Latest News

Wednesday, October 4, 2017

ထွက်မပြေးသော ဘင်္ဂါလီတို့၏ လျှို့ဝှက်ချက်

ထွက်မပြေးသော ဘင်္ဂါလီတို့၏ လျှို့ဝှက်ချက်

မောင်တောဟုဆိုသည်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ သမိုင်းနှင့်ချီရှုပ်ထွေးနက်နဲပြီး မဖြေရှင်းနိုင်သေးသည့် ပြဿနာ သောင်းခြောက်ထောင်ဖြင့်ဒေသ ဟု ပြေးမြင်ယောင်မည်ဖြစ်သည်။

ထို့အတူ ယင်းဒေသရှိ လူ့အသိုင်းအ၀ိုင်းကြားတွင်လည်း အပြန်အလှန်မယုံကြည်မှုများ၊ သံသယများက ကြီးစိုးနေသည်။

သို့သော် နယ်စပ်မောင်တော ဒေသတွင် မတူကွဲပြားသော်လည်း အကြမ်းဖက်မှုများကို တူညီစွာဆန့်ကျင်ရင်း ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်သည့် ကျေးရွာအချို့လည်း ရှိနေသည်။

ဦးကာလာ(အမည်လွှဲ) တို့ မိသားစုနေထိုင်သည့် ရွှေဇားကျေးရွာသည် ခြောက်နှစ်အတွင်းဆူပူ အကြမ်းဖက်မှုသုံးကြိမ်ဖြစ်ပွားခဲ့သော မောင်တောဒေသတွင် လက်ရှိအချိန်ထိ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ခဲ့သည့် ကျေးရွာတစ်ရွာဖြစ်သည်။

ရွှေဇားကျေးရွာသည် မောင်တောမြို့ပေါ်ရပ်ကွက်များနှင့်တစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဘင်္ဂါလီလူမျိုးများအတူနေထိုင်ကြကာ လူဦးရေတစ်သောင်းငါး ထောင်ကျော်ရှိသည်။ ယင်းအုပ်စု တွင် ပါဝင်သည့် အောင်ဗလတိုင်း ရင်းသားကျေးရွာ၌ တိုင်းရင်းသားဦးရေ ရှစ်ရာခန့်သာနေထိုင်လျက် ရှိပြီး အခြားသည် ဘင်္ဂါလီလူမျိုး များဖြစ်သည်။

မောင်တောဒေသရှိ ဘင်္ဂါလီလူမျိုးအများစုသည် ပြီးခဲ့သည့် ဩဂုတ်အတွင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ နောက်ပိုင်းဘင်္ဂလားဒေ့ရှ်အပါအ၀င် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တစ်ဖက်နိုင်ငံ မှ ဘင်္ဂါလီလူမျိုးများကတိမ်းရှောင်ရန် ညွှန်ကြားခြင်း၊ လုံခြုံရေးစိုး ရိမ်ခြင်းနှင့် တိုင်းရင်းသားအချို့၏ ခြိမ်းခြောက်မှုများကြောင့် တိမ်းရှောင်ခြင်းဖြစ်ကြောင်းဆိုသည်။

သို့သော် ရွှေဇားကျေးရွာအုပ်စုမှ ဘင်္ဂါလီလူမျိုးများသည် လက်ရှိအချိန်ထိ တိမ်းရှောင်ခြင်းမရှိဘဲ အခြားတိုင်းရင်းသားများနှင့်အတူ အကြမ်းဖက်မှုကိုဆန့်ကျင်ပြီး ပြဿနာမဖြစ်ပွားစေရန် ထိန်းသိမ်းနေထိုင်ကြသည်။

