Latest News

Monday, October 2, 2017

ရခိုင်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ တစ်ကျော့ပြန် ပြုလုပ်နိုင်သည်ဟူသော သတင်းကြောင့် လုံခြုံရေးတိုးမြှင့်ထားဟု ရဲတပ်ဖွဲ့ဆို

ရခိုင်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ တစ်ကျော့ပြန် ပြုလုပ်နိုင်သည်ဟူသော သတင်းကြောင့် လုံခြုံရေးတိုးမြှင့်ထားဟု ရဲတပ်ဖွဲ့ဆို

ဘူးသီးတောင်မောင် တောဒေသအပါအဝင် ရခိုင်ပြည် နယ်တွင် အောက်တိုဘာ ၁၀ ရက် မှ ၁၉ ရက်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ တစ်ကျော့ပြန်ပြု လုပ်နိုင်သည်ဟူသော သတင်း များကြောင့် ဒေသတွင်း လုံခြုံရေး တိုးမြှင့်ထားကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင် မြတ်မိုးက ပြောသည်။

‘‘ရရှိတဲ့ သတင်းတွေအရ ကောလာဟလလည်း ဖြစ်နိုင်သ လို သတင်းအမှန်လည်း ဖြစ်နိုင် တယ်။ ၁၀ ရက်နဲ့ ၁၉ ရက်အတွင်း လောက်မှာ အလုံးအရင်းနဲ့တိုက် မယ်ဆိုပြီး သတင်းထွက်နေတယ်။  အတတ်နိုင်ဆုံး လုံခြုံရေးတိုးမြှင့် ထားတယ်။ ဒါတွေက တစ်ဖက် နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့လူတွေ ဆီက ရတဲ့သတင်းရော အကုန် လုံးပေါ့။ ဆက်စပ်ပြီး ရတဲ့သတင်း တွေပါ’’ဟု ရဲမှူးကြီးအောင်မြတ် မိုးက ပြောသည်။

 ဘူးသီးတောင်နှင့် မောင် တောမြို့နယ်တွင် တိုက်ခိုက်မှုများထပ်မံပြုလုပ်လာနိုင်ကြောင်း ဒေ သတွင်းသတင်းများထွက်ပေါ်နေ ပြီး တာဝန်ရှိသူများ၏လုံခြုံရေး ဆောင်ရွက်မှုအပေါ် စောင့်ကြည့် လေ့လာနေဆဲဖြစ်ကြောင်း ဘူး သီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း အောင်သိန်းက ပြောသည်။ ယခင်တိုက်ခိုက်မှု မဖြစ်မီအချိန်များက လုံခြုံရေး ဆောင်ရွက်မှုများကို အားမရခဲ့ကြောင်း ဦးထွန်းအောင် သိန်းက ဆိုသည်။

‘‘အခုဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ အမျိုး သမီးနဲ့ကလေးတွေ တွေ့တယ်။ ကျွန်တော်တို့ မေးကြည့်တယ်။ ဘာကြောင့် ပြေးနေတာလဲ ဆို တော့ မော်လဝီဆရာတွေ ခိုင်းလို့ လို့ပြောတယ်။ မပြေးရင် သတ် မယ်လို့ ပြောတယ်တဲ့။ ပြေးတဲ့အ ထဲမှာ အမျိုးသားတွေ မတွေ့ရ ဘူး။ ဒါတွေကို ကျွန်တော်တို့စိုး ရိမ်တယ်။ အကြမ်းဖက်တိုက်ခိုက် မှုတွေက အချိန်မရွေးဖြစ်လာနိုင် တယ်လို့ ကျွန်တော်တို့ ဒေသခံ တွေက သံသယရှိနေတယ်’’ ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

၂၀၁၆ အောက်တိုဘာက ဖြစ်ပွားခဲ့သည့်မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီးတွင် တိုက်ခိုက်မှုမဖြစ်မီ ကြိုတင် သတင်းရယူမှု အားနည်းခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဝန်ခံခဲ့သည်။ သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အဖွဲ့၏ တစ်ကျော့ပြန် တိုက်ခိုက်မှုများ မဖြစ်မီ လပိုင်းအလိုကပင် တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 လတ်တလောတွင် ရခိုင် ပြည်နယ် အမ်းမြို့၌ ဆူပူလှုံ့ဆော် မှုများပြုလုပ်ရန် မကွေးတိုင်းဒေ သကြီးအတွင်း ငွေကြေးဖြင့် စည်းရုံးလှုံ့ဆော်နေသည်ဟူသော သ တင်းများကြောင့်လည်း မကွေး -အမ်းလမ်းပိုင်းမှ အမ်းမြို့အဝင် တွင် လုံခြုံရေးတင်းကျပ်ထားပြီး နေ့စဉ်စစ်ဆေးနေကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

7Day News

No comments:

Post a Comment