Latest News

Saturday, September 9, 2017

ရထားလမ်းပေါ်အိပ်နေသော အမျိုးသားတစ်ဦး ရထားတိုက် သေဆုံး

ရထားလမ်းပေါ်အိပ်နေသော အမျိုးသားတစ်ဦး ရထားတိုက် သေဆုံး

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာတွင် အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး  ရထားလမ်းပေါ်အိပ်နေစဉ်ရထား တိုက်မိ သေဆုံးခဲ့ကြောင်း ပေါင်မြို့မ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
စက်တင်ဘာ ၉ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် ဥတ္တံတားကျေးရွာ အမှတ်၃ရပ်ကွက်၊ မီးရထားမိုင်တိုင်အမှတ် (၁၅၆/၁၀)နှင့် (၁၅၆/၁၁)ကြားတွင် ပေါင်မြို့ တွင်နေထိုင်သော ဦးစိုးမြင့် ၄၈ နှစ်၊မှာ ဦးခေါင်းကြေမွဒဏ်ရာ၊ ၀ဲ/ယာခြေထောက်ပြတ်ဒဏ်ရာ၊ မှောက်လျှက်အနေအထားဖြင့် သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကဆိုသည်။
ရထားတိုက်သေဆုံးသူ၏ အမျိုးသမီးဖြစ်သူ၏ ပြောပြချက်အရ အရက်သေစားသောက်စားပြိးထွက်သွားရာမှ ယခုလို ရထားလမ်းပေါ်သေဆုံးခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။

 "သူညက အိမ်မှာ အရက်သောက်ပြီး မနက်၁နာရီလောက်ကျတော့ လယ်တဲသွားမယ်လို့ ပြောပြီးထွက်သွားတာ"ဟု ၄င်းက ပြောသည်။
ရန်ကုန်-မော်လမြိုင် အမြန်ရထားအမှတ်(၁၇၅)အဆန် ရထားသည် စက်တင်ဘာ၉ရက် နံနက် ၂နာရီခွဲအချိန်ခန့်တွင် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအရောက်၌ ရထားလမ်းပေါ်တွင် အိပ်နေသော ဦးစိုးမြှင့်အား ၀င်ရောက်တိုက်မိခဲ့သည်ကို ဦးခင်ညွှန် ဆိုသူမှ တွေ့ရှိသဖြင့် သက်ဆိုင်ရာမိသားစုများနှင့် ဌာနဆိုင်ရာများသို့အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

  ရထားတိုက်သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန်အတွက် ပေါင်မြို့မရဲစခန်းမှ သေမှုသေခင်းနှစ်စဉ်အမှတ် (၄၆/၂၀၁၇)ဖြင့် အမှုဖွင့်ထားသည်။

ဟံသာနွန်

No comments:

Post a Comment