ပြဿနာဖြစ်ပွားမှုမရှိခြင်း၊ နေရပ်ပြောင်းရွှေ့နေထိုင်မှုမရှိ ခြင်း၏ အကြောင်းရင်းသည်ကျေး ရွာအုပ်စုတာဝန်ခံ (ကျေးရွာအုပ် ချုပ်ရေးမှူး)နှင့်ရပ်မိရပ်ဖများက အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လိုသူများကို လက်မခံ၍ဖြစ်သည်ဟု ဦးကာလာက ဆို သည်။

‘‘ကျွန်တော်တို့ရွာက အစွန်းရောက်အကြမ်းဖက်သမားမရှိဘူး။ အဲဒါကို ကျွန်တော်တို့ရွာတာဝန်ခံတွေက တာဝန်ယူထား တယ်။ ပြဿနာလည်းမရှိဘူး။ ပြဿနာမဖြစ်အောင်နဲ့ ဘာမှ မဖြစ်အောင်နေဖို့ ထိန်းသိမ်းထားပါတယ်။ အခုပြေးတဲ့သူတွေတော် တော်များများက အကြမ်းဖက်လုပ်ရပ်နဲ့ ဆက်စပ်နေသူတွေလို့ ယေဘုယျပြောလို့ရပါတယ်’’

မောင်တောတွင် ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ  ၈ ရက်ကဖြစ်ပွားခဲ့ သည့် ဆူပူအကြမ်းဖက်မှုကြောင့် မြို့ပေါ်တိုင်းရင်းသားရပ်ကွက်နှစ်ခုအပါအ၀င် ကျေးရွာ  ၁၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် တိုင်းရင်းသားနှင့် ဘင်္ဂါလီဦးရေ ၂၀ သေဆုံးခဲ့ပြီး လူ နေအိမ် ၅၀၀ ခန့်ဆုံးရှုံးခဲ့သည်။

ထို့အပြင် ၂၀၁၆ အောက်တို ဘာ ၉ ရက်တွင် ကျီးကန်းပြင်ရွာရှိ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ငါးခူရ၊ ကိုးတန်ကောက်ရဲစခန်းများကို အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့က အကြမ်းဖက်စီးနင်းတိုက်ခိုက် ခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက် အချိန်တစ်နှစ်ပင်မပြည့် သေးမီ ၂၀၁၇ ဩဂုတ် ၂၅ ရက် တွင် မောင်တောဒေသရှိ ရဲစခန်းသုံးဆယ်ကျော်ကို အာဆာ (ARSA) အကြမ်းဖက်သမားများက ထပ်မံတိုက်ခိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်း ဖက်သမားများ၊ အကြမ်းဖက်မည့်လုပ်ရပ်များအပေါ် အားပေးသူ များနှင့် အကြမ်းဖက်လိုသူများသည် ၎င်းတို့နေအိမ်တွင် ဆက်လက်မနေထိုင်ဝံ့တော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအ၀င် အခြား ဒေသများသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂါလီလူမျိုးရပ်မိရပ်ဖများက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာ ၅ ရက်နောက်ပိုင်းတွင် ထိတွေ့တိုက်ခိုက်မှုများ နှင့် နယ်မြေရှင်းလင်းမှုများမရှိ တော့သော်လည်း မွတ်စလင်အ များအပြား နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်နေသည့် အကြောင်းရင်းကို သိလိုကြောင်း စက်တင်ဘာ ၁၉ ရက်မိန့်ခွန်းတွင် ပြောကြားထား သည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများနှင့် မထွက်ပြေးဘဲ မောင်တောဒေသတွင် ကျန်ရှိနေသူများ၏ ကွာခြားချက်ကို မောင်နီရွာနေထိုင်သူအေနာမူလာက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

‘‘ရိုးရိုးတွေးရင်တော့ အဖြေကရှင်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ကို ပြေးတဲ့သူတွေက အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ မိသားစုဝင်တွေပါ။ ကျန်ခဲ့တဲ့သူတွေက အကြမ်းဖက်အားမပေး ဘဲ ကျန်နေတဲ့သူတွေပါ’’ ဟု အေနာမူလာက ဆိုသည်။

