Latest News

Sunday, September 10, 2017

အကျဉ်းသာအိပ်ဆောင်များမှ ဆေးခြောက်နှင့်WY ဆေးပြားများဖမ်းမိ

အကျဉ်းသာအိပ်ဆောင်များမှ ဆေးခြောက်နှင့်WY ဆေးပြားများဖမ်းမိ

စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ပေါင်မြို့ ဇင်းကျိုက်အကျဉ်းဦးစီးဌာနကုန်ထုတ်စခန်းအတွင်း အကျဉ်းသားများထားရှိရာ အကျဉ်းသားအိပ်ဆောင်များကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှ WYဆေးပြား များနှင့် ဆေးခြောက်များတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ယင်းကုန်ထုတ်စခန်း၏တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရသိရသည်။
“ ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းအရ အကျဉ်းသားတွေရဲ့အိပ်ဆောင်ကို စစ်ဆေးတယ်။ တွေ့တာက အိပ်ယာအောက် ကြမ်းခင်းအောက်မှာ ဒီဆေးပြားတွေ ဆေးခြောက်တွေကို တွေ့ရှိတာပေါ့။ ဒီဆေးပြားဆေးခြောက်တွေက ဒီထဲကို ၀င်လာနိုင်တဲ့ နည်းလမ်းအမျိုးအမျိုးရှိပါတယ်။ ခုလည်းသူတို့ ၂ ဦးကို ရဲစခန်းကို အပ်ထားပြီးပြီး။ ရဲစခန်းမှ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးဖေါ်ထုတ်သွားမှာပါ" ဟု ၄င်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး လက်ဝယ်တွေ့ ရှိသူ အကျဉ်းသားနှစ်ဦးအား ဇင်းကျိုက်အကျဉ်းဦးစီးကုန်ထုတ်စခန်းမှ တရားလို လ/ထကြီးကြပ်ရေးမှုး (၁)စိုင်းဇော်မျိုးဝေဇင်မှ တရားလိုပြုတိုင်ကြားထားသည်။
 စက်တင်ဘာလ ၉ ရက်နေ့က အကျဉ်းစခန်းမှ တာဝန်ရှိသူများသည် အကျဉ်းသား အိမ်ဆောင်များအား ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ အကျဉ်းသားအိပ်ဆောင်၂ ကိုဝင်ရောက်စစ်ဆေးကြစဉ် လူသတ်မှုဖြင့် ထောင် ၁၀နှစ်ကျနေသူ၏ အိပ်ယာအောက်ကြမ်းခင်းအံဝှက်ထဲမှ WYစာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား (၇၆) ပြား၊ အစိမ်း(၂) ပြား စုစုပေါင်း(၇၈) ပြား ၊ မုဒိမ်းမှုဖြင့် ထောင် ၁၀နှစ်ကျနေသူ၏အိပ်ယာအောက်ကြမ်းခင်းအံဝှက်ထဲမှ ဆေးခြောက် ၃၀ ဂရမ်ကိုတွ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကဆိုသည်။
 အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပါင်မြို့မရဲစခန်းမှ  အကျဉ်းသားတစ်ဦးအား မယ(ပ)၆/၂၀၁၇ ၊ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉ က/၂၁အခြားတစ်ဦးအား  မယ(ပ)၇/၂၀၁၇၊ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉ က/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း  သိရသည်။

ဟံသာနွန်

No comments:

Post a Comment