Latest News

Tuesday, September 5, 2017

လေတပ် ဂျက်လေယာဉ် တစ်စီး ပျောက်ဆုံး

လေတပ် ဂျက်လေယာဉ် တစ်စီး ပျောက်ဆုံး

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် တစ်စီး ခရီးဝေးပျံသန်းလေ့ကျင့်နေစဉ် ဌာနချုပ်နှင့်အဆက်သွယ်ပြတ်ကာပျောက်ဆုံးသွားကြောင်း တပ်မတော်ကသတင်းထုတ်ပြန်လိုက်သည်။
အဆိုပါပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးမှဦးစီးပထမတန်း အရာရှိ ဒုရဲမှူးကြီးခင်မောင်လတ်ကတိုင်းဧရာကို ပြောသည်။

"ဂျက်လေယာဉ်ကပျက်ကျသွားတာပါ လက်ရှိတော့ရှာလို့မတွေ့သေးပါဘူး ရခိုင်ပြည်နယ်ဂွမြို့နယ်နဲ့ မကျီးဇင် ဘောမိ ချိတ်လပ် စတဲ့ ဧရာဝတီနယ်စပ် ကြားဒေသမှပျက်ကျသွားတာလို့ယူစရလို့ နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးချထားတဲ့ တပ်မတော်တို့ပူးပေါင်းရှာဖွေနေပါတယ်ဟု"၄င်းကပြောသည်။

ယနေ့နံနက်ပိုင်းက ဂျက်လေယာဉ်သုံးစီးသည် ပုသိမ်လေဆိပ်မှ စတင်ပျံသန်းလေ့ကျင့်ခဲ့ကြပြီး ၎င်း G-4 ဂျက်လေယာဉ် ၃ စီးအနက် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ် တစ်စီးသည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးခဲ့ ခြင်းဖြစ်သည်ဟုတပ်မတော်က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Writer  ထက်ဝဠာမင်း
Photo  - Airforce Monthly
ပျောက်ဆုံးနေသည့်လေယာဉ်နှင့်ပုံစံတူလေယာဉ်တစ်စင်းအားတွေ့မြင်ရစဉ်

No comments:

Post a Comment