ယင်းသို့ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်စပ်မှုရှိနေသူများ ဒေသတွင်းမှ ထွက်ခွာသွားခြင်းသည်ပင် အေးချမ်းစွာနေထိုင်လိုသည့် ဘင်္ဂါလီများအတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်ဟုလည်း ဦးကာလာက မှတ်ချက်ပြုသည်။

သို့သော် အကြမ်းဖက်လိုသူများ၏ အန္တရာယ်က အေးချမ်းစွာ နေထိုင်လိုသည့် ဘင်္ဂါလီများကို ခြိမ်းခြောက်နေသည်ဟု ရွှေဇားအုပ်စုဂုံနားရွာမှ အသက် (၅၉)နှစ် အရွယ်ဦးရှော်ရှီးအာမတ်ကပြော သည်။

‘‘ကျွန်တော်တို့ အပိုင်းမှာတော့ ထွက်ပြေးတဲ့သူမရှိပါဘူး။ တချို့ရွာတွေမှာတော့ ထွက်ပြေးတဲ့သူရှိပါတယ်။ တချို့ကအကြမ်း ဖက်အန္တရာယ်ကို ကြောက်လို့ပြေးတာရှိသလို ကျန်တာကဘာကြောင့်ပြေးသလဲ မသိပါဘူး။ ဆူ တဲ့သူ၊ အကြမ်းဖက်ချင်တဲ့သူတွေ အဲဒီရွာတွေမှာ ရှိချင်ရှိမယ်။ ကျွန်တော်တို့ဘက်မှာတော့ မရှိပါဘူး’’ ဟု ဦးရှော်ရှီးအာမတ်ကဆိုသည်။

၂၀၁၆ အောက်တိုဘာတိုက် ခိုက်မှုနောက်ပိုင်းတွင် အကြမ်းဖက်သမားအချို့သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျေးရွာရှိ လူလေးဦးကို သတ်ဖြတ်ခဲ့သည်ဟု ရွှေဇားကပ္ပ ကောင်းကျေးရွာတာဝန်ခံ (၅၄) နှစ်အရွယ် ဦးမော်နီအာမတ်က ပြောသည်။ ‘‘၂၀၁၂ တုန်းကရော၊ ၂၀၁၆ အောက်တိုဘာတုန်းကပါ ရွှေဇားမှာဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဒီအကြမ်းဖက်ဖြစ်စဉ်မတိုင်မီ အရင်လတုန်းက အစွန်းရောက် အကြမ်းဖက်သမားတွေ ရောက် လာပြီး ကျွန်တော်တို့ဆီမှာလူလေး ယောက်အသတ်ခံရတယ်။ တခြား ကျေးရွာအုပ်စုတွေထဲမှာလည်း အစွန်းရောက်အကြမ်းဖက်သမား တွေ ရှိတယ်။ အခြားကျေးရွာတွေ က လာလုပ်တာပါ။ အစိုးရနဲ့ ပေါင်းလို့ဆိုပြီး အသတ်ခံရတာပါ’’ ဟုဦးမော်နီအာမတ်ကဆိုသည်။

အစိုးရ၏ တရားဝင်ထုတ်ပြန် ချက်များအရ ၂၀၁၆ အောက်တို ဘာနောက်ပိုင်း မောင်တောဒေသ တွင် အရပ်သား ၈၀ ခန့်အသတ်ခံ ခဲ့ရပြီး ၃၀ ကျော်ဖမ်းဆီးခံခဲ့ရ သည်။

