တရားရုံးသို့ အချုပ်သားများ ပို့ဆောင်ပြီးနောက်တွင် ကျောက်တံတားမြို့နယ် တရားရုံးအတွင်းသို့ အချုပ်သားများအားပို့ဆောင်ပြီး အချုပ်ခန်းအတွင်း၌ အချုပ်သားများအား စစ်ဆေးစဉ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး ထွက်ပြေးသည်ကို သိရှိခဲ့ရကြောင်း သိရသည်။

“ဆိပ်ကမ်းနဲ့ ကျောက်တံတားတရားရုံးကို အချုပ်ယာဉ်နဲ့ ပို့ဆောင်တာပါ။ ဆိပ်ကမ်းကိုပို့ပြီး ကျောက်တံတားတရားရုံးကို ခေါ်ဆောင်တဲ့အချိန်မှာ ကျားခြောက်ဦးနဲ့ မတစ်ဦးတို့ပါပါတယ်။ ပြီးတော့ ကျောက်တံတား တရားရုံးကိုရောက်ပြီး အချုပ်ခန်းထဲပြန်သွင်းတော့ အချုပ်သားက ကျားငါးယောက်နဲ့ မတစ်ယောက်ပဲ တွေ့ရတာပါ။ လွတ်မြောက်သွားသူကို အမြန်ဆုံးဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လွတ်မြောက်သွားသည့် အချုပ်သားမှာ ကျောက်တံတားမြို့မရဲစခန်းမှ စွဲချက်အမှတ် (၃၅၉/၂၀၁၇) ဖြင့် တရားစွဲဆိုတင်ပို့ခံထားရသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သည့် ကို….(၁၉နှစ်) ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment