Latest News

Saturday, September 9, 2017

သဘာဝဘေးအန္တရာယ် လျင်မြန်စွာကုညီနိုင်ဖို မီးသတ် (မွမ်းမံ) သင်တန်းဆင်းပွဲ ပြုလုပ်

သဘာဝဘေးအန္တရာယ် လျင်မြန်စွာကုညီနိုင်ဖို မီးသတ် (မွမ်းမံ)
သင်တန်းဆင်းပွဲ ပြုလုပ်

မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာ ကူညီနိုင်စေရေးအတွက် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၉ရက် နံနက်၈နာရီခွဲကမွန်ပြည်နယ် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
 အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သထုံခရိုင်မီးသတ် ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြည်ထွန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ အားထားရမည့် တပ်ဖွဲ့ဝင်များ ဖြစ်စေလိုကြောင်း၊ ဘေးအန္တရာယ်များကျရောက်လာပါက သင်ကြားတတ်မြောက် ထားသည့် နည်းစနစ်များအတိုင်း လျင်မြန်စွာ ကူညီ ကယ်ဆယ်နိုင်ကြစေလိုကြောင်း ပြောသည်။
 အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွန်းမံ)သင်တန်းတွင် ဆုရရှိသော သင်တန်းသားများနှင့် သင်တန်းဆင်း လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်လင်းရာသီများတွင် မီလောင်မှုများမှာ ခဏခဏ ဖြစ်ပေါ်တတ်သည့်အတွက် မွမ်းမံသင်တန်းများကို စနစ်တကျပေးဖို့ ကိုလည်းဒေသခံများကပြောသည်။
ဟံသာနွန်

No comments:

Post a Comment