ထို့အပြင် အကြမ်းဖက်သမား များသည် ဒေသတွင်းရှိ အစွန်း ရောက် ဘင်္ဂါလီလူငယ်များကို စည်းရုံးသိမ်းသွင်းကာ ဒေသနေသူ များအသွင်ယူ၍ အကြမ်းဖက်လုပ် ရပ်များကို ဆောင်ရွက်သည်ဟု ဘင်္ဂါလီလူမျိုးရပ်မိရပ်ဖများက ပြောသည်။ ယင်းကဲ့သို့လုပ်ရပ်များ ကြောင့် အပြန်အလှန်မယုံကြည် မှုများကို တိုးပွားစေခဲ့ကြောင်း ဒေ သခံ တိုင်းရင်းသားအချို့က ထောက်ပြသည်။

ရွှေဇားကျေးရွာ အုပ်စုတွင် ပဋိပက္ခများ မဖြစ်ပွားခဲ့သော်လည်း အောင်ဗလတိုင်းရင်းသားကျေးရွာမှ ရွာခံအများစုသည် ပြီး ခဲ့သည့် ဆူပူအကြမ်းဖက်မှု သုံးကြိမ်စလုံးတွင် လုံခြုံရေးအခြေအနေစိုးရိမ်မှုများကြောင့် မြို့ပေါ်ရှိ စုရပ်ကယ်ဆယ်ရေးစခန်းများသို့ ရှောင်တိမ်းခဲ့သည်။

ထို့အပြင် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ အသတ်ခံရခြင်းကလည်း ဒေသခံတိုင်းရင်းသားများအပေါ် စိုးရိမ်မှုတိုးပွားစေသည်။ ဘင်္ဂါလီများနှင့် နီးကပ်စွာနေထိုင် နေသည့်တိုင်းရင်းသားများအဖို့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်ဟု ဒေသခံအများစုက တညီတ ညွတ်တည်း ပြောကြသည်။ ထို့ကြောင့် စက်တင်ဘာ ၂၆ ရက်က မောင်တောမြို့ မြို့မဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေး၌ မောင်တော ဒေသတစ်ခုလုံးရှိ ဘင်္ဂါလီလူမျိုးများအား ဌာနေတိုင်းရင်းသားများ နှင့် အလှမ်းဝေးသည့်နေရာများတွင် သီးခြားထားရှိပေးရေးအ တွက် တောင်းဆိုရန် ဆုံးဖြတ်ခဲ့ သည်။

 ‘‘ဒေါ်အောင်ဆန်းစုကြည် ခဏခဏစပြောနေတဲ့ တရားဥပ ဒေစိုးမိုးမှုရှိအောင်ပေါ့။ ဒီမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေပဲဖြစ် ဖြစ်၊ ဘင်္ဂါလီ ရွာတွေပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးမှုအောက်မှာ ရှိ နေမှ ဒီဧရိယာကို ထိန်းချုပ်နိုင်မှာ။ ဒီဒေသမှာရှိတဲ့လူနည်းစုဖြစ်နေတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ ဟိန္ဒူ ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး တော့ လုံခြုံစိတ်ချတဲ့ပတ်ဝန်းကျင် တစ်ခုဖန်တီးပေးရမယ်။ လွယ် တော့မလွယ်ဘူးပေါ့ဗျာ။ အဲဒီလို အခြေအနေရောက်အောင် အချိန် ယူပြီး ဖြေရှင်းနိုင်မှသာ ဒီဒေသ ဟာ တည်ငြိမ်အေးချမ်းတယ်လို့ ပြောလို့ရတယ်။ တစ်ဖက်က လည်း ဒီဘင်္ဂါလီမွတ်စလင်တွေ ဟာ အစွန်းရောက် ARSA တွေရဲ့ အောက်မှာရောက်နေတဲ့ ဘင်္ဂါလီ မွတ်စလင်တွေထဲကနေ အလယ် အလတ်လမ်းစဉ်ဖြစ်တဲ့သူမတူတဲ့ ဘာသာဝင်တွေနဲ့ အတူတကွနေ ထိုင်နိုင်တဲ့လူတွေကို စည်းရုံးသိမ်း သွင်းပြီးတော့ ကျန်တဲ့တိုင်းရင်း သားတွေနဲ့ အတူတကွနေထိုင်နိုင် တဲ့ အခြေအနေတစ်ရပ်ဖြစ်အောင် ဖန်တီးနိုင်ဖို့လိုမယ်လို့ ထင်တယ်။ ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘက်က မန်းဒိတ်(Mandate) ပေး ထားတဲ့ ကိုယ်စားလှယ်တွေရော၊ ဒီ ဘင်္ဂါလီဘက်က အလယ်အ လတ်ဖြစ်တဲ့ လူတွေ၊ မန်းဒိတ်ပေး ထားတဲ့လူတွေရောပါဝင်ပြီးတော့ ဖြေရှင်းဖို့ လိုအပ်မယ်လို့ ထင်ပါ တယ်’’ ဟု အကြံပြုသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း၊ ဒေသအခြေအနေ မတည်ငြိမ်ခြင်းများက မောင်တောဒေသရှိ လူ့အသိုင်းအ၀ိုင်းအားလုံးကို ထိခိုက်စေခဲ့သည်။

ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပါက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရသဖြင့် မူလကပင် နိုင်ငံတွင်းဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသနေထိုင်သူများကို စား ၀တ်နေရေး အခက်အခဲကြုံတွေ့ စေခဲ့သည်။

ဦးကာလာသည် မောင်တော မြို့မဈေးကြီးတွင် အထည်အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ် ထားသဖြင့် ပြဿနာဖြစ်ပွားလျှင် ဈေးဆိုင်ကိုပိတ်ထားရပြီး စီးပွား ရေးထိခိုက်နစ်နာသဖြင့် ပြဿနာ မဖြစ်ပွားရေးအတွက် အမြဲဆု တောင်းသည်ဟု ဖွင့်ဟသည်။ ‘‘ကျွန်တော်တို့ အဖေအမေ လက်ထက်ကတည်းက ဒီမှာပဲ အေးအေးဆေးဆေးလုပ်ကိုင်စား သောက်လာတယ်။ တော်တော် များများလည်း သူ့အလုပ်နဲ့သူ အ ဆင်ပြေကြတယ်။ တချို့ဘင်္ဂါလီ တွေက တိုင်းရင်းသားတွေထက် အလုပ်အဆင်ပြေကြတယ်။ ဘာလို့ ပြဿနာလုပ်ချင်ရမှာလဲ’’ ဟု ဦးကာလာက ဆိုသည်။

မောင်တောခရိုင်တွင် အဓိက စီးပွားရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းဖြစ်ပြီး လယ် မြေဧက ၁၅၅,၀၀၀ ကျော်ရှိသည့်အနက် ဘင်္ဂါလီများပိုင်ဆိုင်သော ဧကပေါင်း ၁၂၅,၀၀၀ ကျော်ရှိသည်။ အလားတူ ရေငန်ပုစွန်မွေးကန်ဧကတစ်သောင်းငါးထောင်ကျော် ရှိသည့်အနက် ဘင်္ဂါလီများလက်ဝယ်တွင် ဧက ကိုးထောင်ကျော် ရှိနေကြောင်း ဌာနဆိုင်ရာအချက်အလက်များ တွင် ဖော်ပြထားသည်။

အောင်ဗလကျေးရွာဒေသခံ ဒေါ်လှဘုက ဒေသအခြေအနေ နှင့် ပတ်သက်၍ သူ၏အမြင်ကို ယခုလိုပြောသည်။ ‘‘၂၀၁၂ မဖြစ် ခင်ရော၊ ဖြစ်ပြီးနောက်ရော ကျွန်မတို့အတူနေထိုင်ခဲ့တာပဲ၊ သူတို့ ရွာတွေသွားပြီး အထည်တွေ ရောင်းတယ်။ ယောက်ျားတွေဆို ရင်လည်း ငါးရှာ၊ ဖားရှာသွားခဲ့ ကြတာပဲ။ ဈေးတွေမှာဆိုရင်လည်း သူတို့ရောင်းတာ ကိုယ်ဝယ်စား၊ ကိုယ်တို့ရောင်းတာ သူတို့ဝယ်စား ပါပဲ၊ နောက်ပိုင်းမှာတော့ ဘင်္ဂါလီ တွေက ရန်လိုမှုများလာတယ်’’

ပြီးခဲ့သည့် ၂၀၁၂ က ဖြစ်ပွားခဲ့သည့် ပြဿနာသည် ဘင်္ဂါလီများက ရခိုင်အမျိုးသမီးငယ်တစ်ဦးကို စော်ကားရာမှ စတင်ဖြစ်ပွားခဲ့သော်လည်း ၂၀၁၆ အောက်တိုဘာ ၉ ရက်နှင့် ၂၀၁၇ သြဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာသည် ရခိုင်နှင့် ဘင်္ဂါလီအကြား ဖြစ်ပွားခဲ့သည့် ပြဿနာမဟုတ်ကြောင်း မောင် တော မြို့မိ၊ မြို့ဖများက ပြောသည်။ အဆိုပါဖြစ်စဉ်များသည် လုံခြုံရေးစခန်းများကို အကြမ်းဖက်လိုသူများက စတင်စီးနင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ် လာသည့် ပြဿနာများဖြစ်သည်ဟု မြို့မိ၊ မြို့ဖများကဆိုသည်။ ‘‘သူတို့နဲ့ ဘာမှပြဿနာမရှိဘူး။ နောက်တော့ သူတို့ (ဘင်္ဂါလီ) ပြဿနာလုပ်တယ်၊ ရန်လိုမှုတွေ များလာတယ်၊ ရခိုင်မဟုတ်တော့ဘူး။ မြို၊ သက်၊ ဒိုင်းနက်၊ ခမီနဲ့ ဟိန္ဒူတွေပါ အသတ်ခံလာရတယ်။ ဘာကြောင့်ဒီလိုရန်လိုမှုတွေ ဖြစ်လာတယ်။ ဘယ်သူတွေက ကြိုးကိုင်လှုပ်ရှားနေတယ်ဆိုတာ မသိတော့ဘူး’’ ဟု မောင်aတာမြို့ခံ ဦးစိန်လှဖြူက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မောင်တောခရိုင်ရှိ ဘင်္ဂါလီမိသားစုဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းဌာနများကမူ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သူ ငါးသိန်းကျော်ရှိကြောင်းဆိုသည်။ ထွက်မပြေးဘဲ မောင်တောဒေသ တွင် ကျန်ရစ်ခဲ့သူ မိသားစုအချို့ကိုလည်း တိမ်းရှောင်လာရန် တစ်ဖက်နိုင်ငံဘက်တွင် ရောက်ရှိနေသူများက စည်းရုံးမှုများ ရှိနေ သည်။ သို့သော်လည်း သက်ဆိုင် ရာ တာဝန်ရှိသူများက စားသောက် ရေး အပါအဝင် လုံခြုံရေးများ ကို တာဝန်ယူဆောင်ရွက်ပေးမည်ဟု တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေသည်။

ဘင်္ဂါလီ လူမျိုးရပ်မိ၊ ရပ်ဖအချို့ကလည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်းမပြုဘဲ အေးချမ်းစွာ နေထိုင်နိုင်ရန် တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်သင့်aကြာင်း အကြံပြုသည်။

‘‘တရားမဝင် တစ်ဖက်နိုင်ငံကို သွားပြီးဒုက္ခပေါင်းများစွာနဲ့ နေ ရမယ့်အတူတူ၊ ကိုယ့်ရွာမှာကိုယ် အေးအေးချမ်းချမ်း နေထိုင်ပြီးaတာ့ အကြမ်းဖက်သမား နှိမ်နှင်း ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ပေးလိုက်ရင် ပြဿနာက ရှင်းနေ ပါပြီ။ အခုလည်း အကြမ်းဖက်လိုသူတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ သိသာထင်ရှားနေတာပဲ’’ ဟုဦးမော်နီအာမတ် ကဆိုသည်။

မောင်တောဒေသမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေသည့် ဘင်္ဂါလီများကိစ္စနှင့် ပတ်သက်၍ ကုလအပါအဝင် နိုင်ငံတကာ၏ ဖိအားသည် ဒီမိုကရေစီသက်တမ်းနုနယ်သေးသည့် မြန်မာနိုင်ငံအတွက် ကြီးမားသောအန္တရာယ်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

‘‘အစိုးရသက်တမ်းက ၁၈ လတောင် မပြည့်သေးဘူး ဆိုတာပါပဲ။ ဒီလကုန်တော့ ၁၈ လပြည့်မှာပါ။ ၁၈ လဆိုတဲ့ အချိန်က ကျွန်မ တို့အနေနဲ့ အများမျှော်လင့်ထားတဲ့ အရာတွေအားလုံးကို ပြီးပြည့်စုံaအာင် ဆောင်ရွက်နိုင်ဖို့နဲ့ အခက် အခဲတွေအားလုံးကို ကျော်လွှားဖို့ဆိုတာ အလွန်တိုတောင်းတဲ့ကာ လဖြစ်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

နိုင်ငံတကာဖိအားအောက်တွင် အစိုးရကပြဿနာဖြေရှင်းရန် ကြိုးပမ်းနေသည့် မောင်တောဒေသ၌ ဦးကာလာတို့လို မည်သည့်အရပ်မှ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ အကြမ်းဖက်မှုကို ဆန့်ကျင်ကာ အေးချမ်းစွာ နေထိုင်လိုသော ဘင်္ဂါလီ လူမျိုးများလည်း ရှိနေသည်။ ဦးကာလာကမူ သူ၏ဆုံးjဖတ်ချက်ကို အောက်ပါအတိုင်း ပြောသည်။

‘‘ဘယ်မှမသွားဘူး၊ ဒီမှာပဲ အေးအေးချမ်းချမ်းနေမယ်’’

ဒေါ်အောင်ဆန်းစုကြည်ကမူ သြဂုတ်လအကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ သံတမန်များအား မိန့်ခွန်းပြောကြားခဲ့ရာ ‘‘ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်အများစုဟာ တစ်ဖက် ကို ထွက်မပြေးဘဲ ကျန်ရှိနေတယ် ဆိုတာကို လူတွေသိပ်မသိကြပါဘူး။ မွတ်စလင်ကျေးရွာတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ဘယ်မှမပြေးဘဲ ရှိနေကြပါသေးတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး နေရစ်ခဲ့ကြတယ်ဆိုတာကို ကျွန်မတို့သိချင်ပါ တယ်။ ဒီအချက်ဟာ ကျွန်မတို့ဆက်ပြီး ထည့်သွင်းစဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ တစ်နေရာတည်းကို မကြည့်ဘဲ ဘာပြဿနာမှမဖြစ်ဘဲ ရှိနေကြတဲ့နေရာတွေကိုလည်း ကြည့်မြင်တတ်ဖို့လိုပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ဘာဖြစ်လို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ကြရတာလဲ။ ဒါကြောင့် သံတမန် အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းတွေနဲ့ သင့်မြတ်စွာပေါင်းစည်း နေထိုင်နိုင်ကြတဲ့ မွတ်စလင်တွေကို ကျွန်မတို့နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအနေနဲ့တိုက်တွန်းလိုပါတယ်’’။။

(မှတ်ချက်။ သတင်းရင်းမြစ်များ၏ လုံခြုံရေးအတွက် ဘင်္ဂါလီများ၏ အမည်များကို အမည်လွှဲထားပါသည်။)


7Day News

No comments:

Post a Comment